Friday, October 30, 2009

သမိုင်းနှင့်ပထ၀ီ

သမိုင်းကိုမသိရင် အအ
ပထ၀ီကို မသိရင်အကန်းတဲ့
သမိုင်းနဲ့ပထ၀ီကိုသိဖို့ဝေးစွ
ကျနော်ကိုမွေးတာက သန်းခေါင်းယံလမိုက်ည
ဒီလိုနဲ့ သိချင်လို့ ကျနော်ကိုကျနော်မေး
ကျနော်ဟာ အကန်းလေးပေါ့
ဒါကြောင့်…ကျနော်ဟာ
ဟယ်လင်ကဲလားနဲ့ ဘာမှမကွဲပြား မခြားနား
ကွဲပြားခြားနားတာက
ဟယ်လင်ကဲလားက လပြည့်ညမှာမွေး
ကျနော်ကလမိုက်ညမှာမွေးပြီး
သူမရဲ့ဘေးမှာ ဖေးမကူညီမည့်သူ မရှားပေးမယ်
ကျနော်ရဲ့ဘေးမှာက ဖေးမကူညီဖို့ဝေးစွ
ကျနော်ကန်းနေတဲ့မျက်လုံး
ကြည်လင်အုံးကွဆိုပြီး ထိုးဖေါက်
မကြားရတဲ့နား ကြားချင်အုံးကွဆိုပြီးထိုးဖေါက်
အ အ ဖြစ်နေတဲ့ပါးစပ်
ပြောချင်အုံးကွဆိုပြီး အပ်နဲ့ချုပ်

ကျနော်ဘာလုပ်လို့ ရအုံးမှာလဲ
ဒါပေမဲ့ ဟယ်လင်ကဲလားလို
ကမ္ဘာကျော်ချင်တဲ့ ကျနော်ရဲ့ဆန္ဒ တားမရ ဆီးမရမို့
အဖေါက်ခံထားရတဲ့ နားနဲ့မျက်လုံး
အချုပ်ခံထားရတဲ့ပါးစပ်
ဒါတွေကိုမမှတ်အားပါဘူး
သည်းခြေမရှိတဲ့ အမှတ်အသားနဲ့
ကောင်းနေသေးတဲ့ လက်နဲ့ခြေ
ဒါတွေဟာ အားတွေပဲဆိုပြီး
ခြေထောက်ကပထ၀ီ မြေပြင်ကိုအမှီပြု
လက်ကနေ ကလောင်တံကိုင်ဆွဲ
ဟယ်လင်ကဲလားနဲ့ အပြိုင်ချဲတော့
ကျနော့် ပတ်ဝန်းကျင်က
ဟေ့ကောင်အကန်း….မင်းဘာသရမ်းမလို့လဲတဲ့
ဟေ့ကောင်အ အ …မင်းဘာတွေဖွင့်ဟအုံးမလို့လဲတဲ့
ဒါကြောင့်……
သမိုင်းနဲ့ပထ၀ီကိုမသိတဲ့ ကျနော့်ရဲ့အဖြစ်
ဘယ်လိုလုပ်စိတ်ညစ်အားမှာလဲ
ဒါတွေအားလုံးကိုလစ်လျူရှူ
ဇွဲနဲ့အားမာန်ကို အဖေါ်ပြု
ကျနော်သစ္စာပြုလိုက်မယ်
ကျနော့် လက်ခြေတွေပါ ကျိုးသွားပါစေ
ကျနော် နှလုံးသားမကြွေမချင်း
ကျနော်နိုင်ငံ အမျိုးဘာသာ သာသနာရဲ့
သမိုင်းနဲ့ပထ၀ီ အတွက်
ခရီးဆက်မယ်…ရပ်တန့်မနေဘူးဟေ့………..။
မင်းသုည(ကွမ်းခြံကုန်း)
ဗုဒ္ဓတက္ကသိုလ်

0 comments:

Post a Comment