တရုတ်နည်းပညာ၊ ဧရာဝတီနဲ့ မြန်မာတမျိုးသားလုံးရဲ့ ကံကြမ္မာ
တရုတ်ပြည်ရဲ့ တဟုန်ထိုး
စီးပွါးရေးတိုးတက်လာမှုကြောင့် ဖြစ်လာရတဲ့ စွမ်းအင်လိုအပ်ချက်ဟာ တရုတ်ပြည်ထဲ
က မြစ်တွေပျက်စီးခဲ့ရုံနဲ့ မပြီးဘဲ မြန်မာပြည်ကိုမွေးဖွားသန့်စဉ်ပေးခဲ့တဲ့
တခုတည်းသော မြန်မာအမျိုးသားပိုင် အမိ ဧရာဝတီကို သတ်ဖြတ်ဖို့
ကြိုးစဉ်ဆောက်နေတဲ့အဆင့်အထိ ရောက်လာခဲ့ပါပြီ။ ကျနော့်အနေနဲ့
ဒီဓါတ်ပုံသတင်းဆောင်း ပါးမှာ ပြည်ထောင်စု၊ တိုင်းပြည်နဲ့ လူမျိုးကိုချစ်တဲ့
မြန်မာတမျိုးသားလုံးကို တင်ပြချင်တဲ့ အခြေခံအချက်ကတော့ တ ရုတ်တွေဟာ
သူတို့ကိုယ်ပိုင်မြစ်တွေကို ဘယ်လိုသတ်ဖြတ်ခဲ့ကြပြီလဲ။
သူတို့သဘာဝပတ်ဝန်းကျင်ကို ဘယ်လိုဖျက်ဆီး ခဲ့ကြပြီလဲ ဆိုတာကို
တင်ပြလိုက်ပါတယ်။

ကမ္ဘာ့အကြီးဆုံး Three Gorges Dam ကို ယန်စီမြစ်လည်ကနေဖြတ်ပြီး ဆောက်ခဲ့ပါတယ်။ စီးပွါးရေးသမားတွေ နဲ့ နိုင်ငံရေးသမားတွေ သူတို့နဲ့ အဆွယ်အပွားတွေအားလုံး အကျိုးရှိသွားခဲ့ပါတယ်။ ဒါပေမယ့် သဘာဝပတ်ဝန်းကျင် နဲ့ ဂေဟဗေဒစံနစ်တွေအားလုံး ပျက်စီးခဲ့ပြီး တရုတ်တမျိုးသားလုံးအတွက် သမိုင်းဝင် ယန်ဇီမြစ်ကြီး ဘ၀ပျက်သွားခဲ့တာ ကို မျက်စိမှိတ် လျစ်လျူရှုခဲ့ကြပါတယ်၊ အာရှတိုက်ရဲ့အရှည်ဆုံးသော ယန်ဇီမြစ်ကြီးဟာ လျှပ်စစ်ဓါတ်အား ၁၈,၂၀၀ မီဂါဝပ် ထုတ်ပေးတဲ့ Three Gorges Dam ရဲ့ ၀ါးမြိုဖျက်ဆီးခြင်းကို အဖတ်ဆယ်မရအောင် ခံလိုက်ရပါပြီ။



တရုတ်နိုင်ငံ အရှေ့ခြမ်း ယန်ဇီပြည်နယ် နန်ချန်းမြို့အနီး ဖုဟေးမြစ်မျက်နှာပြင်ပေါ်တွင် အစုလိုက်အပြုံ လိုက် သေနေသော ငါးများ။ (August 17, 20011)
ဒီ ဖုဟေးမြစ်ထဲကငါးတွေ အကြီးအသေး တကောင်မှမကျန်အောင် သေကြေခဲ့ရခြင်းဟာ မြစ်ကိုဖြတ်ကူးတဲ့ တံတား တစင်းကို တည်ဆောက်ခြင်းကြောင့် ဖြစ်လာရခြင်းပါ။ ဒါကိုကြည့်တာနဲ့ တရုတ်နည်း ပညာဟာ ဘယ်လောက်အဆင့် အတန်းရှိရှိ ဂုဏ်သိက္ခာရှိသလဲဆိုတာ မြက်ဝါးထင်ထင် တွေ့မြင်နိုင်ကြမှာပါ။

နန်ချင်းမြို့ဘေးမှာတင် ပုပ်ပွနေတဲ့ ငါးအသေကောင်တွေနဲ့ ပြည့်နှက်နေတဲ့ ဖုဟေမြစ်ရဲ့ ဖြစ်ပျက်နေပုံပါပဲ။ (August 17, 20011) ဘာစက်မှုမှ မယ်မယ်ရရ မတိုးတက်ဘဲ သဘာဝပန်းဝန်းကျင်ကိုပဲ မှီခိုအားထားအသက်ရှင်နေရတဲ့ (ဧရာဝတီ နဲ့ မြစ်ကြီးငါးသွယ် မြစ်ငယ်ငါးရာကို မှီခိုနေရတဲ့) မြန်မာ့လူဦးရေရဲ့ ၇၀% ရာနှုန်းရဲ့ အနာဂတ်ဘ၀တွေကို ဒီမြင် ကွင်းတွေ အပေါ်ကနေ ပြက်ပြက်ထင်ထင် မြင်နိုင်ကြမှာပါ။

