ဒီကနေ့မနက် မန္တလေးမြို့က ဘုရားကြီး၊ မဟာဗောဓိပြခန်းမှာ သံဃာတွေ ၂၀၀
လောက်စုပြီး၊ ဆန္ဒ့ပြကြတယ်လို့ သတင်းရရှိပါတယ်။ အဓိက တောင်းဆိုချက်က
နိုင်ငံရေးအကျဉ်းသားလွှတ်ပေးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊
ဒီမိုကရစီရရှိရေး တို့ဖြစ်ပါတယ်။ အခု အာဏာပိုင်က ဆရာတော်ကြီးတွေ လွှတ်ပြီး
အပေါ်ထပ်မှာ ဆွေးနွေးခိုင်းနေတယ်။
သံဃာတော်တွေရဲ့ ဆန္ဒပြမှုဟာ မနက်ခင်းအစောပိုင်းကတည်း
စတင်လိုက်တာဖြစ်ပြီး၊ ဘုရားကြီးဝင်းတံခါကို မနက် ငါးနာရီခွဲကတည်းက
ပိတ်လိုက်တယ်လို့ သိရှိရပါတယ်။

သတင်းဓါတ်ပုံ … ကိုအောင်မျိုးထွန်း ပေးပို့
ညိုကြီး ဘလောခ့်မှ သတင်းဓါတ်ပုံများဖြစ်ပါတယ်
0 comments:
Post a Comment