Tuesday, October 6, 2009

သူတော်ကောင်းနဲ့ လူကြီးလူကောင်း

သူတော်ကောင်းနဲ့ လူကြီးလူကောင်း
လူထုစိန်ဝင်း
....................................................................

လူကြီးလူကောင်းစိတ်ဓာတ် အကြောင်းမကြာခဏရေးဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နေရာတကာ မှာ ဒီစိတ်ဓာတ် တစ်နေ့တခြား ခေါင်းပါးလာတာကို မြင်တွေ့နေရ လို့ဖြစ်တယ်။ ဘောလုံးပွဲတွေ မပြတ် ကြည့်သူဆိုတော့ အားကစားစိတ် ဓာတ်ဆိုတာ မမြင်မတွေ့ရသလောက် ဖြစ်ပြီး တစ်ဖက်သားကို ထိခိုက်နာ ကျင်သွားအောင် နင်းလိုက်မဟဲ့ကန် လိုက်မဟဲ့ ၊တွက်လိုက်မဟဲ့ ၊ထိုးလိုက် မဟဲ့ဆိုတဲ့ အပြုအမူမျိုးတွေပဲ တွေ့နေ ရလေတော့ စိတ်မကောင်းဖြစ်ရတယ်။

အဒီဘာယောရဲ့ လုပ်ရပ်

တစ်လောလေးက အာဆင်နယ်နဲ့ မန်ချက်စတာစီးတီး ကစား တဲ့ပွဲမှာ လဲကျသွားတဲ့ ဗန်ပါစီရဲ့ မျက်နှာကို အဒီဘာယောက တမင် တကာခြေထောက်နဲ့ကန်လိုက်တာကို အနီးကပ် ရိုက်ချက်နဲ့မြင်တွေ့လိုက် ရတော့ သိပ်ကိုအံ့သြတုန်လှုပ်သွား မိတယ်။ လူစိတ်ကင်းမဲ့လိုက်တာလို့ တောင်အောက်မေ့လိုက်တယ်။ ကံ ကောင်းထောက်မစွာနဲ့ ပါးရိုးကျိုးမ သွားဘဲ မျက်စေ့အောက်နားမှာပဲ ပွန်းပဲ့သွားတာတွေ့ရတယ်။ အံ့သြ မိတာက ပြီးခဲ့တဲ့ရာသီကပဲ သူတို့ နှစ်ယောက်ဟာ အာဆင်နယ်မှာအ တူတူ ကစားနေကြတာလေ။ လဲကျ နေသူရဲ့ ခြေထောက်တက်နင်းသွား တာ၊ တင်ပါးဖြတ်ကန်သွားတာမျိုး တွေ မြင်ပါများလို့ရိုးနေပါပြီ။ ဒါ ပေမယ့် မျက်နှာကို ကန်တာကိုတော့ ဒီတစ်ခါပဲတွေ့ဖူးလို့ အံ့သြသွားတာ ပါ။ အားကစားစိတ်ဓာတ်ဆိုတာ ဘယ်ရောက်သွားပြီလဲ။ ငွေက အား ကစားစိတ်ဓာတ်ကို လုံးဝဖျက်ဆီး လိုက်ပြီလား။ စိတ်မကောင်းလိုက်တာ။

ငတေမာပြီးရော စိတ်ဓာတ်

နောက်တစ်ပွဲဖြစ်တဲ့ မန်စီးတီး နဲ့ မန်ယူကစားပွဲအပြီးမှာ မန်ယူ အီဗရာက မန်စီးတီးက ကားလို့ တီဗက်ရဲ့ပခုံးဖက်ပြီးနှစ်ယောက် စလုံးပြုံးပြုံးရယ်ရယ် ထွက်လာကြ တာတွေ့ရတော့ အားကစားစိတ်ဓာတ် ဆိုတာ ကျန်သင့်သလောက်တော့ ကျန်ပါသေးလားလို့ တွေးပြီး စိတ် သက်သာရာရသွားတယ်။ တေးဗက်စ်ကလည်း ပြီးခဲ့တဲ့ရာသီက မန် ယူကစားသမား ဖြစ်ခဲ့တယ်လေ။ အားကစားပြိုင်ပွဲတွေမှာ အားကစား စိတ်ဓာတ်ဆိတ်သုဉ်းပြီး ဘယ်နည်းနဲ့ နိုင်နိုင် အနိုင်ရဖို့ အဓိကဖြစ်လာ သလို လူ့လောက မှာလည်း လူကြီး လူကောင်းစိတ်ဓာတ် ဆိုတာဆိတ်သုဉ်း ပြီး 'ဘယ်သူသေသေ၊ ငတေမာပြီး ရော'ဆိုတဲ့ စိတ်ဓာတ်တွေ လွှမ်းမိုး နေတာကြောင့် ဒီအကြောင်းမကြာ မကြာ ရေးဖြစ်နေတာဖြစ်တယ်။

