Friday, February 18, 2011

မြန်မာ

အီဂျစ်နဲ့ တူနီးရှား နိုင်ငံတွေမှာ အာဏာရှင် အစိုးရတွေကို ဖယ်ရှားနိုင်ခဲ့တဲ့ ဆန္ဒပြပွဲတွေရဲ့ နောက်ဆက်တွဲ ဂယက်အဖြစ် ပေါ်ပေါက်လာတဲ့ ရန်ကုန်မြို့ ကမ္ဘာအေးလမ်းရှိ ဇွဲစုံဘုရား ဘုန်းကြီးကျောင်း မုဒ်ဝရှေ့နားမှာ ဒီနေ့မနက် ၆ နာရီလောက်က လူငယ်တချို့ ပိုစတာတွေကို နံရံပေါ်မှာ ကပ်တာတွေ ပြုလုပ်ခဲ့ပြီး တချို့ကိုတော့ သစ်ပင်ပေါ်မှာ ကပ်ထားခဲ့ကြ ပါတယ်။ တချို့က ကမ္ဘာအေးဘုရားလမ်း တလျှောက်မှာ ဖြန့်ကြဲချထားခဲ့ ကြပါတယ်။ အခုလို စာရွက်စာတမ်း တွေကို ဖြန့်ဝေနေတဲ့ လူငယ် တွေကို တွေ့ကြရတဲ့ သူတွေက စာရွက် စာတမ်းတွေကို တောင်းယူခဲ့ကြတယ်လို့  စာရွက်ဖြန့် ဝေတဲ့ လူငယ်တဦးက ပြောပြပါတယ်။

 မနက်အစောကြီး အငှားကားတွေနဲ့သွားကြတဲ့ ခရီးသည် တွေကလည်း ကားတွေရပ်ပြီး တောင်းယူသွားကြရင်း သူ တို့ရဲ့မြို့ တွေကို ရောက်သွားလို့ရှိရင် မြို့နေလူထုတွေကို သက်သေအထောက်အထားနဲ့ ပြသပေးမယ်လို့ ပြောဆို သွားကြပါတယ်လို့ သိရပါတယ်။

ဒီကနေ့  သိန်းစိန်အလိုမရှိ ကမ်ပိမ်းကို ပြုလုပ်ကြတဲ့ သူတွေ ထဲမှာ လူငယ်တွေအပြင် အကျဉ်းကျရာမှ လွတ် မြောက် ခဲ့ကြ တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေလဲ ပါဝင်ကြတယ်လို့ သိရပါတယ်။

သိန်းစိန်အစိုးရ အလိုမရှိ။ ကြားဖြတ်အစိုးရ ချက်ချင်းဖွဲ့ဖို့  တောင်းဆိုတဲ့  ပိုစတာကမ်ပိမ်းကို နိုင်ငံအနှံ့ လှုပ်ရှား သွား မယ်လို့ ကြေညာထားပါတယ်။ သိန်းစိန်အစိုးရကို ဒီနေ့ မပြုတ်ကျရင် မနက်ဖြန် ပြုတ်ကျရမယ်။ မနက် ဖြန်မပြုတ် ကျရင် သဘက်ခါ ပြုတ်ကျရမယ်ဆိုတဲ့ လှုပ်ရှားမှုနဲ့  ဆက် တိုက်အရှိန်အဟုန်ပြင်းပြင်းနဲ့  ဆောင်ရွက် သွား မယ်လို့ ကမ်ပိမ်းမှာ ပါဝင်တဲ့ လူငယ်တဦးက ပြောပြပါတယ်။ အခု လို လှုပ်ရှားမှုတွေဟာ တောင်ဒဂုံ၊ သင်္ဃန်းကျွန်းနဲ့ ပုဇွန် တောင် လိပ်ကန်ပန်း ခြံအနီးမှာလည်း လှုပ်ရှားခဲ့ကြတယ်လို့ သိရပါတယ်။

အီဂျစ် သမတ မူဘာရက် နိုင်ငံက ထွက်ပြေးခဲ့ရပြီးနောက် သန်းရွှေတို့ နအဖစစ်အုပ်စုကို ချက်ချင်း မြန်မာနိုင်ငံက ထွက် ပြေးရအောင် အမြန်ဆုံး ပြုလုပ်တာဖြစ်တယ်လို့လဲ အဲဒီလူငယ်က ပြောဆိုပါတယ်။ အထူးသဖြင့် သိန်းစိန်အစိုးရကို ပြုတ် ကျသွားဖိုနဲ့ အဓိက ဒီမိုကရေစီအစိုးရတရပ်ကို အမြန်ဆုံးအကောင် အထည်ဖေါ်ဆောင်သွားဖို့ကို ကမ်ပိမ်းမှာဦးဆောင် တဲ့ လူငယ်တွေက စီစဉ်ဆောင်ရွက် လှုပ်ရှားသွား မယ်လို့ ပြောပြပါတယ်။

၂၀၁၁ ဖေဖော်ဝါရီလ ၄ ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက ကြံ့ဖွံ့ပါတီ ဥက္ကဋ္ဌ၊ စစ်အစိုးရ ၀န်ကြီးချုပ် ဟောင်း ဦးသိန်းစိန်အား နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တာဖြစ်ပါတယ်။

