Friday, August 5, 2011

ငြိမ်းချမ်းရေးလမ်း ဒို့လျှောက်လှမ်းကြစို့သူငယ်ချင်း


ငြိမ်းချမ်းရေးလမ်း ဒို့လျှောက်လှမ်းကြစို့သူငယ်ချင်း
ဒီမယ်သူငယ်ချင်း…
ဒို့ငယ်စဉ်ကာလ ကလေးဘ၀ကပေါ့
အတူတူသွား အတူတူစား
အတူတူကစားလို့ စာတွေသင်
ပြုံးပျော်ရွှင်ကြ လက်တွဲကြပေါ့.
လူမျိုးမတူ ဘာသာမတူလဲ
တမြေတည်းသား ညီနောင်များမို့
ဒို့ချစ်ခင်ကြ လက်တွဲကြပေါ့…
ငယ်ကကြီးလာ ယခုခါမှ..
အတ္တမာန ထောင်ကာကြွပြီး.
မင်းကဘာကောင် ငါဘာကောင်နှင့်
ဝါဒမှိုင်းအောက် ဒို့တတွေရောက်ပြီး
အချင်းချင်းတိုက် ဒို့ဆက်မိုက်လို့
ဒို့ညီနောင်သွေးတွေ စတေးရတာလဲများလှပြီ
ဒီမယ်သူငယ်ချင်း…..
ဒို့ကိုပိုင်းခြား သွေးခွဲထားသည့်
အာဏာရှင်စနစ် ၀ါဒမှိုင်းညစ်ညစ်ကို
ဒို့တတွေခွါချ ခ၀ါချပြီး
ငယ်စဉ်ကာလ ကလေးဘ၀လို
အတူတူလက်တွဲ ယှဉ်ကာနွှဲလို့
ငြိမ်းချမ်းရေးလမ်း ဒို့လျှောက်လှမ်းစို့သူငယ်ချင်း….

ပြည်သူပြည်သား ညီနောင်များအချင်းချင်း သွေးကွဲအောင် မညီညွတ်အောင် ဆက်လက်ဖုံးလွှမ်းအမှောင်ချထားသော အာဏာရှင် စနစ် ၀ါဒမှိုင်းညစ်ညစ်ကို တွန်းလှန်ဖြိုဖျက်သောအားဖြင့် ပြည်နယ်တိုင်းအသီးသီး တောရော မြို့ပါမကျန် လူမျိုးစုံ ဘာသာစုံ ရဟန်းရှင်လူ ကျောင်းသား ပြည်သူ ၀န်ထမ်း စစ်တပ် အားလုံးပူးပေါင်းပါဝင်ကာ ၈.၈.၂၀၁၁ မှစတင်ကာ ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲများ ပြန်လည်ဆင်နွှဲကြပါစို့ဟု တိုက်တွန်းနိုးဆော်ရင်း…………     
  
                                                                                         ပြည်သူ့စေတမာန်

0 comments:

Post a Comment