Wednesday, February 9, 2011

နိုင်ငံရေး အကြပ်အတည်းများ၊ လက်နက်ကိုင်တပ်မတော် ပြီင်္းတော့ နိုင်ငံရေးအင်အားစု


ဦးဝင်းတင်နဲ့ မေးခွန်းများ ၊မိုးမခ၊ ဖေဖော်ဝါရီ ၈၊ ၂၀၁၀
 ပထမဦးဆုံးကတော့ ဆရာရေ … အင်န်အယ်ဒီရဲ့ တရားဝင်ပါတီဖြစ်တည်မှုကို စစ်အစိုးရတရားရုံးက အယူခံခွင့် ပယ်ချလိုက်တယ်။ လွန်ခဲ့တဲ့ အပတ်က ထိုင်းနိုင်ငံက အစိုးရအဖွဲ့ဝင်တွေက မြန်မာပြည်နဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုကြပြန်တာကလည်း လက်ရှိ ရွေးကောက်ပွဲကော်မရှင်မှာပဲ မှတ်ပုံတင်ပါလို့ တိုက်တွန်းတာတွေ ပြောလာတယ်။ အဲဒါလေးကို နည်းနည်းလောက် ပြောလို့ရမလားခင်ဗျာ။
 ဟုတ်ကဲ့ပါ။ ကျနော်တို့က အင်န်အယ်ဒီင်္ပါတီက ၁၉၉၀ ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ခဲ့ပြီးတဲ့ နိုင်ငံရေးပါတီတခုဖြစ်တယ်။ ကျနော်တို့နဲ့အတူ မှတ်ပုံတင်ခဲ့ကြတဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေလည်း ရှိခဲ့တယ်။ အခု ၂၀၁၀ ရွေးကောက်ပွဲကော်မရှင်မှာ ထပ်ပြီး မှတ်ပုံတင်စရာ မလိုဘူးလို့ ကျနော်တို့က ဆုံးဖြတ်ပြီး ရပ်တည် ခဲ့ပြီးပြီ။  ဒါကို တရားရုံးက အယူခံခွင့်ကို ပယ်ချလိုက်ပြီးတော့ တဖက်ကနေပြီး ၂၀၁၀ ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ခိုင်းနေတာကို ကျနော်တို့က လက်မခံနိုင်ဘူး။ မြန်မာပြည်တွင်းမှာ ဥပဒေနည်းလမ်းတွေရှိနေသမျှနဲ့ ကျနော်တို့က ဒီတရားဝင်ရပ်တည်မှုအရေးကို ဆက်လက် ရင်ဆိုင်သွားမှာပဲ။ အခုလိုအခြေအနေမှာ ဒီထက်ပိုပြီး လုပ်ကြရမှာကတော့ နိုင်ငံတကာကဥပဒေ တရားရုံး၊ ခုံရုံးများမှာ လျောက်ထား တင်ပြပြီးတော့ ဆက်လက် ဆောင်ရွက်သွားမှာပဲ ဖြစ်တယ် ဆိုတာကို ပြောချင်ပါတယ်။
အခုအချိန်မှာ စစ်အစိုးရက သူတို့စစ်အာဏာရှင်အလိုကျ နိုင်ငံရေးအင်အားစုတရပ်ကို အင်န်အယ်ဒီပါတီ၊ စီအာရ်ပီပီမဟာမိတ် အင်အားစုတွေကို တန်ပြန် စိန်ခေါ်နိုင်ဖို့ မွေးယူဖန်တီးပြီးတော့ ၂၀၁၁ လွှတ်တော် ၃ ရပ်ကို ခေါ်ယူလိုက်ပြီ။ အဲသည်မှာ သူတို့စိတ်တိုင်းကျ စစ်သားတွေ၊ စစ်တပ်ပါတီ ကြံ့ဖွံ့တွေနဲ့ နိုင်ငံရေးပါတီ ဆိုသူတွေကို ပွဲထုတ်လာတာကို တွေ့နေရပြီ ဆရာရယ်။ ဆရာတို့က သည်လွှတ်တော်တွေ၊ ပေါ်လာမယ့် အစိုးရတွေကို လက်ခံမှာလား။
