သာယာသောတစ်နေ့ ..
သူက
အပယ်ရတနာ လိုဏ်ဂူဘုရား၏ တောင်ဘက်စင်္ကြန်နံရံရှိ ရုပ်ပုံများအကြောင်း၊
ထိုရုပ်ပုံများနှင့်အတူ ရေးခြယ်ထားသော ကြာပန်း၊ ကြာဖူး၊ ကြာရိုး၊
ကြာရွက်များအကြောင်းကို ပြောပြနေသည်။ကျွန်တော်က နားထောင်သည့်အလှည့်ချည်း
ယူထားသည်။
သူက စာအုပ်ထူကြီးတစ်အုပ်ကိုဖွင့်၍ ဆံချီထူပါ၏ အရှေ့ ဘက်တုရိုဏ်တိုင်ထိပ်ရှိ ကြာပွင့်တစ်ပွင့်၏
ပုံကိုပြကာ ထိုကြာပွင့်၏နောက်၌ ရှိသော အနက်အဓိပ္ပါယ်များကို ရှည်လျားစွာ ပြောသည်။ ကြာနှင့်ဆက်စပ်နေသည့်
ကနုတ်အကြောင်းကိုလည်း ရှင်းသည်။
ကနုတ်အကြောင်းကိုလည်း ရှင်းသည်။
ကနုတ်သည် ကုမုဒဟူသော စကားမှ ဆင်းသက်လာခဲ့ဟန်ရှိကြောင်း၊ ကုမုဒမှ ကမုဒ၊ ကမုဒမှ ကနုဒ၊ ကနုဒမှ ကနုတ်ဖြစ်လာရကြောင်း
သူကရှင်းပြသည်။ ကနုတ်နှင့်ပတ်သတ်၍ ကူးယူရေးမှတ်ထားသော စာရွက်တစ်ရွက်ကို ဖိုင်ထဲမှထုတ်ယူကာ
ကျွန်တော်ဖတ်လိုက ဖတ်ရန် သူက လှမ်းပေးပါသည်။ ကူးယူထားသော ကနုတ်အကြောင်း ဖွင့်ဆိုချက်က
မျက်စိဖြင့် ကနုတ်မျိုးစုံကို မြင်လာရသကဲ့သို့  နှစ်သက်ဖွယ်ရှိလာသည်။
ကျွန်တော်ဖတ်လိုက ဖတ်ရန် သူက လှမ်းပေးပါသည်။ ကူးယူထားသော ကနုတ်အကြောင်း ဖွင့်ဆိုချက်က
မျက်စိဖြင့် ကနုတ်မျိုးစုံကို မြင်လာရသကဲ့သို့  နှစ်သက်ဖွယ်ရှိလာသည်။
ကြာခွေ၊ ကြာလိပ်၊ ကြာရိုး၊ ကြာစွယ်၊ ကြာရွက်၊ ကြာပွင့်ချပ်၊ ကြာဝတ်ဆံတို့ ကို ကွေး၍ကော့၍၊ ခွေ၍လိပ်၍၊
ကောက်၍လိမ်၍၊ ယိမ်း၍ယိုင်၍၊ ချီ၍ချ၍၊ တက်၍ဆင်း၍
နှစ်သက်စဖွယ် အဆန်းတကြယ် ပုံဆက်ထုထွင်းခြင်း၊ ပုံသွင်း ရေးခြယ်ခြင်း သဘောကို
ကနုတ်ဟု ကောက်ယူနိုင်သော ဟူ၏။
နှစ်သက်စဖွယ် အဆန်းတကြယ် ပုံဆက်ထုထွင်းခြင်း၊ ပုံသွင်း ရေးခြယ်ခြင်း သဘောကို
ကနုတ်ဟု ကောက်ယူနိုင်သော ဟူ၏။
မြန်မာနိုင်ငံသို့ အိန္ဒိယယဉ်ကျေးမှုအနုပညာတို့ ဝင်ရောက်လာသော အခါ ကြာနှင့်ပတ်သတ်သောရေးခြယ်ထုလုပ် ခြင်းများ
