ဧရာဝတီကိုလည်း မမေ့ပါနဲ့...
ပုလင်းချင်းခိုက်၊ ခွက်ချင်ရိုက်ရင်း ... ဧရာဝတီကို သစ္စာဖောက်လေပြီ....
ပြီးခဲ့တဲ့နှစ်
၂၀၁၀ ဖေဖော်ဝါရီလ ၂၅ရက်နေ့က ထိုစဉ်နအဖ ဝန်ကြီးချုပ်ဦးသိန်းစိန်နဲ့
သက်ဆိုင်ရာဝာာဝန်ရှိ ပုဂ္ဂိုလ်များဟာ မြစ်ဆုံဆည် စီမံကိန်းသို့
ရောက်ရှိလာခဲ့ပြီး မြစ်ဆုံဆည် တည်ဆောက်ရေး လုပ်ငန်းများအား ရဟတ်ယာဉ်ဖြင့်
လှည့်လည်ကြည့်ရှုခဲ့တယ်လို့ ဆိုပါတယ်...။

နိုင်ငံတော် သမ္မတကြီးခင်ဗျား
ဧရာဝတီမြစ်ကြီး ထာဝရရှင်သန်ရေးဟာ ကျွန်တော်တို့ မြန်မာနိုင်ငံသူ/
နိုင်ငံသားတွေအတွက် အသက်တမျှ အရေးကြီးပါတယ်။ သမ္မတကြီးလည်း ဧရာဝတီ
မြစ်ဝကျွန်းပေါ်သား တစ်ဦးပါ...။ ယခင်အစိုးရနဲ့ ယခုအစိုးရ မဆိုင်လို့
သမ္မတကြီးတို့ ဆိုချင်ဆို ပြောချင်ပြောပါ...။ ယခင်အစိုးရလက်ထက်
ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ သမ္မတကြီးကိုယ်တိုင် ဒီစီိမံကိန်းတွေ
အမြန်ပြီးစီးအောင် ညွှန်ကြားခဲ့တာ... သမိုင်းမှတ်တမ်းတွေ ရှိပါတယ်..။
ယခုအချိန်မှာ သမ္မတကြီးအနေနဲ့ မသိချင်ယောင်ဆောင် နေလို့မရပါ။ မပြေးသော်လည်း
ကန်ရာရှိပါတယ်....။ ယခင်ဝန်ကြီးချုပ် ယခုသမ္မတကြီးမှာ တာဝန်ရှိပါတယ်... ။
သမ္မတကြီးခင်ဗျား လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမြန်တွေ့ဆုံပြီး ရိုးသားစွာ ဆွေးနွေး အဖြေရှာပေးပါ...။
" ဧရာဝတီကိုလည်း မမေ့ပါနဲ့ "
သမ္မတကြီးခင်ဗျား နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး အတွက် ရိုးသားစွာ အမြန် ဆွေးနွေးညှိနှိုင်း အကောင်အထည် ဖော်ပေးပါ။
" ဧရာဝတီကိုလည်း မမေ့ပါနဲ့ "
သမ္မတကြီးခင်ဗျား အမျိုးသားရင်ကြားစေ့ရေး အတွက် ရိုးသားစွာ အမြန်ဆုံး ဆောင်ရွက်ပေးပါ...။
" ဧရာဝတီကိုလည်း မမေ့ပါနဲ့ "
သမ္မတကြီးခင်ဗျား ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားဒေသတွေမှာ အပစ်အခတ်တွေ ရပ်စဲပေးဖို့ ရိုးသားစွာ ဆောင်ရွက်ပေးပါ...။
" ဧရာဝတီကိုလည်းမမေ့ပါနဲ့"
သမ္မတကြီးခင်ဗျား သမ္မတကြီးနောက်ကွယ်မှာ ကြိုးကိုင် လှုပ်ရှားနေတဲ့သူတွေ ရှိနေရင်လည်း ရိုးသားစွာ ........... ???
"ဧရာဝတီကိုလည်း မမေ့ပါနဲ့"
ဒီမိုဝေယံ...
0 comments:
Post a Comment