
.
၂၀၀၇ ခုနှစ် ရန်ကုန်မြို့ ထောင်သောင်းချီတဲ့ သံဃာတွေ ငြိမ်းငြိမ်းချမ်းချမ်း မေတ္တာပို့ ဆုတောင်း စီတန်း လှည့်လည်ကြတာ မှတ်မိကြဦးမှာပါ
သူတို့ထဲက ခေါင်းဆောင်သူ သံဃာတပါးကတော့ အရှင်ဂမ္ဘီရ ဖြစ်ပါတယ်
အခုတော့ အရှင်ဂ္ဘီရဟာ တခြား ရဟန်း အပါး ၂၀၀ ၀န်းကျင်လိုပဲ မြန်မာပြည်မှာ အကျဉ်းချခံထားရပါတယ်
အရှင်ဂ္ဘီရ နဲ့ မြန်မာပြည်က နိုင်ငံရေးအကျဉ်းသားများအတွက် သူငယ်ချင်းတွေနဲ့အတူ လူမြင်ကွင်းမှာ သို့မဟုတ် ကိုယ့်အိမ်ထဲမှာ မီးထွန်း ဆုတောင်းကြပါ
ဒီလှုပ်ရှားမှုကို ဓာတ်ပုံရိုက်ပြီး Facebook မှာ တင်ပါ
သူတို့လွတ်မြောက်ရေးအတွက် ဒီလိုနည်းနဲ့ ပါဝင် ထောက်ခံကြပါ
ဆိုပြီး လှုံ့ဆော်သူတွေ ရှိပါတယ်
မနေ့ကတော့ ထိုင်းနိုင်ငံ မဲဆောက်မြို့၊ ချင်းမိုင်မြို့တို့မှာ ရှိတဲ့ မိတ်ဆွေကောင်း စာကြည့်တိုက်တွေမှာ ဖယောင်းတိုင်ထွန်း ဆုတောင်းခဲ့ကြသလို
ဂျာမနီမှာလည်း ဆုတောင်းခဲ့ကြကြောင်း facebook မှာ တွေ့ရပါတယ်
ပူးပေါင်းဆောင်ရွက်လိုသူများ နဲ့ စိတ်ဝင်စားသူများ facebook မှာ ရှိတဲ့
အရှင်ဂမ္ဘီရအတွက် မီးထွန်းဆုတောင်းပွဲ Light a candle for Ashin Gambira
http://www.facebook.com/event.php?eid=264139516956264 မှာ လေ့လာနိုင်ပါတယ်







http://www.irrawaddyblog.com/2011/11/blog-post_3142.html
0 comments:
Post a Comment