သူတော်ကောင်းနဲ့ လူကြီးလူကောင်း

မကြာခဏရေးတတ်တော့ တစ်ခါတစ်ရံမှာ လူကြီးလူကောင်း စိတ်ဓာတ်နဲ့ သူတော်ကောင်းစိတ် ဓာတ်အတူတူပဲလားလို့ အမေးခံရ တတ်တယ်။ အမှတ်တမဲ့ဆို အတူတူ လို့ ထင်ရပေမယ့် သေသေချာချာ စဉ်းစားကြည့်တော့ မတူဘူးဆိုတာ တွေ့ရတယ်။ မြန်မာတွေနားလည် တဲ့သူတော်ကောင်းဆိုတာက အနိမ့် ဆုံးအားဖြင့်ကံငါးပါးလုံခြုံပြီးမေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတရား များ လက်ကိုင်ထားနိုင်သူ၊ ခန္တီပါရမီ ကြီးရင် သူဖြစ်တယ်။ လူထဲမှာတော့ အမြင့်မြတ်ဆုံးပုဂ္ဂိုလ်ဖြစ်တယ်။ လူကြီး လူကောင်းစိတ် (Gentlemanship) ဆိုတာကျတော့ သူတော်ကောင်းစိတ် လောက်တော့ အမြင့်မြတ်ကြီးမဟုတ် ပါဘူး။ လူမှုဆက်ဆံရေးအရ အရက် သောက်ချင်သောက်မှာပါ။ ကိုယ့် လာကိုက်တဲ့ခြင်ကို ရိုက်သတ်ချင် လည်း သတ်မှာပါ။ အိမ်မှာ သောင်း ကျန်းနေတဲ့ ပိုးဟပ်တို့၊ ကြွက်တို့ကို ပိုးသတ်ဆေး ကြွက်သတ်ဆေးသုံးပြီး သတ်ချင်သတ်မှာပါ။ ဒါပေမဲ့ 'ဘယ် သူသေသေ၊ ငတေမာပြီးရော'ဆိုတဲ့ စိတ်နဲ့ မတရားစီးပွားရှာတာမျိုး မလုပ်ပါဘူး။ လူတစ်ဖက်သား မျက် ရည်ပေါက် ကြီးငယ်ကျအောင် နိုင်ထက် စီးနင်းမပြုပါဘူး။ ရန်သူနဲ့ဓားချင်း ယှဉ်ပြိုင်ပြီး သူသေငါသေခုတ်ရာမှာ တောင်ဓားလွတ်ကျသွားတဲ့ရန်သူကို ငါ့အတွက်အခွင့်ကောင်းပဲဆိုပြီး ဇွတ်ဝင်မခုတ်ပါဘူး။ ဓားပြန်ကောက် ခွင့်ပေးပြီးမှ ဆက်လက်ယှဉ်ပြိုင်ပြီး တရားသဖြင့် အနိုင်ရအောင်လုပ်ပါ တယ်။

ငေတမႇန္သမ် ရန္သူ

နောက်ပြီး သူတော်ကောင်းနဲ့ လူကြီးလူကောင်းခြားနားချက်တစ်ခု က သူတော်ကောင်းက မေတ္တာစိတ် ကြီးမားသူ၊ သည်းခံခွင့်လွှတ်စိတ် ကြီးမားသူဖြစ်တာကြောင့် မုန်းသူ ရန်သူရယ်လို့ မရှိပါဘူး။ လူကြီး လူကောင်းမှာတော့ မုန်းသူလည်းရှိ၊ ရန်သူလည်းရှိနိုင်ပါတယ်။ ''ဘယ် သူသေသေငတေမာပြီးရော''စိတ်မျိုးဟာ ''လူယုတ်မာစိတ်'' ''မသူတော်စိတ်'' လို့ သဘောထား သူဖြစ်တာကြောင့် ''ငတေ''မှန်သမျဟာ လူကြီးလူကောင်း တိုင်းမုန်းတီးရွံ့ရှာတဲ့ ရန်သူဖြစ် တယ်။ နိုင်တိုင်းဖိထောင်းတတ်တဲ့ နိုင်လိုမင်းထက် စိတ်ဓာတ်မျိုးကိုစက် ဆုပ်သူဖြစ်တာကြောင့်နိုင်လိုမင်း ထက်ပြုတတ်သူများဟာလည်းလူကြီး လူကောင်းတို့အတွက်ရန်သူဖြစ်တယ်။

