ရွှေဝါရောင်သံဃာတော်များအတွက် သိမ်ထပ်မင်္ဂလာအခမ်းအနား ကျင်းပမည်
တာရာဝေယံ၊ နိုဝင်ဘာ ၁၀၊ ၂၀၁၁
ရွှေဝါရောင်တော်လှန်ရေးမှာ
ပါဝင်ခဲ့ကြတဲ့အတွက် အကျဉ်းချခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာကြတဲ့
သံဃာတော်အရှင်သူမြတ်တွေကို သိမ်ထပ်မင်္ဂလာပြုလုပ်မယ့် အခမ်းအနားတရပ်ကို
သိမ်ထပ်မင်္ဂလာဖြစ်မြောက်ရေးအဖွဲ့က ဆောင်ရွက်မှာ ဖြစ်ကြောင်း သိရပါတယ်။
အခမ်းအနားကို
ရန်ကုန်မြို့၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ မထသ (၁) ရပ်ကွက်၊
အနော်ရထာလမ်း၊ မကွေးပရိယတ္တိ စာသင်တိုက်မှာ ၁၃၇၃ ခု၊
တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်နေ့ နိုဝင်ဘာ ၁၂၊ စနေနေ့၊ မနက် ၉ နာရီမှာ
စတင်မှာ ဖြစ်ကြောင်း သိရပါတယ်။
နံနက်
၉ နာရီမှာ စတင် သိမ်တက်မှာ ဖြစ်ပြီး နံနက် ၉ နာရီ ခွဲမှာ သိမ်ဆင်းမှာ
ဖြစ်ပါတယ်။ နံနက် ၁၀ နာရီ က ၁၁ နာရီ အထိ တရားနာပြီး
နိုင်ငံရေးအကျဉ်းသားမိသားစုများ အကျိုးဆောင်ကွန်ယက်မှ
နိုင်ငံရေးအကျဉ်းသားမိသားစုများ စာအုပ်ထောက်ပံ့ ပေးအပ်ခြင်း အစီအစဉ်ကို
ဆောင်ရွက်မှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။
မိုးမခက
တဆင့်ကြားသိရသည်မှာ နယူးယောက်ပြည်နယ်က ဆရာတော်ဦးပညာနန္ဒ ကမကထပြုပြီး
သိမ်ထပ်သံဃာတော်များအတွက် အမေရိကန်ပြည်က မြန်မာမိသားစုများ၊
ရဟန်းသံဃာများထံက အလှူငွေ အမေရိကန်ဒေါ်လာ ၁၄၀၀ ပေးပို့လှူဒါန်းခဲ့သည်ဟု
သိရပါတယ်။
0 comments:
Post a Comment