ရှိလာခဲ့သည်။ သို့ ရာတွင် မြန်မာတို့ သည် ကြာကို အိန္ဒိယတိုင်းသားတို့ ၏ မူအတိုင်း ရေးခြယ်ထုလုပ်ခြင်းနောက်သို
့ အစဉ်တစိုက် တသဝေမတိမ်း မလိုက်ခဲ့ကြဟု သူကဆိုပါသည်။
့ အစဉ်တစိုက် တသဝေမတိမ်း မလိုက်ခဲ့ကြဟု သူကဆိုပါသည်။
မြန်မာတို
့သည် ကြာကို အိန္ဒိယမူနှင့်မတူသော ရေးခြယ်ထုလုပ်မှုများ ပြုလုပ်လာရုံမျှမက
ကြာကို အိန္ဒိယတိုင်းသားတို့  ဖွင့်ဆိုသော အနက်အဓိပ္ပါယ်များနှင့်မတူသော
အခြားအဓိပ္ပါယ်အသစ်တို့ ကိုလည်း ဖွင့်ဆိုခဲ့ကြသည်။အဓိပ္ပါယ်ဖွင့် ဆိုမှု
အသစ်ဖြင့် ကြာကို စေတီတော်တို့ ၏ မြင့်မြတ်သော နေရာများ၌
ကြာမှောက်၊ကြာလှန်များအဖြင့် မြန်မာတို့ က နေရာသစ်များလည်း ပေးခဲ့ကြသည်။ အထက်ပါအချက်တို
့ကိုထောက်၍ မြန်မာတို့ သည် မိမိတို့ ထံ ရောက်လာသော ရေခြားမြေခြားမှ
ယဉ်ကျေးမှု အနုပညာတို့ ကို မပြုမပြင် မဆင်ခြင်ပဲ လက်ခံတတ်သော လူမျိုးမဟုတ်ဟု
သူကကောက်ချက်ချသည်။
မိမိတို့ ထံ ရောက်လာသော ဘာသာအယူဝါဒ၊ အတွေးအမြင်တို့ ကိုလည်း မြန်မာတို့ က အလွယ်တကူ လက်ခံလေ့မရှိ။
ဝေဖန်စိစစ်၍ လက်ခံသင့်သည်တို့ ကို လက်ခံသည်။ ပစ်ပယ်သင့်သည်ကို ပစ်ပယ်တတ်သော လူမျိုးဖြစ်သည်။
ဗြာဟ္မဏ ဟိန္ဒူ အယူဝါဒများ၊ တန္တရအယူဝါဒများ၊ ထေရ၀ါဒနှင့်မဟာယာန အယူဝါဒများသည် မြန်မာတို
့ထံ ရောက်လာခဲ့ကြသည်။ ထိုသို့ ရောက်လာသော အယူဝါဒ အတွေးအမြင်တို့ အနက်မှ ထေရ၀ါဒကို မြန်မာတို့ ရွေးချယ် လက်ခံခဲ့ကြခြင်းကို ထောက်၍ မြန်မာတို့ သည် အကြောင်းအကျိုးနှင့်စစ်မှန်သော တန်ဘိုးကို ဝေဖန်စိစစ်ခွဲခြား စိတ်ဖြာ ရှုမြင်
တတ်သော စရိုက်လက္ခဏာ( သို့ မဟုတ် ) တွေးခေါ်ပုံတွေးခေါ်နည်းရှိသည်မှာ
ထင်ရှားသည်။ သူကဆက်၍ ...
“မြန်မာတို
့၏ ဝေဖန်ဝေဖန်စိစစ်ရှုမြင်တတ်သော စရိုက်လက္ခဏာကြောင့် ထေရ၀ါဒကိုမြန်မာတို့ 
နှစ်သက် လက်ခံကြခြင်း ဖြစ်မည်။ ထေရ၀ါဒကတဖန်ဝေဖန်စိစစ်တတ်သော
တွေးခေါ်ပုံတွေးခေါ်နည်းရှိအောင် မြန်မာတို့ က အထောက်အကူပြုလျက်ရှိပြန်သည်...
