Saturday, November 5, 2011

ဦးသိန်းစိန်အစိုးရရဲ့ ဘာလဲဟဲ့ဒီမိုကရေစီ

တွံတေးမြိုနယ် အာဏာပိုင်းများ၏ ဥပဒေမဲ့ လုပ်ရပ်
 တွံတေးမြို့နယ် အာဏာပိုင် အဖွဲ့အစည်းများသည် အာဏာ အလွဲသုံးစားပြုလုပ်၍ အတိုက်အခံနိုင်ငံရေးအဖွဲ့အစည်း

များအား ဥပဒေမဲ့တိုက်ခိုက် ချောက်ချမှုများပြုလုပ်နေကြကြောင်း တွံတေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူငယ်များထဲံမှသိရှိရသည်။ ယမန့်နေည (၃.၁၁.၁၁) တွင်တွံတေး
မြိုနယ် NLD လူငယ်အစည်းအဝေးအတွက် တွံတေး NLD လူငယ်များဖြစ်သော ကိုကျော်မိုးနိုင် နှင့် ကိုအောင်ကျော်ဇော တိုနှစ်ဦးမှာ အစည်းဝေးလိုက်
လံဖိတ်ကြားပြီ အပြန် ည ၁၀ နာရီခန့်တွင် တွံတေးမြိုနယ်မှ စွမ်းအားရှင်တဖြစ်လဲ  ဆယ်အိမ်ခေါင်းများ ဖြစ်ကြသော ကျော်တင့် နှင့် ၀င်းနိုင်တို့ ပါဝင်
သော အဖွဲ့က လမ်းမှ စောင့်ဆိုင်းပြီ ချောင်းမြှောင်းက ၀ိုင်းဝန်ရိုက်နက် ခဲ့ကြ သဖြင့် NLD လူငယ်များဖြစ်သော ကိုကျော်မိုးနိုင်မှာ ခေါင်းကွဲပြီ နုတ်ခမ်း
နှင့်ကျောကုန်းတွင် ရိုက်နှက်ခံရသော ဒဏ်ရာများရရှိခဲ့ ၍ တွံတေးမြိုနယ် ပြည်သူဆေးရုံကြီးတို ညတွင်းချင်း တင်ပိုခဲ့ရပြီ အခြား NLD လူငယ်တစ်ဦး
ဖြစ်သူ ကိုအောင်ကျော်ဇော မှာ မှု ဖူးယောင်ပွန်းပဲ့ ဒဏ်ရာများရရှိခဲ့ပါသည်။ ထိုဖြစ်စဉ် နှင့် ပက်သက်၍ တွံတေးမြို့နယ် NLD လူငယ်တာဝန်ခံ ကိုရဲထွဏ်ခေါင်မှ
 ကျော်တင့် နှင့် ၀င်းနိုင်တိုအား ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၂၅ အရ တွံတေးမြို့နယ် ရဲစခန်းတွင် အမှု ဖွင့်ထားသောလဲ သက်ဆိုင်ရာ
အာဏာပိုင်းများက ယခုအချိန်ထိ အရေးယူဆောင်ရွက်ပေးချင်မ၇ှိသေးကြောင်း သိရှိရပါသည်။ ယခင်လ ကလဲ တွံတေး NLD တာဝန်ခံနှင့် တွံတေးရဲ
စခန်းမှ အရာရှိများ ယခုကဲ့သို့ ပြသာနာဖြစ်ပွားခဲ့သည်အတွက် အပြန်အလှန် တရားစွဲဆိုမှုများပြုလုပ်ခဲ့ကြပြီ ယခုအထိ အမှုပြီးပြတ်ခြင်းမရှိသေးပေ။
ယခုညနေပိုင်းတွင်အဆိုပါစွမ်းအား
ရှင်များက NLD လူငယ်နှစ်ဦးအားလူငှားရ်ျသတ်ပစ်မည်ဟုထပ်မံခြိမ်းခြောက်ပြန်သဖြင့်ရဲစခန်းသို့ တိုင်တန်းထားပါသည်။


ရဲထွဋ်ခေါင်
တွံ့ တေးမြို့ နယ် NLD လူငယ်တာဝန်ခံ
0973133594

0 comments:

Post a Comment