          ကျနော်တို့တတွေက စစ်အစိုးရ တဖက်သတ် အတည်ပြုခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေကို လက်မခံခဲ့ဘူး။ အဲသည် ၂၀၀၈ အခြေခံဥပဒေကို အသက်သွင်းမယ့် ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ကျနော်တို့က ၀င်ရောက်ခြင်း မပြုခဲ့ဘူး။ အခု ရွေးကောက်ပွဲက ပေါ်ထွန်းလာတဲ့ လွှတ်တော်ဆိုတာကလည်း မြန်မာပြည်ရဲ့ ဒီမိုကရေစီနဲ့ လူု့အခွင့်အရေးကို ဖော်ဆောင်နိုင်ခြင်း၊ အာမခံခြင်း မရှိတဲ့အတွက် ကျနော်တို့က လက်မခံနိုင်ဘူးလို့ ပြောနိုင်ပါတယ်။ အခုလည်းပဲ အားလုံးမျက်မြင်ပဲ အခုကျင်းပနေတဲ့ လွှတ်တော်မှာ အတားအဆီး အကန့်အသတ် ပိတ်ပင်ထားတာတွေ၊ လွတ်လပ်ပွင့်လင်းမှု မရှိတာတွေကို မြင်တွေ့နေကြရပြီ ဖြစ်တယ်။

ဟုတ်ကဲ့ပါဆရာ။ အခုလိုမျိုး စစ်အာဏာရှင်တွေက သူတို့ရဲ့ လွှတ်တော်တွေကို ထူထောင်ခေါ်ယူထားတဲ့အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ ပြည်ပက အာဏာရှင်နိုင်ငံတခုဖြစ်တဲ့ အီဂျစ်မှာ အထွေထွေအကြပ်အတည်းကို သီးမခံနိုင်တော့တဲ့ လူငယ်မျိုးဆက်သစ်တွေ၊ ပြည်သူလူထုတွေဟာ လူထုအုံကြွမှုကြီးတခုနဲ့ လက်ရှိအစိုးရကို သပိတ်မှောက် ကန့်ကွက်မှုတွေ ပြုလုပ်နေကြတယ်။ အာဏာရှင် မူဘာရက်ကိုယ်တိုင်ကလည်း လက်နက်ကိုင်စစ်တပ်ကို အသုံးချပြီး အကြမ်းဖက်သတ်ဖြတ် ဖြေရှင်းတာတွေ မလုပ်နိုင်ဘူး။ သူကိုယ်တိုင်က လူထုကို အလျော့ပေး စေ့စပ်မှုတွေ လုပ်နေရတယ်။ အဲသည် နိုင်ငံတကာက စောင့်ကြည့်နေရတဲ့ အီဂျစ်ပြည် လူထုအုံကြွမှု အရေးအခင်းနဲ့ ပတ်သက်ပြီး ဘာများ ပြောချင်ပါသလဲ ဆရာ။
          ကမ္ဘာတ၀ှမ်းလုံးမှာ ကြည့်လိုက်လို့ရှိရင် နိုင်ငံတွေမှာ စီးပွားရေး အကြပ်အတည်းတွေ ဆိုက်နေတယ်။ ဒါကြောင့် လူထုဟာ လက်ရှိအစိုးရတွေကို ကန့်ကွက်ဆန္ဒပြလာကြတယ်။ သူတို့ဟာ စားဝတ်နေရေးကြပ်တည်းတာတွေ၊ အထွေထွေကုန်ဈေးနှုန်းမြင့်မားတာတွေကို ဆက်ပြီး သီးမခံနိုင်တော့ဘူး။ ဒါတွေကို အီဂျစ်တို့ တူနီးရှားတို့ စတဲ့ နိုင်ငံတွေမှာ မြင်တွေ့နေရပြီ ဖြစ်တယ်။ ဒါဟာ ကမ္ဘာတ၀ှမ်းလုံးနဲ့ သက်ဆိုင်တာ ဖြစ်တဲ့အတွက် အားလုံးကို ဂယက်ရိုက်တတ်တယ်။ အခြားနိုင်ငံတွေမှာလည်း ကူးစက်ပြန့်နှံ့မှုတွေ ဖြစ်လာနိုင်တယ်။ ဒါကြောင့် အစိုးရတွေကော၊ လူ့အဖွဲ့အစည်းတွေ အားလုံးက သင်ခန်းစာယူပြီး ပြင်ဆင်ကြမှ ဖြစ်မယ်။ ရင်ဆိုင်ကြမှ ဖြစ်မယ် ဆိုတာကို ပြောချင်တယ်။
          မြန်မာပြည်မှာဆိုရင်တော့ အဓမ္မမှုတွေ၊ အကျင့်ပျက် ခြစားမှုတွေ၊ မတရားမှုတွေ အများအပြား ဖြစ်ပွားနေတဲ့အတွက် လူထုရဲ့ မကျေနပ်မှုကနေ အုံကြွမှုတွေဆိုတာ အချိန်မရွေး ထပြီး ဖြစ်ပွားနိုင်တဲ့ အခြေအနေ ရှိနေတယ်။

ဟုတ်ကဲ့။ အဲသည်လို လူထုအုံကြွမှု ပေါ်ပေါက်လာတဲ့အခါ အီဂျစ်ပြည်မှာဆိုရင် နိုင်ငံရေးအုံကြွမှုပြသနာတွေကို ဖြေရှင်းဖို့၊ ထိန်းသိမ်းဖို့ တာဝန်ယူ ဖြေရှင်းပေးနိုင်တဲ့၊ တွေ့ဆုံဆွေးနွေး အဖြေရှာပေးနိုင်တဲ့ နိုင်ငံရေး အင်အားစုတွေ၊ အစုအဖွဲ့တွေ၊ ခေါင်းဆောင်မှုတွေနဲ့ ပတ်သက်ပြီး ခုချိန်အထိ မပေါ်ပေါက်လာသေးဘူးလို့ ပြောနေကြပါတယ် ဆရာ။ အဲသည်မှာ မြန်မာနိုင်ငံလိုမှာ ဆိုရင် အခု ပေါ်ပေါက်လာတဲ့ လွှတ်တော်က ၀င်ရောက် ဖြေရှင်းပေးနိုင်မှာလား။ သို့မဟုတ် လက်နက်ကိုင်ပြီး ဖြေရှင်းမယ့် စစ်အာဏာရှင်တွေ လက်ထဲပဲ ပြန်ရောက် သွားမှာလား။
          ဒီလွှတ်တော်ကို ပြည်သူလူထုက အယုံအကြည်မရှိတဲ့အတွက် သူတို့တတွေက ဦးဆောင် ဖြေရှင်းနိုင်မှာ မဟုတ်ဘူး လို့ ပြောချင်တယ်။ အဲသည်တော့ သူတို့နောက်က ကြိုးကိုင်နေတဲ့ စစ်အာဏာရှင်တွေလက်ထဲကိုပဲ တိုင်းပြည်ရဲ့ ကံကြမ္မာကို ထိုးအပ်ရမယ့် အခြေအနေဖြစ်နေတယ်။
          သို့သော် လွှတ်တော်ပြင်ပရဲ့ နိုင်ငံရေးအင်အားစုတွေက ၀င်ရောက် ထိန်းကွပ်နိုင်တဲ့ အခြေအနေရှိသလားလို့ မေးမယ် ဆိုရင်လည်း စစ်အာဏာရှင်တွေက အတိုက်အခံနိုင်ငံရေးအင်အားစုတွေ၊ ပါတီတွေ၊ ခေါင်းဆောင်ပုဂ္ဂိုလ်တွေကို တောက်လျောက် ဖိနှိပ် နှိမ်နှင်းထားတဲ့အတွက် သူတို့ရဲ့ အခမ်းကဏ္ဍရှိဖို့အရေးကလည်း အခုအခြေအနေမျိုးမှာ စိုးရိမ်စရာ ရှိနေတယ်။