လစ်ဗျား အီရန်နှင့် ယီမင်နိုင်ငံ

အီဂျစ်နဲ့ တူနီးရှား နိုင်ငံတွေမှာ အာဏာရှင် အစိုးရတွေကို ဖယ်ရှားနိုင်ခဲ့တဲ့ ဆန္ဒပြပွဲတွေရဲ့ နောက်ဆက်တွဲ ဂယက်အဖြစ် ပေါ်ပေါက်လာတဲ့ လစ်ဗျားနိုင်ငံက အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း ဒီကနေ့မှာတော့ ရဲတွေနဲ့ ဆန္ဒပြသူတွေ အဓိကရုဏ်း ဖြစ်ပွားခဲ့ပါတယ်။

အတိုက်အခံ တက်ကြွလှုပ်ရှားသူတွေက အင်တာနက် လူမှုကွန်ယက်တွေပေါ်ကနေ တိုင်းပြည်မှာ နှစ်ပေါင်း များစွာ အုပ်ချုပ်လာတဲ့ လစ်ဗျားခေါင်းဆောင် မွမ်မာ ကဒါဖီ (Mommar Gadhafi) ကို ဆန့်ကျင်ကြဖို့ လှုံ့ဆော် ခဲ့ကြပြီးတဲ့နောက် ဒုတိယ အကြီးဆုံးမြို့ဖြစ်တဲ့ ဘန်ဂါဇီ (Benghazi) မှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့တာပါ။

လူစုခွဲဖို့ ကြိုးပမ်းတဲ့ ရဲတွေကို ဆန္ဒပြသူတွေက ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြတယ်လို့လည်း ဒေသခံ သတင်းတွေက ဖော်ပြပါတယ်။

ပဋိပက္ခတွေအတွင်း လူပေါင်း ၃၈ ယောက် ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြောင်းလည်း ဆေးရုံတာဝန်ရှိသူတွေက ပြောဆိုခဲ့ကြတာပါ။

လစ်ဗျားအစိုးရပိုင် သတင်းဌာနကတော့ ဆန္ဒပြပွဲတွေကို အလေးထား ဖော်ပြတာမျိုး မရှိဘဲ နောက်ပိုင်းမှာ အစိုးရထောက်ခံသူတွေကလည်း ဘန်ဂါဇီမြို့၊ ထရီပိုလီမြို့တော်နဲ့ တခြားမြို့ အတော်များများမှာ လူထုစုဝေး ပွဲတွေ လုပ်နေတယ်လို့သာ ကြေညာခဲ့ပါတယ်။


ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အီရန်နဲ့ ယီမင်နိုင်ငံများမှာလည်း အလားတူ ဆန္ဒပြပွဲတွေဖြစ်ခဲ့ပါတယ်။ပြီးခဲ့တဲ့လပိုင်း အတွင်းမှာလည်း တူနီးရှား - အီဂျစ်မှာ သမ္မတတွေကို လူထုဆန္ဒပြမှုတွေကနေ ဖြုတ်ချခဲ့ပါတယ်

ဘာရိမ်း

ဘာရိမ်းနိုင်ငံ မာနားမားမြို့တော်မှာ အစိုးရဆန့်ကျင်ရေး လူထုဆန္ဒပြပွဲ တတိယနေ့ ဆက်လက် ဆင်နွှဲနေပါ တယ်။

တနေ့က လုံထိန်းရဲရဲ့ လက်ချက်နဲ့ ဒုတိယမြောက် သေဆုံးခဲ့ရသူ ဆန္ဒပြသူရဲ့ အသုဘကို ပို့ဆောင်ရင်း ထောင်သောင်းချီတဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲ ချီတက်ခဲ့ကြတာ ဖြစ်ပါတယ်။

မနေ့က မာနားမားမြို့လယ်က ပုလဲရင်ပြင်မှာ ရှီးယိုက်လှုပ်ရှားသူ အများစု ပါဝင်တဲ့ ဆန္ဒပြသူ ၂,၀၀၀ ကျော် ယာယီတဲတွေထိုးပြီး စခန်းချခဲ့ကြပါတယ်။ ကိုင်ရိုမြို့က တဟီရာရင်ပြင်ကို ပုံရိပ်ထင်စေတယ်လို့ ဆန္ဒပြ သူတွေက ပြောပါတယ်။ သူတို့ရဲ့ တောင်းဆိုချက်တွေကို မလိုက်လျောမချင်း အဲဒီရင်ပြင်ကနေ မစွန့်ခွာ ဘူးလို့လည်း ပြောကြပါတယ်။

တချို့က ဘာရိမ်းနိုင်ငံကို အုပ်ချုပ်နေတဲ့ ဆွန်နီလူနည်းစု ဘုရင်စနစ် ဖျက်သိမ်းပေးရေး တောင်းဆိုနေကြသလို တချို့ကလည်း ဘာရိမ်းဝန်ကြီးချုပ် ရှိတ်ခ် ခါလီဖာ ဘင် ဆယ်လ်မန် အလီ ခါလီဖာ (Sheik Khalifa bin Salman Al Khalifa) ချက်ချင်း ထွက်ပေးရေး တောင်းဆိုနေကြတာပါ။

ဘာရိမ်းဘုရင် မိသားစု အနေနဲ့ အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးပြီး ခွဲခြား ဆက်ဆံ ခံနေရတဲ့ လူများစု ရှီးယိုက်တွေကို အခွင့်အလမ်းတွေ ဖွင့်ပေးစေလိုကြောင်း တောင်းဆို နေကြတာ ဖြစ်ပါတယ်။

News-.naytthit-VOA

0 comments:

Post a Comment