Tuesday, August 30, 2011

မကြောက်ပါနှင့် ဧရာဝတီ

မကြောက်ပါနှင့် ဧရာဝတီ
ဧရာဝတီရဲ့ ရေ မြေ ကျေးဇူးကြီးလှပေ

လူသုံးကုန်ဆို အကုန်ထွက် ဒါဟာတိုင်းပြည်အတွက်

ပြည်သူများရဲ့ အသက်ဟာ ဧရာဝတီရဲ့ရေမြေပါ

ကောက်ပဲသီးနှံ စိုက်ထုတ်ပေး ဧရာဝတီတဲ့လေး

လှေစီးလို့ ငါးရှာ အားလုံးရဲ့အားကိုးရာ ဧရာဝတီရဲ့မေတ္တာ

လှေစီးရင်းရေသောက် နွမ်းနယ်မှုတွေပျောက်

ဝမ်းပူပျောက်လို့ ရင်မှာအေး ဧရာဝတီရဲ့ဆေး

ငါ့တို့ရဲ့ဧရာဝတီ ပြည်သူ့အတွက်ရပ်တည်

မင်းကိုရောင်းတဲ့ လူယုတ်မာများ ကုလားနာတိုက်စေသား

မင်းကိုဝယ်တဲ့ တရုတ်ကုလား ကုလားနာတိုက်စေသား

မကြောက်ပါနှင့်ဧရာဝတီ ပြည်သူကကယ်မည်

ဧရာဝတီရှင်သန်မှ ပြည်သူတွေချမ်းသာရ။

                                        တံငါလှေ


0 comments:

Post a Comment