Saturday, November 26, 2011

သန်းကြွယ်သူဌေးတို့၏ ဘ၀အောင်မြင်ရေးလျှို့ဝှက်ချက်

သန်းကြွယ်သူဌေးဆို၍ ဘယ်လို လူစားမျိုးပါလိမ့်ဟူ၍ တအံ့တဩမတွေး ထင်လိုက်ကြပါနှင့်။ သန်းကြွယ်သူဌေးများ သည်လည်း ခင်ဗျားတို့ ကျွန်တော်တို့လိုပဲ သာမန်လူထဲက လူများသာဖြစ်ကြပါ၏။ သို့သော် သူတို့သည် လူတိုင်းလိုသာမန် လူစားမျိုးဖြစ်ကြပါလျှင် သူတို့တစ်တွေ ကျတော့ ဘာ့ကြောင့် သန်းကြွယ်သူဌေး ဖြစ်ကြပါသနည်း။ လူများစုကြီးကတော့ ဘာ့ကြောင့် လူလတ်တန်းစားဘဝမှ မတက်ကြ ပါသနည်းဆိုသည့် အချက်ကမူ လွန်စွာစိတ်ဝင်စားဖွယ်ရာကောင်းလှ ပါသည်။ သာမန်လူစားများပိုင်ဆိုင်သော အရည်အချင်းများဖြင့်ပင် သူတို့ဘယ်ပုံ ဘယ်နည်းပစ္စည်းဥစ္စာချမ်းသြွာကယ်ဝ လာအောင် မည်သို့ကြိုးစားလုပ်ဆောင်ခဲ့ ကြသည်ကို လေ့လာသူနှစ်ဦးက ဆန်းစစ် ရှာဖွေခဲ့ကြပါ၏။ သူတို့၏ လေ့လာနည်း မှာ ထိပ်တန်းရောက် သန်ြးွကယ်သူဌေး များကို တွေ့ဆုံမေးမြန်း၍ ဖြေကြားရန် မေးခွန်းကလေးများ ပို့ပေးခဲ့ခြင်းပင်ဖြစ် သည်။ အောင်မြင်မှု သရဖူဆောင်းထား သော သန်းကြွယ်သူဌေးကြီးများ၏ သုံးပုံ နှစ်ပုံမှာ ကိုယ်ပိုင် လုပ်ငန်းများ လုပ်ကိုင် အောင်မြင်နေ သူများဖြစ်ကြောင်းတွေ့ရှိ ရသည်။ သူတို့လုပ်ကိုင်သော လုပ်ငန်းများ ကလည်း စိတ်ဝင်စားဖို့ကောင်းလှသည် တော့မဟုတ်ပါ။ ဥပမာ သံဂဟေဆော် လုပ်ငန်း၊ အဝတ်လျော်ဖွပ်သန့်စင်ရေး လုပ်ငန်းမျိုးပင်ဖြစ်သည်။ တခြားသော သန်ြးွကယ်သူဌေးအများစုသည်လည်း ဘဏ်နှင့် ငွေကြေးရန်ပုံငွေအဖွဲ့များမှ ငွေချေးလုပ်ကိုင်သူများ မဟုတ်ကြပါ။ သန်ြးွကယ်သူဌေးဆယ်ဦးတွင် ရှစ်ဦးမှာ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဥစ္စာဓနတိုးပွား အောင်လုပ်ဆောင်ခဲ့ကြသူများဖြစ်သည်။ သူတို့သည် ငွေကြေးသုံးစွဲရာတွင် ဖြစ်စေ၊ နေထိုင်စားသောက်ရာတွင်ဖြစ်စေ မျှတရုံမျှသာ သုံးစွဲစားသောက်ကြသူများ ဖြစ်သည်။ သူတို့သည် နှစ်စဉ်ပျမ်းမျှ အသားတင်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ သန်းလောက်သာရှိကြသော် လည်း ရိုးရိုးသာမန်အဆင့်မျိုး၌သာ နေထိုင်ကြသည်။ ဟိတ်တစ်လုံးဟန် တစ်လုံးဖြင့် ပပလွှားလွှား၊ ကြွားကြွားဝါ၀ါ မနေကြပါ။ သူတို့နှင့်အတူ သွားလာ ဆက်ဆံပေါင်းသင်းလျက်ရှိကြသော သူတို့၏ မိတ်ဆွေများပင် သူတို့မည်မျှထိ ချမ်းသာသည်ဆိုတာကို ခန့်မှန်းနိုင်ဖို့ မလွယ်ပါ။ အမေရိကန်သန်ြးွကယ်သူဌေးများ အနေဖြင့် ကြွယ်ဝချမ်းသာအောင် နည်း မျိုးစုံဖြင့် ကြိုးပမ်းခဲ့ကြပါသည်။ သူတို့၏ ကြိုးပမ်းလုပ်ဆောင်မှုကို လေ့လာခြင်းဖြင့် လူတစ်ဦးကြီးပွားချမ်းသာဖို့အတွက် ချမ်းသာသော မျိုးရိုးမိဘများမှ ပေါက်ဖွား လာရန် မလိုသလို ဘွဲ့ဒီဂရီတွေ၊ ရာထူး ရာခံအဆင့်အတန်းတွေ ပိုင်ဆိုင်ဖို့လည်း မလိုအပ်လှကြောင်း ဖော်ပြလျက်ရှိနေ သည်။
တကယ်ချမ်းသာကြွယ်ဝလိုပါသလား
သင့်အိပ်မက်တွေကို
 အကောင် အထည်ဖော်ဆောင်ရန်အတွက် ဖော်ပြပါ အောင်မြင်သူတွေကို လေ့လာဆန်းစစ်ရာ မှ ပေါ်ထွက်လာသော ရိုးရှင်းလွယ်ကူလှ သည့် နည်းလမ်းများကို လိုက်နာကျင့်သုံး ကြည့်ပါလား။
ဝင်ငွေထက်ပိုမသုံးမိပါစေနှင့်
လူတကာအထင်ကြီးအောင် လုပ်ပြ ချင်သဖြင့် တန်ဖိုးကြီးပစ္စည်းများကို ဝယ်ယူ တာမျိုး၊ မိမိမည်မျှချမ်းသာသည်ကို ကြွားဝါလိုသဖြင့် ဗုံးပေါလအောသုံးပြတာ မျိုးသည် ဥစ္စာဓနပြေွါကယ်ဝရေးနှင့် ကြီးပွားချမ်းသာမှု၏ အဓိက ရန်သူပင် ဖြစ်သည်။ ထို့ကြောင့်သန်ြးွကယ်သူဌေး တစ် ယောက်ဖြစ်မြောက်ရန် ရည်မှန်းမျှော်လင့် ထားသူအနေဖြင့် ဦးစွာလုပ်ဆောင်ရမည့် အရေးအကြီးဆုံးကိစ္စရပ်မှာ လက်ဖွာသည့် အကျင့်ကို ဖျောက်ဖို့ပင်ဖြစ်သည်။ သန်ြးွကယ်သူဌေးအများစု၏ အလေ့အထ အတိုင်း ငွေကြေးစုဆောင်းလေ့ရှိသော အကျင့်ကို အရယူကျင့်သုံးရပါလိမ့်မည်။ ဥပမာအားဖြင့် အမှန်တကယ်သုံးစွဲ ရမည့် စရိတ်စကများပယ်နုတ်ပြီး နှစ်စဉ် ဝင်ငွေ၏ ၁၅ ရာခိုင်နှုန်းမှနေ၍ ၂၀ ရာခိုင်နှုန်းထိ စုဆောင်းပါ။ ငွေကြေးသုံးစွဲမှု တွင် စစ်စစ်ကုပ်ကုပ်သုံးစွဲတတ်သူ၏ အဆိုအရ ရိုးရိုးကုပ်ကုပ်နေထိုင်ခြင်းသည် အားကစားတစ်ရပ်နှင့်တူသည်။ အဆိုပါ ပုဂ္ဂိုလ်သည် အသက် ၄၄ နှစ်ရှိပြီး ပေါ ချောင်ကောင်းတစ်ပတ်ရစ်ကားကိုပဲ စီးသည်။ နေထိုင်သော အိမ်ကို ပြုပြင် မွမ်းမံရာတွင်လည်း လေလံပစ်ရာမှ လေလံဆွဲ လာသော ဈေးနှုန်းချိုသာလှ သည့် ပရိဘောဂများကိုသာသုံးသည်။ ဤသို့ လုပ်ဆောင်ခြင်းဖြင့် မိမိဝင်ငွေမှ ဒေါ်လာများစွာ သက်သာစေပါသည်။