အဲသည်တော့ စစ်တပ်ရဲ့ ပါဝင်ပတ်သက်မှု ရပ်တည်မှုဟာ အဲသည်လို အခြေအနေမျိုးမှာ အရေးပါတယ်လို့ ပြောချင်တယ်။

တိုင်းပြည်ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေးအတွက် လက်နက်ကိုင်စစ်တပ်တွေအတွက် အခြေအနေကောင်းတွေက ဘာလို ဖြစ်သလဲ ဆရာ။
ဥပမာအားဖြင့် ၁၉၈၈ ခုနှစ် ပတ်ဝန်းကျင်မှာ အရှေ့တောင်အာရှက အာဏာရှင်နိုင်ငံတွေမှာ လူထုအုံကြွမှုတွေ ဖြစ်ခဲ့ကြတုန်းက ဖိလစ်ပိုင်တို့၊ အင်ဒိုနီးရှားနိုင်ငံတို့မှာ ရှိတဲ့ စစ်တပ်တွေ၊ စစ်ဗိုလ်ချုပ်တွေက နိုင်ငံရဲ့ အပြောင်းအလဲအတွက် ရပ်တည်ခဲ့ကြပုံတွေ၊ ပြည်သူလူထုကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့ကြတာတွေကို ပြန်ကြည့်စေချင်တယ်။ လက်နက်ကိုင်စစ်တပ်ဟာ ဒီမိုကရေစီရေး အပြောင်းအလဲအတွက် တစုံတရာသော ပံ့ပိုးခြင်း၊ ပါဝင်ခြင်းတို့ကြောင့် အခြေအနေကောင်းတွေ ပေါ်ပေါက်ခဲ့တယ်လို့ ပြောချင်ပါတယ်။
အခု အီဂျစ်ပြည်သူလူထုရဲ့ သန်းနဲ့ချီတဲ့ အုံကြွမှုမှာ ဆိုရင် ၁၄ ရက် ကျော်လာပြီ။ အာဏာရပါတီနဲ့ အစိုးရဖက်က အပြောင်းအလဲတွေ လုပ်လာတယ်။ ညှိနှိုင်းမှုတွေ လုပ်လာတယ်။ လူထုကလည်း မကျေနပ်နိုင်သေးဘူး။ တင်းမာနေဆဲပဲ။ နိုင်ငံရေးအရ ရွေးကောက်ပွဲအသစ်လုပ်ဖို့၊ စုံစမ်းစစ်ဆေး အရေးယူဖို့၊ အစိုးရအဖွဲ့ ပြောင်းလဲဖို့၊ နိုင်ငံရေးနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့် ရှိဖို့၊ တွေ့ဆုံဆွေးနွေးဖို့တွေ စေ့စပ်ပြောဆို ကမ်းလှမ်းလာတာတွေ တွေ့ရတယ်။ အဲသည်မှာ လက်နက်ကိုင်စစ်တပ်က လက်ရှိအာဏာရှင်တွေဖက်ကလည်း မလိုက်ဘူး။ ပြည်သူလူထုကိုလည်း အကြမ်းဖက်ပြီး သတ်ဖြတ်နှိမ်နှင်းတာတွေ မလုပ်ဘူး။ ဒါမျိုး ရပ်တည်နေတယ်။ ဒါဟာ အခြေအနေကောင်းတခုလို့ ဆိုချင်တယ်။

မြန်မာပြည်မှာက လက်နက်ကိုင်စစ်တပ်က ဘယ်လမ်းကို ရွေးမှာလဲ ဆရာ။
          ၁၉၈၈ မှာ စစ်တပ်ဟာ အာဏာရှင်တွေ စေခိုင်းသလို လူထုကို အကြမ်းဖက်သတ်ဖြတ်ခဲ့တယ်။ ၂၀၀၇ မှာတုန်းကလည်း စစ်တပ်ဟာ အာဏာရှင်တွေအလိုကျ သံဃာတော်တွေအပါအ၀င် လူငယ်တွေ၊ ပြည်သူတွေကို နှိမ်နှင်းခဲ့တယ်။ သို့သော် ဖိလစ်ပိုင်က စစ်တပ်တွေလို ပြည်သူဖက်က လိုက်မှာလား။ ဒါမှမဟုတ် အီဂျစ်စစ်တပ်လို ကြားနေမှာလား။ ဒါကို တပ်မတော်သားတွေက ရွေးချယ်ကြရတော့မှာဖြစ်တယ်။ အကယ်၍များ မြန်မာပြည်သူလူထုဟာ ဆင်းရဲကြပ်တည်းလွန်းလို့၊ တရားမျှတလွတ်လပ်မှု မရှိလို့ မခံမရပ်နိုင်ဖြစ်ပြီး ဆူပူအုံကြွမှုတွေ မလွှဲမရှောင်သာ ဖြစ်ကြရမယ်ဆိုရင် တပ်မတော်ဟာ လက်ရှိအခြေအနေမှာ အကြမ်းဖက်ဖြေရှင်းမယ်၊ ပစ်ခတ်သတ်ဖြတ်ဦးမယ် ဆိုရင် မြန်မာပြည်ကြီးနဲ့ ပြည်သူလူထုတရပ်လုံးဟာ ဆင်းရဲတွင်း ဘေးဒုက္ခမျိုးစုံကနေ လွတ်မြောက်ခြင်းမရှိဘဲ ဒီထက်ပိုပြီး နစ်သည်ထက် နစ်ကြဦးမယ် ဖြစ်တယ်လို့ ပြောချင်ပါတယ်။
          ပြည်ပက လူုပုဂ္ဂိုလ်တွေ၊ မိတ်ဆွေတွေ၊ အဖွဲ့အစည်းတွေကို ပန်ကြားချင်တာကတော့ နိုင်ငံတကာက တိုင်းပြည်အသီးသီးက လက်နက်ကိုင် တပ်မတော်တွေရဲ့ တိုင်းပြည်ကောင်းကျိုးအတွက် ရပ်တည်မှုတွေ၊ ထိန်းသိမ်းမှုတွေ၊ ဆောင်ရွက်မှုတွေ၊ ငြိမ်းချမ်းရေးဆောင်ရွက်မှုတွေ၊ လူထုအကျိုးအတွက် အကာအကွယ်ပေးတာတွေကို တတ်နိုင်သလောက် ဖော်ထုတ်ပြောဆိုပေးကြပါ။ ဆွေးနွေးပြန်ကြားပေးကြပါလို့ ပြောပေးကြပါလို့ တိုက်တွန်းချင်ပါတယ်။  

ဟုတ်ကဲ့ပါဆရာ။ ဆရာပြောတဲ့သဘောက လက်နက်ကိုင်စစ်တပ်တွေက ပြည်သူလူထုကို ကာကွယ် စောင့်ရှောက်ဖို့ အရေးပါတယ်။ လိုအပ်တယ် လို့ ပြောသွားတယ်။ အဲသည်မှာ တိုင်းပြည်ရဲ့ အကြပ်အတည်းတွေ၊ အခက်အခဲတွေကို အဖြေရှာဖို့ ဆွေးနွေးဖြေရှင်းဖို့ဆိုတာက တိုင်းပြည်ရဲ့ ခေါင်းဆောင်တွေ၊ အတိုက်အခံတွေ၊ နိုင်ငံရေးအင်အားစုတွေနဲ့ သက်ဆိုင်တယ် ဆိုတဲ့ သဘောပေါ့နော်။ အီဂျစ်ပြည်မှာဆိုရင် အာဏာရပါတီတွေ၊ အာဏာရှင်တွေနဲ့ အတိုက်အခံနိုင်ငံရေးအင်အားစုတွေ တွေ့ဆုံဆွေးနွေးအဖြေရှာကြဖို့ နိုင်ငံတကာက တိုက်တွန်းကြတယ်။ ပြည်သူလူထုရဲ့ လတ်တလော စားဝတ်နေရေးပြသနာတွေကို လက်ရှိအာဏာရအစိုးရက ချက်ခြင်း အရေးယူဖြေရှင်းပေးဖို့လည်း ၀ိုင်းပြောနေကြတယ်။ မြန်မာပြည်မှာဆိုရင်ကော အဲသည်လို အခြေအနေမျိုး ရှိသလား။
