Monday, December 26, 2011

သင်ဘယ်လိုလူလဲ ?..........


အတွေးအမြင်စာစဉ် အမှတ်(၂၃၃)
နှစ်ဖက်သုံး အစွမ်းထက်လှသည့် အရာများနှင့်လူ
          သမိုင်းမတင်မီကပင် ရှေးဦးလူသားတို့သည် မီးကိုစတင်တွေ့ရှိခဲ့သည်။မိုးကြိုးပစ်ခြင်း၊မီးတောင်ပေါက်ကွဲခြင်း၊ ဥက္ကာပျံ ကြယ်တို့ကြွေကျခြင်းတို့ကြောင့်မီးဖြစ်ပေါ်လာသည်။ရှေးဦးလူသားတို့သည် ထိုမီးတို့ကိုမြင်သော် ထွက်ပြေးကြသည်။နောင်အ ခါသိလိုစိတ်ကြောင့်မီးအနီးသို့ချဉ်းကပ်လာကြသည်။မီးကြောင့် လူသားတို့ထွက်ပြေးသလို သားရဲတို့ထွက်ပြေးစေခြင်း၊ရာသီ ဥတုအအေးဒဏ်ကိုကာကွယ်နိုင်ခြင်းနှင့်ညအချိန်ကြောက်စိတ်ကိုပယ်ဖျက်နိုင်ခြင်းဟူသောမီး၏အကျိုးးကိုသိလာသည်။ထို့ နောက်မီးဖြင့်သားစိမ်းကိုကင်စားတတ်လာသည်။ထို့အတူ မီးကိုကူးယူပြီးကြာရှည်စွာထိန်းထားနိုင်လာ၏။မီးမရှိတော့သောအခါ ပွတ်တိုကမှုကြောင့် မီးဖြစ်လာပုံကိုသိလာပြီး သစ်သားခြင်း၊မီးခတ်ကျောက်စသဖြင့်အသုံးချလာ၏။
          ဤကားသမိုင်းအစ၌ လူသားတို့အတွက် အကျိုးပြုနိုင်သောမီးကိုတွေ့၇ှိခြင်းနှင့်အသုံးခတတ်လာခြင်းဖြစ်၏။မီးက လူသားအတွက်အကျိုးပြုသော အစေအပါးဖြစ်လာသလို မီးလောင်မှုကြောင့်လူသားတို့၏အသက်အိုးအိမ်၊ စည်းစိမ်ချမ်းသာကို ဖျက်ဆီးသောအကျိုးမဲ့စေသည့် ရန်သူဖြစ်လာပြန်သည်။သမိုင်းတွင်ခရစ်နှစ် ၆၄ ကရောမမြို့ကြီးမီးလောင်မှု၊၁၆၆၆ ခုနှစ်က လန်ဒန်မြို့ကြီးမီးလောင်မှု၊၁၉၃၂ ကတိုကျိုမြို့ကြီးမီးလောင်မှုတို့သည် အကြီးမားဆုံးသောမီးလောင်မှုများဟုမှတ်တမ်းတင် ထား၏။
           ထို့အတူလူသားတို့၏အကျိုးအတွက် အသုံးချဖို့ထုတ်လုပ်ရှာဖွေ့တွေ့ရှိခဲ့သော ဒိုင်းနမိုက်(ယမ်းဘီးလူး)သည် အသုံးချ ပုံလွဲသောအခါ အကျိုးမဲ့ရန်သူဖြစ်လာရသည်။
          အဲဖရက်ဗားနဒ်နိုဗဲလ်(၁၈၃၃-၁၈၉၆)သည် ၁၈၆၇ ခုတွင် ဒိုင်းနမိုက်ကိုတီထွင်နိုင်ခဲ့သည်။သူ၏တွေ့ရှိချက်သည်ကောင်း ကျိုးအတွက်အသုံးပြုရန်ဖြစ်သော်လည်း နောင်အခါလူသတ်လက်နက်ဖြစ်လာသောကြောင့်များစွာစိတ်မချမ်းသာဖြစ်ရပြီး ငြိမ်းချမ်းစွာ လူသားတို့၏ အကျိုးပြုနိုင်ရေးအတွက် သူကွယ်လွန်သောအခါ ဒေါ်လာကိုးသန်း မ တည်ထားသော ငြမ်းချမ်းရေး နိုဗဲလ်ဖောင်ဒေးရှင်းကိုတည်ထောင်ခဲ့သည်။
          လူသားသည် အရာဝတ္ထုတစ်ခုကို ကောင်းသောဘက်၌ အသုံးချနိုင်သလို ဆိုးသောဘက်၌လည်းသုံးတတ်သည်။ထို့ ကြောင့် ဒိုင်းနမိုက်သည် ကောင်းကျိုးကိုသုံးလျှင် လူ့အဖေါ်ဖြစ်၍ ဆိုးကျိုးသုံးလျှင် လူသတ်လက်ဖြစ်လာရသည်။