သိပ်မကြာခင်ဆယ်စုနှစ်အတွင်းမှာ ကျနော်တို့ မြန်မာလူမျိုးတွေ အခုမြင်နေရတဲ့ တရုတ်ပြည်က မြစ်တွေထဲကငါးတွေလို ပိုးလိုးပက်လက် သေသူသေ ဖုတ်လိုက်ဖုတ်လိုက်နဲ့ သေဖို့ကို စောင့်သူစောင့် ဘ၀ရောက်ကြရတော့မယ်ဆိုတာ သိစေ ချင်ပါတယ်။

ကျုပ်တို့လူမျိုးတွေ သည်ငါးတွေလို သေအတူယှဉ်မခွာ အတူသေကြတော့ မလား။

ဒီပုံကတော့ ယန်ဇီမြစ်ကိုဖြတ်ပြီးဆောက်ခဲ့တဲ့ ကမ္ဘာ့အကြီးဆုံးဆိုပြီး တရုတ်ကွန်မြူနစ်ပါတီက ဟိတ်ဟန်ထုတ်နေခဲ့တဲ့ Three Gorges Dam ကြောင့် ဇူလိုင် ၂၇, ၂၀၁၁ နေ့က ဖြစ်ပွါးခဲ့တဲ့ ရေကြီးမှုတစိတ်တဒေသရဲ့ ဓါတ်ပုံပါ။ တ စက္ကန့်ကို ရေကုဗမီတာ ၇၀ ၀၀၀ ကျော် နှုန်းနဲ့ ထိမ်းမနိုင်သိမ်းမရ ဒလဟောထွက်လာတဲ့ ရေတွေကို တရုတ်ကွန်မြူနစ် ပါတီက အာဏာပိုင်တွေ မတားဆီးနိုင်ခဲ့ပါဘူး၊

တိုင်းပြည်ကိုချစ်တဲ့ တရုတ်အများစုကြီးကတော့ သည်ဆည်ကြီးကို ယံဇီကိုသတ်ခဲ့တဲ့ ငရဲခန်းကြီးလို့ တွင်တွင်ခေါ်နေကြ ပါတော့တယ်။

ယန်ဇီကိုသတ်ဖြတ်ခဲ့တဲ့ Three Gorges Dam ကြောင့် ၂၀၁၀ မှာ လူ ၁၂၀၀ ရေသင်္ချိုင်းမှာ မြှုတ်ခဲ့ရပြီး ဒေါ်လာသန်း ပေါင်း ၂၂ ဘီလီယံ ဆုံးရှုံးခဲ့ရပါတယ်။

ယူနက်စကို (World Heritage Site) ရဲ့ 2007 အစီရင်ခံစာအရ တရုတ်နိုင်ငံမှာ လူသန်း (၃၀၀) ဟာ ညစ်ညမ်း တဲ့ ရေတွေကို သောက်သုံးနေကြရပြီး လူသန်းပေါင်း (၁၉၀) ဟာ မသန့်ရှင်းတဲ့ရေ သောက်သုံး သုံးစွဲရမှုကြောင့် ဖြစ် ရတဲ့ ရောဂါတွေရနေကြပြီလို့ ဆိုပါတယ်၊ ၂၀၁၁ ခုနှစ်မှာ ဒီအရည်အတွက်ဟာ ၂၀% ထပ်တိုးလာပြီလို့ ခန့်မှန်းကြ ပါတယ်။ကျနော်တို့ရဲ့ နောင်လာနောက်သားတွေ ကနေ့ တရုတ်ပြည် ရဲ့ လူနည်စုကောင်းစားပြီး လူသန်းပေါင်းများစွာ ဘ၀ပျက်နေရတဲ့ အဖြစ်မျိုးကို မကြုံရအောင် အချိန်မနှောင်းခင် အမျိုး သားရေးအမြင်ဖြင့် အလျှင်အမြန်ဝိုင်းဝန်းကြရန် လိုအပ်နေပါပြီ။ (သိပ်မကြာခင် ဖြစ်လာမဲ့ အထက်ကလို အနိဋ္ဌာရုံတွေအတွက် တရုတ်တွေလည်း ဘာအာမခံချက်မှ မပေး နိုင်ပါဘူး။ တရုတ်တွေ သူတို့မြစ်တွေဖျက်ဆီးပြီးလို့ အားလုံးရစရာမရှိတော့ချိန်မှာ နောက်ဖေးအိမ်က စမ်းချောင်းထဲမှာ အညစ် အကြေးစွန့်ဖို့လုပ်တဲ့ ဖြစ်ရပ်နဲ့ မခြားပါဘူး။)
ဧရာဝတီ ကမ္ဘာတည်သရွေ့စီးပါစေ။
မြန်မာပြည်သည် ဧရာဝတီစီးသရွေ့ တည်ပါစေ။ (ဧရာဝတီ ပျက်တဲ့နေ့ဟာ မြန်မာပြည် အသက်ထွက်တဲ့နေ့ ပါပဲ)
အမှားတခုကို ကျူးလွန်ရန်အတွက် ဘယ်အမှန်တရားနဲ့မှ သက်သေပြ၍မရ
လေးစားစွားဖြင့်
လှိုင်ဘွား / 88
0 comments:
Post a Comment