Saturday, December 31, 2011

“ ၂၀၁၁ ’’ သေဆုံးခြင်း

“ ၂၀၁၁ ’’ သေဆုံးခြင်း
နီရဲတဲ့သွေးစက်တွေနဲ့ ..။
ပူနွေးတဲ့ မျက်ရည်စက်တွေနဲ့..။
သေနတ်သံတွေ တဒိုင်းဒိုင်းကြားမှာ
အရိုးတွေ အပြိုင်းပြိုင်းထတွေနဲ့..။
နာကြင်မှုတွေကြောင့်
တဟီးဟီး ညီးသံတွေနဲ့..။
စွန့်စားမှုတွေကြောင့်
တဟိုက်ဟိုက် မောဟိုက်သံတွေနဲ့..။
“ ၂၀၁၁”ဆိုတဲ့ သက္ကရာဇ်
ဟောဒီကမ္ဘာကြီးကို
သူပစ်သွားပြီ။
ငလျင်၊ မီးတောင်
မုန်တိုင်းနှင့် ဒီရေတွေပေါတဲ့
ဟောဒီကမ္ဘာကြီးကို
သူထားခဲ့ပြီ။
(ပြီးတော့) သူလက်ထက်မှာပြည့်တဲ့
သန်း ၇၀၀၀ ကုန်သော လူသားတွေကိုလဲ
သူမေ့ထားခဲ့ပြီ။
ဟောဒီကမ္ဘာကြီးကို သူရဲ့နှုတ်မှ
“ ၂၀၁၂ မှာ ပျော်ရွှင်ခြင်းတွေနဲ့ဖြတ်သန်းနိုင်ပါစေ” ဟုဆုတောင်းပြီး
သူသေသွားလေသည်။
မောင်ပြည်ချစ်
(၃၁.၁၂.၂၀၁၂)

0 comments:

Post a Comment