Wednesday, November 23, 2011

ပေါ်ဦး(သို့မဟုတ်)မင်းကိုနိုင်

သူရဲကောင်းတွေ ထွန်းသည့်မြေ
အမိဗမာပြည်
ဧရာဝတီကသိတယ်။
တိုင်းပြည်အပေါ်မှာ
ကျောင်းသားတွေ သစ္စာမဲ့ရင်
ရာဇဝင်မှာ ကိုအောင်ဆန်းဆိုတဲ့ အမည်နာမကို
ကြားရမှာ မဟုတ်သလို
မင်းကိုနိုင်ဆိုတဲ့ အမည်နာမကိုလည်း
ကြားရမှာမဟုတ်ဘူး။

ကိုအောင်ဆန်းနဲ့ကိုဗဟိန်း
ဗိုလ်အောင်ကျော်နဲ့ကိုဗဆွေလေး
သမိုင်းရေးသောလက်များ
အစဉ်အလာကြီးမားခဲ့။

ရှစ်လေးလုံးဆိုတာ
ထောင့်သုံးရာပြည့်အရေးတော်ပုံရဲ
အဆက်ဖြစ်တယ်။

ကိုအောင်ဆန်းနဲ့ကိုဗဟိန်းကို
ခွဲခြားမရသလို
ကိုအောင်ဆန်းနဲ့ကိုမင်းကိုနိုင်ကိုလည်း
ခွဲခြားလို့မရဘူး။

သံမဏိကျောင်းသားဇာနည်
သူ့ဘဝသည် ပြည်သူ့အတွက်
သူ့အသက်သည် ပြည်သူ့နှလုံး
သိမ်းကျူံးယူငင်
ရာဇဝင်တည်
ပေါ်ဦးထွန်းအမည်ရှိခဲ့။

ကြားရဲ့လားဟေ့
တိုင်းတပါးကျွန်
စစ်တပ်ကျွန်
ဘယ်ကျွန်မှ အဖြစ်မခံ
ဒေါင်းအလံဟေ့
ကျောင်းနံရံတဝိုက်
ဒေါင်းအလံပြန်စိုက်မယ့်သူ
အဲဒီလူဆိုတာ
မင်းကိုနိုင် ဆိုသူဖြစ်တယ်။

နီလွင်သွေး(ဒဿနိက)

0 comments:

Post a Comment