ငွေကြေးစုဆောင်းပြီး ရင်းနှီး မြုပ်နှံမှုကို အကောင်အထည်ဖော်ပါ
ငွေကြေးသုံးစွဲမှု၌ လက်ဖွာတတ်သူ တစ်ယောက်အနေဖြင့် ဝင်ငွေ၏ ၁၅ ရာခိုင်နှုန်းကို စုဆောင်းရမည့်ကိစ္စမှာ တော်တော်စိတ်ညစ်စရာဖြစ်ပါလိမ့်မည်။ သို့သော် ဝင်ငွေ ၅ ရာခိုင်နှုန်းကို ယခု လက်ငင်းစတင်၍ နောက်နှစ်မှစကာ နှစ်စဉ် ၅ ရာခိုင်နှုန်းတိုးပြီး စုဆောင်းသွား မည်ဆိုပါက ၁၀ နှစ်အတွင်း ၁၅ ရာခိုင် နှုန်း စုဆောင်းလေ့ရှိသော အကျင့်သည် စနစ်တစ်ခုအဖြစ် စွဲမြဲသောအကျင့်တစ်ရပ် ဖြစ်သွားပါလိမ့်မည်။ ရိုးရှင်းလွယ်ကူသော နည်းစနစ် တစ်ခုမှာ သင်ကြိုက်နှစ်သက်ရာ ငွေကြေး အဖွဲ့အစည်းတစ်ခုခုတွင် စတော့ရှယ်ယာ ဝယ်ယူရင်းနှီးမြှုပ်နှံထားဖို့ပင်ဖြစ်သည်။ သင်၏ စတော့ရှယ်ယာများသည် သင်၏ ငွေစုစာရင်းဆီသို့ အလိုလိုပြောင်းရွှေ့ ဝင်ရောက်လာပါလိမ့်မည်။ သန်ြးွကယ် သူဌေးများ၏ ၉၅ ရာခိုင်နှုန်းသည် စတော့ပိုင်ဆိုင်ကြပြီး အများစုကတော့ စတော့ရှယ်ယာအရောင်းအဝယ်လုပ်ကြ သည်။ ကျောင်းဆရာဇနီးမောင်နှံနှစ်ဦး သည်လည်း ယခုကဲ့သို့ပင် စနစ်တကျ ရင်းနှီးမြှုပ်နှံမှုဖြင့် ဒေါ်လာငွေတစ်သန်း စုမိဆောင်းမိခဲ့ကြသည်။ ၁၉၇၂ ခုနှစ်တွင် သူတို့သည် အြွေကးကတ်(Credit Card) သုံးစွဲမှုကို စွန့်လွှတ်လိုက်ပြီး စတော့ ရှယ်ယာဝယ်ယူမြှုပ်နှံသည့် အစီအစဉ်ကို တစ်လဒေါ်လာ ၅၀ ပေးသွင်းရင်းစတင်ခဲ့ ကြသည်။ အဆိုပါ အစီအစဉ်ရပ်ဆိုင်း လိုက်သည်နှင့် သူတို့ဘာသာသူတို့ ရင်းနှီး မြှုပ်နှံမှုကို စတင်နိုင်ခဲ့ကြသည်။ သည့်နည်းဖြင့် စုဆောင်းငွေပမာဏ သည် တစ်လဒေါ်လာ ၃၀ဝ ဖြစ်လာ သည်။ ပုံမှန်နှင့်ရင်းနှီးမြှုပ်နှံမှုက သူတို့ နှစ်ဦးကို ဒေါ်လာ ၇၅၀çဝ၀ဝ တို့ပွားစေ ခဲ့သည်။
အကြွေးတင်မခံပါနှင့်
အမေရိကန်နိုင်ငံတွင် နှစ်စဉ်ြွေကး ဝယ်ကတ်ပေါင်း နှစ်ဘီလျံလောက်ထုတ်ပြီး ဘဏ်မှနေ၍ လွယ်လွယ်ကူကူ ငွေထုတ် ချေးနေကြသည်။ သည်နည်းဖြင့် ပြည်သူ လူထုအပေါင်းတို့သည် နှစ်စဉ်ချေးငွေပေါ် မှ ပေးဆပ်ရသော အတိုးပေါင်းမှာ ဘီလျံ များစွာရှိခဲ့ကြသည်။ သည်ထဲမှ သန်ြးွကယ် သူဌေး ၇၀ လောက်ကတော့ြွေကးမြီ ကင်းရှင်းသူများဖြစ်ကြသည်။ ပေးဆပ် ရသည့် အကြွေးငွေတစ်ဒေါ်လာတိုင်း သည် ရင်းနှီးမြှုပ်နှံမှုအတွက် တစ်ဒေါ်လာ လျော့နည်းစေကြောင်း သူတို့ကောင်း ကောင်း သဘောပေါက်ကြသည်။ သည် အချက်ကို မိမိတတ်နိုင်သည့် ဈေးထက် ပို၍ ဈေးနှုန်းချိုသာသော အိမ်ရာဝယ်ယူ ခြင်းကို ကြည့်လျှင်သိရှိနိုင်သည်။ အိမ်၊ ခြံ၊ မြေ ပွဲစားများသည် သင့်ဝင်ငွေသုံးဆကို အိမ်ဝယ်ရာတွင် သုံးနိုင်ကြောင်း ပြောဆို ကောင်းပြောဆိုကြပါမည်။ သို့သော် အကယ်၍ သင့်အနေဖြင့် ဝင်ငွေ၏ နှစ်ဆကို ကန့်သတ်ထားနိုင်မည်ဆိုပါက ချေးငွေအတွက် ပြန်ပေးဆပ်ငွေ(အတိုး) ပမာဏကို ၃၅ ရာခိုင်နှုန်းမျှ လျှော့ချနိုင် ပါလိမ့်မည်။ အဆိုပါ ငွေကြေးပမာဏ သည် စုဆောင်းရန်ကောင်းပါသည်။ အြွေကးကတ်ဝယ်ယူသုံးစွဲခြင်းနှင့် ပတ်သက်၍ အကောင်းဆုံးအကြံပေးချက် မှာ အြွေကးလက်ကျန်ကို မည်သည့်အခါမှ ထပ်ပြီး မဆက်တော့ရန်ဖြစ်သည်။ ဤ နည်းဖြင့် ငွေတိုးဆပ်ရမည့် ဒဏ်မှ ကင်း လွတ်နိုင်ပါလိမ့်မည်။ စာတိုက်ဝန်ထမ်း ဟောင်းတစ်ဦးသည် သည်နည်းဖြင့် မြေယာငှားရမ်ငွေ ဒေါ်လာသုံးသန်း လောက်ပိုင်ဆိုင်ပြီးဖြစ်သည်။ အဆိုပါ ဝန်ထမ်းဟောင်းက သူ၏ ခံယူချက်ကို ဤသို့ ဖွင့်ဟခဲ့သည်။ "သူများကို ငွေပေးရတဲ့ အလုပ်မျိုး ယုံကြည်နှစ်သက်မှု မရှိပါ။ သူများကသာ ကိုယ့်ကို ငွေပေးရမယ်လို့ ယုံကြည်မှတ်ယူ ထားပါတယ်"
အခွန်ငွေပေးဆောင်မှုကို နည်းသည် ထက် နည်းအောင်လုပ်ဆောင်ပါ
အမေရိကန်နိုင်ငံ၏ အိမ်ထောင်စု အတော်များများသည် သူတို့နှစ်စဉ်ဝင်ငွေ ၏ ၁၁ ဒသမ ၆ ရာခိုင်နှုန်းကို ဝင်ငွေခွန် ပေးဆောင်နေရကြောင်း တွေ့ရှိရသည်ဟု လေ့လာသူများ၏ အဆိုအရသိရှိရသည်။ ယေဘုယျအားဖြင့်မူကား သန်ြးွကယ် သူဌေးများသည် သူတို့နှစ်စဉ်ဝင်ငွေ၏ နှစ်ရာခိုင်နှုန်းလောက်သာ ပေးဆောင်ကြ ရပါသည်။ သန်ြးွကယ်သူဌေးများ၏ အခွန်ငွေ လျှော့ချမှုနည်းလမ်းမှာ နှစ်စဉ်ဝင်ငွေကို အခွန်ဆောင်ရမည့် ပမာဏထက် သိပ်ပြီး ပိုမသွားအောင် ထိန်းထားနိုင်ခြင်းပင်ဖြစ် သည်။ သူတို့အနေဖြင့် စတော့ရှယ်ယာ များကို တိုးပွားအောင်ဝယ်ယူမြှုပ်နှံကြ သည်။ ထို့ကြောင့် စတော့ရှယ်ယာဈေးနှုန်း မြင့်တက်ခြင်းမှနေ၍ အမြတ်အစွန်းများ ရရှိနေကြသည်။ အဆိုပါ စတော့ရှယ်ယာ များသည် မရောင်းရမီမှာ အခွန်ငွေ ထမ်း ဆောင်ရန် မလိုအပ်သေးပါ။ သည်နည်း ဖြင့် နှစ်စဉ်အခွန်ငွေ ထမ်းဆောင်ရမည့် ငွေကြေးပမာဏ နည်းအောင်လုပ်ဆောင် ကြရသည်။ ရင်းနှီးမြှုပ်နှံမှုသည် ငွေသားအတိ ပြောင်းလဲချိန်ထိ ထမ်းဆောင်ဖို့ဆိုင်းငံ့ သလောက်အကျိုးရှိသည်။ တခြားအမြတ် တစ်ခုမှာ ရင်းနှီးငွေ ရှယ်ယာအမြတ်ငွေ နှင့်အတိုးနှုန်းများသည် သာမန်ဝင်ငွေ အပေါ် ကောက်ခံသည့် အခွန်နှုန်းထား ထက် လျော့နည်းပါသည်။
ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းထူထောင်ပါ
သင့်အနေဖြင့် သန်ြးွကယ်သူဌေး ဖြစ်လိုသည်ဆိုပါက သူတစ်ပါး၏ လုပ်ခ စား အလုပ်ထက် ကိုယ်ပိုင်လုပ်ငန်း ထူ ထောင်ရန်လိုသည်။ ကိုယ်ပိုင်လုပ်ငန်း ထူထောင်လုပ်ကိုင်သူသည် သူတစ်ပါး အခစားလုပ်ကိုင်သူထက် သန်ြးွကယ် သူဌေးဖြစ်နိုင်ခြေ လေးဆပိုကြောင်း တွေ့ ရှိရသည်။ လုပ်ခစား အလုပ်သမား တစ်ယောက်မှာ အလုပ်ရှင်က ပေးသ လောက် ဝင်ငွေသာရရှိမည်ဖြစ်သည်။ သို့သော်ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင် သူများမှာမူ သူတို့၏ လုပ်ငန်းကြီးပွား တိုးတက်အောင်လုပ်ဆောင်နိုင်ရန် အခွင့် အလမ်းများ ပြည့်နက်နေသည်။ အသက် ၃၈ နှစ်အရွယ်ရှိ ကလ်နလ် ဘဒ်ဝဲလ်ဆိုသူသည် ကွန်ပျူတာအပို ပစ္စည်းရောင်းဝယ်ရေး၏ ပိုင်ဆိုင်မှု ၆၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသူဖြစ်သည်။ သူ၏ တစ်နှစ်တာဝင်ငွေမှာ ဒေါ်လာ ၂ ဒသမ ၅ သန်းရှိပါသည်။ သူ့ကိုယ်သူ တစ်နှစ်ဒေါ်လာ ၃၀çဝ၀ဝ လစာပေးထား သည်။ အသုံးစရိတ်အဖြစ် ကန့်သတ်ထား ခြင်းဖြစ်သည်။ သူ့အနေဖြင့် အမှန်တကယ် စိတ် လှုပ်ရှားဖွယ်ကောင်းစေသည့်အရာမှာ စတုရန်းပေ လေးသောင်းကျယ်ဝန်းသော အလုပ်ရုံသစ်ထဲ လမ်းလျှောက်ပြီး သူ၏ စီးပွားရေးလုပ်ငန်းကြီးထွားရှင်သန်နေ သည်ကို တွေ့မြင်နေရခြင်းဖြစ်သည်ဟု သူကိုယ်တိုင်က ဂုဏ်ယူဝံြွ့ကားစွာ ပြောဆို နေလေ့ရှိသည်။
အောင်သစ်
အခွင့်အလမ်း
မူရင်း - http://www.yoyarlay.com/opinions/ts-news/articles/16553-2011-11-19-06-07-36

0 comments:

Post a Comment