Sunday, August 28, 2011

ကုလားနှင့်ဗမာ ထိုးကြိတ်ရာမှ မကျေနပ်သည့် ဒေသခံများနှင့် အာဏာပိုင်များထိပ်တိုက်တွေ့

ကုလားနှင့်ဗမာ ထိုးကြိတ်ရာမှ မကျေနပ်သည့် ဒေသခံများ ရာချီစုရုံးလာသည့်အတွက် ရဲအာဏာပိုင်များနှင့် ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားနေလျှက်ရှိသည်။
ယမန်နေ့ည ၉ နာရီခန့်က ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့ပေါ်တွင် ဗမာတဦးအား ကုလားငါးဦးက ဝိုင်းရိုက်ခဲ့ရာ ဒါဏ်ရာအပြင်းအထန်ရရှိသွားပြီး မကျေနပ်သည့် ဒေသခံ ၇၀၀ ကျော်က ပလီရှေ့ကို ဝိုင်းထားပြီး ရဲအင်အား ၄၀ ခန့်က စောင့်ကြပ်နေလျှက်ရှိကြောင်း ဒေသခံတဦးက ပြောသည်။

 “ဖြစ်တာက ညတုန်းက ၉ နာရီလောက်မှာ မြို့လယ်ခေါင်က ဒေါ်စု စက်သုံးဆီဆိုင်ရှေ့မှာ ဖြစ်တာ၊ ကုလားတွေက ဝိုင်းရိုက်တော့ အရိုက်ခံရသူက တကိုယ်လုံးဖူးယောင်ပြီး ဒါဏ်ရာ တော်တော်ပြင်းတယ်၊ လောလောဆယ် ဆေးရုံကြီးမှာ အတွင်းလူနာဖြစ်နေတယ်” ဟု ပြောသည်။
ယင်းကဲ့သို့ ရိုက်နှိက်ထွက်ပြေးသွားသည့် ကုလားများအား ပလီထဲတွင် ဝှက်ထားသည့်အတွက် ဒေသခံများက ပလီရှေ့က စောင့်နေသည့်အပြင် ကုလားသချိုင်္ိင်းအနီးတွင်လည်း လူအင်အား ထောင်နှင့်ချီဝိုင်းအုံလာပြီး ရဲအင်အားများလည်းထပ်မံ တိုးချဲ့လိုက်ကြောင်း ဒေသခံများက ဆက်ပြောသည်။
“ည ၁၁ နာရီလောက်ကြတော့ ကုလားသင်္ချိင်းနားမှာ လူတထောင်လောက်ထပ်တိုးလာတော့ ရဲတွေလည်း ၁၀၀ လောက်ထပ်ပြီး စောင့်ကြပ်နေတာတွေ ပြုလုပ်နေတယ်၊ ရဲတွေကတော့ ဝိုင်းလာတဲ့လူတွေကို  အိမ်ကို အတင်းပြန်ခိုင်းတယ်” ဟု ဆက်ပြောသည်။
အရိုက်ခံရသည့် ကိုစိုးဝင်းသည် အသက် ၄၅ နှစ်ခန့်ရှိပြီး  ဝိုင်းရိုက်သည့် ကုလားများမှာ ကြည်ကြည်ဝင်းရပ်ကွက်တွင် နေထိုင်သူများ ဖြစ်ကြောင်း ဒေသခံက ပြောသည်။
မကြာသေးခင်ကလဲ မန္တလေးမြို့ကျောက်ဝိုင်းတွင် နိုင်ငံခြားသား တရုတ်လူမျိုးများ ဝိုင်းရိုက်နှက်ထိုးကျိတ်မှုကြောင့် ဗမာတဦး ဒါဏ်ရာရရှိခဲ့ပြီး ယင်းကဲ့သို့ ပြုမူမှုကို မကျေနပ်သည့် ဒေသခံများက သောင်းနှင့်ချီပါလာပြီး အာဏာပိုင်များနှင့် ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားခဲ့သည်။

0 comments:

Post a Comment