လက်ပိုက်ကြည့်မနေပါဘူး

ကိုယ့်အိမ်ဘေးက ကလေးတစ် ယောက်ကို သူ့မိဘက မညှာမတာ ကလေးနဲ့ မလိုက်အောင်ရိုက်နှက် ဆုံးမနေတာကို မြင်တွေ့ရရင်၊ လူကြီးလူကောင်းစိတ်ရှိသူဟာ မျက်နှာလွှဲခဲပစ် ငါနဲ့မှမဆိုင်ဘဲဆိုပြီး လက်ပိုက်ကြည့်မနေပါဘူး။ အမုန်း ခံချင်ခံရစေ ဆိုပြီးဝင်ရောက်တားဆီး မှာပါပဲ။ အလားတူပဲလူတစ်ယောက် က လူတစ်ယောက်ကို ကြိုးတုပ်တိုင် မှာ ချည်ပြီး ကြိမ်နဲ့ တရွှမ်းရွှမ်း ရိုက် နေတာ မြင်တွေ့ရင်လည်း ''ဘာမှ ပြန်မလုပ်နိုင်သူကို ဒီလိုတစ်ဖက်သတ် ကြီး အနိုင်မကျင့်ပါနဲ့''၊ ဆိုတာမျိုး တော့ဝင်ပြောမှာပါပဲ။ဒီအတွက်မျက် စောင်းထိုးခံရနိုင်သလို၊ကိုယ်ပါရောပြီး အရိုက်ခံရတာလည်း ရှိနိုင်ပါတယ်။


မြို့ခံပြိုင်ဘက်နှစ်သင်း အဖြစ် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ ကြသော်လည်း တစ်သင်းတည်း ကစားဖော်ဟောင်း ဖြစ်ခဲ့သူ တီဗက်နှင့် အီဗရာတို့အား ပွဲအပြီးတွေ့ရစဉ်
လက်ကိုရိုက်ချိုးပစ်မှာ

သူတော်ကောင်းစိတ်ဓာတ်ရှိ သူက ဒီဘက်ပါးကိုရိုက်ရင်ဟိုဘက် ပါးကိုပါ ထိုးပေးလိုက်ဆိုတဲ့ စိတ်မျိုး ထားရှိနိုင်ပေမယ့် လူကြီးလူကောင်း စိတ်လောက် ရှိသူကတော့ပါးထိုးပေး မှာမဟုတ်တာသေချာတယ်။ ပါးပြန် ရိုက်ရင်ရိုက်၊ မရိုက်ရင်လည်းပါးရိုက် တဲ့လက်ကိုရိုက်ချိုးပစ်လိုက်မှာပါ။ သူတော်ကောင်းဆိုတာ အင် မတန်မှ မြင့်မြတ်ပါတယ်။ ကြည်ညို ထိုက်သူဖြစ်တယ်။ သူတော်ကောင်း စစ်စစ်ဖြစ်ဖို့ရာလည်းအင်မတန်ခက် ပါတယ်။ သူတော်ကောင်းဖြစ် အောင် လူတိုင်းကြိုးစားသင့်တယ်။ ဒါပေမဲ့ လူတိုင်းမဖြစ်နိုင်ပါဘူး။ သူတော်ကောင်း မဖြစ်နိုင်ပေမယ့် လူ ယုတ်မာမဖြစ်အောင် တို့ကြိုးစားနိုင် ပါတယ်။ သူတစ်ပါးမျက်ရည်ပေါက် ကြီးငယ်ကျအောင် မလုပ်ဘူး။ ''တစ် ယောက်ချမ်းသာ၊ ကိုယ်ကျိုးရှာ'' မလုပ်ဘူး။ တတ်တိုင်းဖိမပြောဘူး။ နိုင်တိုင်းဖိ မမောင်းဘူးဆိုတဲ့ လူကြီး လူကောင်း စိတ်ဓာတ်မျိုး မွေးမြူနိုင် ရင် လူယုတ်မာမဖြစ်ပါဘူး။

စစ်မဖြစ်တော့ဘူး

လူကြီးလူကောင်းဆိုတာ သူ တော်ကောင်း မဟုတ်တဲ့အတွက် နိဗ္ဗာန်ရောက်ချင်မှ ရောက်မှာပါ။ ဒါပေမဲ့ အပယ်မလားဘူး လို့တော့ ယုံကြည်တယ်။ အဲဒါကြောင့်လူကြီး လူကောင်းစိတ်ကလေး တော့ထားနိုင် အောင် လူတိုင်းကြိုးစားသင့်တယ်။ လူကြီးလူကောင်း စိတ်ရှိသူတွေ များလာရင်ကမ္ဘာပေါ်မှာဘယ်တော့မှ စစ်မဖြစ်တော့ပါဘူး။ လူ့လောက ကြီးတစ်ခုလုံးလည်း အေးချမ်းသာ ယာရှိပြီး နေချင့်စဖွယ်ကောင်းတဲ့ ကမ္ဘာကြီးဖြစ်လာမှာအသေအချာပါ။

0 comments:

Post a Comment