ဤအချက်သည် အောက်ပါ ထေရ၀ါဒ စာပေမှ ဥပမာတစ်ခုဖြင့် သိသာပါသည်” ဟု ဆိုသည်။မိမိတို့ ထံ ရောက်လာသော ဘာသာအယူဝါဒ၊ အတွေးအမြင်တို့ ကိုလည်း မြန်မာတို့ က အလွယ်တကူ လက်ခံလေ့မရှိ။
ဝေဖန်စိစစ်၍ လက်ခံသင့်သည်တို့ ကို လက်ခံသည်။ ပစ်ပယ်သင့်သည်ကို ပစ်ပယ်တတ်သော လူမျိုးဖြစ်သည်။
ဗြာဟ္မဏ ဟိန္ဒူ အယူဝါဒများ၊ တန္တရအယူဝါဒများ၊ ထေရ၀ါဒနှင့်မဟာယာန အယူဝါဒများသည် မြန်မာတို
့ထံ ရောက်လာခဲ့ကြသည်။ ထိုသို့ ရောက်လာသော အယူဝါဒ အတွေးအမြင်တို့ အနက်မှ ထေရ၀ါဒကို မြန်မာတို့ ရွေးချယ် လက်ခံခဲ့ကြခြင်းကို ထောက်၍ မြန်မာတို့ သည် အကြောင်းအကျိုးနှင့်စစ်မှန်သော
အခါတစ်ပါး၌
လူနှစ်ယောက်လမ်းသွားရင်း လျှော်ပုံနှစ်ပုံကို တွေ့ ကြသည်။နှစ်ဦးစလုံး
လျှော်ပုံကို အိမ်သို့ သယ်ယူလာကြသည်။ လမ်း၌ ထိုသူနှစ်ဦးသည်
လဲပုံနှစ်ပုံကိုတွေ့ ကြပြန်သည်။ ထိုအခါတစ်ယောက်က လျှော်တို့ ကို စွန်
့ပစ်ပြီး လဲကိုသယ်ယူသည်။ အခြားတစ်ယောက်ကမူ “ဤနေရာထိ လျှော်တွေကိုတကူးတကသယ်ယူလာပြီြး ပီ.၊ ယခုမှတော့ လဲပြောင်းပြီး မယူတော့…” ဟုဆိုကာ လျှော်ကိုပင်ဆက်လက်သယ်ယူသည်။ မကြာမီ ထိုသူနှစ်ဦးသည် သိုးမွှေးပုံ နှစ်ပုံကိုတွေ့ ကြပြန်သည်။ လျှော်ကိုစွန်
့ပစ်၍ လဲကိုယူခဲ့သူက လဲကိုစွန့် ပစ်ပြီး သိုးမွှေးကို သယ်ယူသည်။ လျှော်ကို မစွန့် နိုင်သူက“ဤနေရာထိ လျှော်ကို တပင်တပန်းယူလာခဲ့ပြီးဖြစ်၍မစွန့် ပစ်တော့ပါ..” ဟုဆိုကာ သိုးမွှေးကိုမယူပဲလျှော်ကိုသာ အိမ်အထိ သယ်ယူသွားလေသည်။
့ပစ်၍ လဲကိုယူခဲ့သူက လဲကိုစွန့် ပစ်ပြီး သိုးမွှေးကို သယ်ယူသည်။ လျှော်ကို မစွန့် နိုင်သူက“ဤနေရာထိ လျှော်ကို တပင်တပန်းယူလာခဲ့ပြီးဖြစ်၍မစွန့် ပစ်တော့ပါ..” ဟုဆိုကာ သိုးမွှေးကိုမယူပဲလျှော်ကိုသာ အိမ်အထိ သယ်ယူသွားလေသည်။
လွဲမှားသော
အယူဒါဒ သဘောတရားများ၌လည်း မြန်မာတို့ သည် ကပ်ငြိခြင်းမရှိခဲ့ကြ..။
မြန်မာတို့ ရယူထားသော ထေရ၀ါဒကလည်း အစွန်းတရားများကို ကပ်ငြိတတ်သော
အမြင်မျိုး မြန်မာတို့ ၌မရှိစေရန်အထောက်အကူပြုခဲ့သည် ဟု မှတ်ချက်ချသည်။ ထို
့နောက်သူကဆိုပါသည်..။
“နုံးညွန်နဲ
့ ရေထဲကထွက်လာတဲ့ကြာဟာ နုံးညွန်တွေ ရေနောက်တွေနဲ့  မရောမယှက်ပဲ လေထဲမှာ
တလှတပ ပွင့်သလိုပဲ၊ မြန်မာတွေထဲမှာ ပွင့်တဲ့ အတွေးအမြင်ကြာဟာလည်း အလွဲအမှား
အယူဝါဒတွေ၊ အစွန်းတရားတွေနဲ့ မထိမငြိ၊ မရောမယှက်ပဲ
တင့်တင့်တယ်တယ် ရှိနေခဲ့တယ်..၊နောင်ကိုလည်း တင့်တင့်တယ်တယ် ပွင့်နေစေချင်တယ်ပေါ့ဗျာ..”
တင့်တင့်တယ်တယ် ရှိနေခဲ့တယ်..၊နောင်ကိုလည်း တင့်တင့်တယ်တယ် ပွင့်နေစေချင်တယ်ပေါ့ဗျာ..”
သူက သူ့ စကားကို အဆုံးသတ်သည့်အနေဖြင့် အဝေးဆီသို့ လှမ်းမြော်ကြည့်နေသည်..။
ကျွန်တော်က သူပြောသည့် ကြာပွင့်ဆီသို့ … မျှော်ငေးနေမိပါသည်..။
နန္ဒာသိန်းဇံ
ပေးပို့လာသူ ကိုညီညီအောင်အားကျေးဇူးတင်ပါတယ်။
0 comments:
Post a Comment