          အီဂျစ်နိုင်ငံက လူထုအုံကြွမှုတွေမှာ မျိုးဆက်သစ်လူငယ်တွေက တယောက်တလက် ဦးဆောင်ပြီး ဆောင်ရွက်ကြတာ ဖြစ်တယ်။ လူထုအုံကြွမှုဖြစ်ပွားင်္ပြီးတော့မှ အရှိန်ရလာတော့မှသာ ဟိုက ဒီက အတိုက်အခံအင်အားတွေ၊ လူပုဂ္ဂိုလ်တွေ ပေါ်ထွက်လာတာမျိုး တွေ့ရတာ ဖြစ်တယ်။ ဥပမာ မွတ်စလင်ဘရားသားဟုဒ်ဆိုတဲ့ အဖွဲ့တို့၊ ကုလသမဂ္ဂ ညူကလီးယားအေဂျင်စီမှာ ဦးဆောင်ခဲ့ဖူးတဲ့ အယ်လ်ဘာရာဒေးတို့ ပေါ်ထွက်လာတယ်။ ဆိုလိုတာက သူတို့ဆီမှာ အတိုက်အခံနိုင်ငံရေးအင်အားစုတွေ ခေါင်းဆောင်သူတွေကို အီဂျစ်ပြည်သူတွေက မျက်ခြေပြတ်သွားခဲ့တဲ့ အချိန် ရှိတယ်။
          ကျနော်တို့ မြန်မာပြည်အနေနဲ့ကတော့ ၁၉၈၈ အရေးတော်ပုံကနေပြီးတော့ ပေါ်ပေါက်လာတဲ့ အင်န်အယ်ဒီပါတီ၊ မဟာမိတ်ပါတီတွေနဲ့ ဖွဲ့စည်းထားတဲ့ စီအာရ်ပီပီလို့ ခေါ်တဲ့ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မီတီ စတဲ့ အတိုက်အခံနိုင်ငံရေးအင်အားစုတွေက တောက်လျောက် ရှိနေတယ်။ ရပ်တည်နေတယ်။ တိုင်းရင်းသားပါတီင်္ကိုယ်စားလှယ်တွေလည်း ပါဝင်လျက်ရှိနေတယ်။ သူတို့တတွေက တိုင်းပြည်ရဲ့ အရေးပေါ်အခြေအနေတရပ် ပေါ်ပေါက်လာတဲ့အခါမှာ အတိုက်အခံနိုင်ငံရေးအင်အားစုတွေ အဖြစ်နဲ့ ပြည်သူတွေနဲ့အတူ အဆင်သင့် ရင်ဆိုင်နိုင်ရမယ် လို့ ပြောချင်ပါတယ်။

ဒါဆိုရင် မြန်မာပြည်သူလူထုတွေကကော အခုအချိန်မှာ အင်န်အယ်ဒီတို့ စီအာရ်ပီပီတို့ရဲ့ ဦးဆောင်မှုနဲ့အတူ ထောက်ခံရပ်တည်မှုတွေ ပြသတာ၊ လှုပ်ရှားတာတွေကော ရှိနေလို့လား ဆရာ။
          အပေါ်ယံအနေနဲ့ ကြည့်ရင်တော့ မြန်မာပြည်က ပြည်သူလူထုက ငြိမ်သက်နေတယ်လို့ ပြောရမယ် ထင်တယ်။ စစ်အစိုးရဖက်ကပြောရင်တော့လည်း သူတို့ရဲ့ အုပ်ချုပ်မှုတွေကြောင့် တိုင်းပြည်ဟာ ငြိမ်ဝပ်ပိပြားနေတယ်လို့ ပြောချင်လည်း ပြောမှာပဲ။ ဒါဟာ လူထုက သူတို့ကို ထောက်ခံတယ်လို့ တဖက်သပ် ကောက်ချက်ဆွဲလို့ မရဘူး။ လူထုဟာ ခုချိန်မှာ စားဝတ်နေရေး ပြသနာပေါင်းစုံ ဖိဆီးနေလို့ နိုင်ငံရေးလှုပ်ရှားမှုတွေဖက်ကို မလှည့်လာနိုင်သေးဘူး ဖြစ်နေတယ်။ နောက် ဦးကြည်မောင် ပြောခဲ့တဲ့ စကားကို ကိုးကားပြီးပြောရရင် လူထုဟာ နိုင်ငံရေးသားကြောပြတ်နေတဲ့ သဘောပဲ။