          အနုမြူ ..သည်အကောင်းဆုံးစွမ်းအင်ထုတ်လုပ်မှုဖြစ်သလို လူသတ်လက်နက်ဖြစ်နေသည်။၁၉၃၉ တွင် အိုဟန်နှင့် အက်ဖ်စတက်စမာနီးတို့သည် ယူရေနီယမ်ဒြပ်စင်မှ အမြူကိုရှာဖွေထုတ်လုပ်နိုင်ခဲ့သည်။၁၉၄၅ ဇူလိုင်လ ၁၆ ရက်တွင်နယူး မက္ကဆီကိုသဲကန္တာရ၌ အနုမြူကိုစမ်းသပ်ဖောက်ခွဲခဲ့သည်။အက်တမ်မှစွမ်းအင်ထုတ်လုပ်မှုသည် ကမ္ဘာ့သိပ္ပံလောကကြီး၏ အကြီးမားဆုံး အောင်မြင်မှုကိုရလိုက်ပြီဟုဆိုနေဆဲမှာပင် လပိုင်းမကြာမီ သြဂုတ်လ ၆ ရက်နှင့် ၉ ရက်တို့တွင် ဟီ၇ို၇ှီးမားနှင့်နဂါ စကီမြို့တို့ကို အမေ၇ိကန်က အနုမြူဗုံးကြဲလိုက်သောအခါ တီ၊အဲင်န်၊တီယမ်းတန်ချိန် ၂၀၀၀၀ အင်အားနှင့်ညီမျှုသော အနုမြူဗုံး ဒဏ်ကြောင့် ဟီရိုရှီမား၌လူ ခြောက်သန်းကျော်၊နဂါစကီ၌ လူသုံးသန်းကျော်သေဆုံးခဲ့ကြရသည်။
          အနုမြူသည် လူသားတို့လိုအပ်နေသောစွမ်းအင်ကို အကောင်းဆုံးထုတ်လုပ်ပေးနိုင်သော်လည်း အသုံးချမှုလွဲသောအခါ လူသတ်လက်နက်ဖြစ်လာရပြန်သည်။(ရှာနိုဗိုင်ဓါတ်ငွေ့ယိုစိမ့်မှုနှင့် မတ် ၁၁ ရက်က ဂျယ်ငလျင်ဒဏ်ကြောင့်ဖူကူရှီးမားနယူက လီးယား ဓါတ်ပေါင်းဖိုများ ဓါတ်ငွေ့ယိုစိမ့်မှုကြောင့် ပိတ်လိုက်ရသည်မှာ အနုမြူသည် အကျိုးရှိစွာသုံးတတ်လျှင်ပင်-အကာအ ကွယ်မဲ့ပါက - ဘေးဖြစ်ပုံကိုညွှန်ပြနေသောကြောင့် ယခုအခါနိုင်ငံအကျိုးရှိ အနုမြူဓာတ်ပေါင်းဖိုများ၏ အခြေအနေကို ပြနလည်သုံးသပ်နေကြရ၏။
          ဆိုခဲ့သော မီး၊ ဒိုင်းနမိုက်၊ အနုမြူတို့သည် လူးသားအတွက် အကျိုးပြုအဖေါ် အသုံးချပစ္စည်းဖြစ်စေသလို အကျိုးမဲ့ရန်သူ လူသတ်လက်နက်ပစ္စည်းဖြစ်တတ်သည်ကို တွေ့နုင်၏။ထိုပစ္စည်းတို့သည် မြင်ရသောရုပ်ဝတ္ထုများဖြစ်သည်။
          လူသားတို့အတွက် အကျိုးဖြစ်စေသလို ဒုက္ခရောက်စေသော မမြင်နိုင်စွမ်းဘဲ အင်အားကြီးမားဆုံးသော နှစ်ဖက်သုံး အရာလည်းရှိသေး၏။ထိုအရာ၏အမည်ကား ´´အာဏာ´´ ဖြစ်သည်။ အာဏာ..သည်လူသားတို့ကောင်းကျိုးအတွကစေနိုင် သလို လူသားတို့အတွက်ပါဆင်းရဲဒုက္ခမျိုးစုံကို ´ပေး´ နိုင်သည်။ထို့ထက်ကားဆိုခဲ့သော အထက်ပါလူသတ်လက်နက်များကို ခိုင်းနိုင်သောစွမ်းပကားလည်းရှိသည်။(အနုမြူဗုံးကိုချစေသည်မှာ အာဏာရှိသောလူသားက အမိန့်ပေးစေနိုင်ခြင်းဖြစ်သည်ကို သမိုင်း၌တွေ့ရှိခဲ့ကြပြီးဖြစ်သည်။)
          ထို့ကြောင့်ဆိုခဲ့သမျှသော နှစ်ဖက်သုံး အစွမ်းထက်နေသည့် အရာများကို ဖန်တီးသူ၊ အသုံးချသူမှာ ´´လူ´´ဖြစ်နေ သောကြောင့်အ၇ာအားလုံးတွင် ´လူသာပဓာန´ ဆိုကြခြင်းဖြစ်၏။လူသာပဓာနဟုဆိုလျှုင်ကောင်းသောအရာကိုတီထွင်၊ဖန်တီး၊ စေညွှန်းသူများဖြစ်လာ ´´လူပီသ´´လူ့တန်ဖိုးရှိဖို့အရေးကြီးကြောင်းထင်ရှားနေပေသည်။
အတွေးအမြင်စာစဉ် အမှတ်(၂၃၃) ၂၀၁၁ သြဂုတ်လ စာအုပ်မှကူးယူဖေါ်ပြပါသည်။
အားလုံးလူပီသ၍ လူ့လောကအတွက်အသုံးကျသော လူ့အဖိုးတန် တန်ဖိုးရှိများဖြစ်နိုင်ကြပါစေ။

0 comments:

Post a Comment