          နိုင်ငံရေး နိုးကြားအောင်၊ ဗဟုသုတတွေ ရှိအောင်၊ ဆွေးနွေးဖလှယ်ခွင့်ရအောင်၊ အမြင်ကျယ်အောင် လုပ်ခွင့်၊ ဖတ်ခွင့်၊ ပြောဆိုခွင့် အခြေအနေတွေလည်း စစ်အစိုးရလက်အောက်မှာ ခုထိ ဘာမှ မရှိသေးဘူး။ သို့သော်လည်းပဲ သူတို့က လူထုက ငြိမ်ဝပ်ပိပြားနေအောင် ဘယ်လိုပဲ လုပ်ထား လုပ်ထား ကျေးလက်တောရွာ တွေအထိ လူကိုယ်တိုင် သွားကြည့်လိုက်မယ်ဆိုရင် မြန်မာပြည်သူတွေဟာ အခုလိုမျိုး ဆင်းရဲဒုက္ခရောက်နေတာကို မလိုလားဘူး။ အဲသည်လို မတရားဖိနှိပ်ခံထားရတာကို မကြိုက်ဘူး။ သည်တော့ အခုလက်ရှိ စစ်အစိုးရတွေ အပေါင်းအပါတွေကို မထောက်ခံဘူး။ ဒါကို တွေ့ကြရမှာ ဖြစ်တယ်။
          ဒါကြောင့် တိုင်းပြည်ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီ ဆိုတဲ့အခါက နေရာဒေသအသီးသီးက ပြည်သူတွေဟာ တခဲနက်တည်း မတိုင်ပင်၊ မဖိတ်ခေါ်ရဘဲနဲ့ ဒေါ်အောင်ဆန်းစုကြည်ဆီမှာ လာရောက် စုဝေးကြတာတွေ၊ ထောက်ခံမှု ပြကြတာတွေကို တွေ့ကြရတာ ဖြစ်တယ်။ ဒါတွေကို ကြည့်ရင် စစ်အစိုးရကို အယုံအကြည်မရှိဘူး၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ နိုင်ငံရေး အင်အားစုတွေကို ထောက်ခံတယ်ဆိုတာ ထင်ရှားတယ်။
          ဒါပေမယ့် အခုအချိန်မှာ နေ့စဉ်နေ့တိုင်းမှာ အတိုက်အခံနိုင်ငံရေး လှုပ်ရှားမှုတွေထဲမှာ ပြည်သူလူထုကို အချိန်တိုင်း မတွေ့ရတာကတော့ ပြည်သူလူထုဟာ နေ့တဓူဝ အိမ်ရှိ လူအကုန် ထွက်ပြီး စားဝတ်နေရေးအတွက် ရုန်းကန်နေရတယ်။ လူပိုမရှိအောင် ပင်ပင်ပန်းပန်း အလုပ်ဆင်းနေကြရတယ်။  သူတို့တတွေဟာ လက်ရှိစစ်အာဏာရှင်တွေလက်အောက်မှာ ပျော်ရွှင်ကျေနပ်ပြီး လုပ်နေကြတာ မဟုတ်ဘူး။ မြန်မာပြည်သူလူထုတွေဟာ အင်န်အယ်ဒီင်္တို့ စီအာရ်ပီပီတို့ စတဲ့ အတိုက်အခံနိုင်ငံရေးအင်အားတွေ၊ ၈၈ မျိုးဆက်တို့လို့ ၂၀၀၇ ရွှေဝါရောင်မျိုးဆက်တွေလိုမျိုး အမြဲတမ်း အားပေးထောက်ခံ ၀င်ရောက် လှုပ်ရှားလျက် ရှိနေတယ်။ ဒါကြောင့် ပြည်သူရဲ့ ၀န်းယံမှုတွေနဲ့ ကျနော်တို့တတွေဟာ တည်ရှိနေတယ်၊ ဆက်လက် ရှင်သန်နေတယ် ဆိုတာကို ထောက်ပြချင်တယ်။ အဲသည်လို ရပ်တည်နေကြတယ်လို့ ပြောချင်တယ်။

ကျေးဇူးတင်ပါတယ် ဆရာ။
(ဆက်လက်ဖော်ပြပါမည်)

0 comments:

Post a Comment