Tuesday, December 13, 2011

စာရေးဆရာမကြီး ဒေါ်စောမုံညင်း ကွယ်လွန်

စာရေးဆရာမကြီး ဒေါ်စောမုံညင်း (အမည်ရင်း ဒေါ်ရင်ရင်)
အရှေ့တောင်အာရှ စာပေ ဆုရှင် (S.E.A Writer Award) စာရေးဆရာမကြီး ဒေါ်စောမုံညင်း (အမည်ရင်း ဒေါ်ရင်ရင်) သည် ဒီဇင်ဘာ ၁၂ ရက်နေ့ နံနက် ၁ နာရီ ၅ မိနစ်ခန့်က နေအိမ်အမှတ် ၃၁၈၊ ဦးဝိစာရလမ်း၊ ကမာရွတ်မြို့နယ်၌ လူကြီး ရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရသည်။ ကွယ်လွန်ချိန်တွင် အသက် ၉၂ နှစ် ရှိပြီဖြ စ်သော ဆရာမကြီး ဒေါ်စောမုံညင်းသည် အမျိုးသား စာပေတစ်သက်တာ ဆုရှင်ဖြစ်ပြီး ကန်တော့ခံသက်ကြီး စာပေပညာ ရှင်တစ်ဦး ဖြစ်သည်။ ထို့အပြင်ဆရာမကြီး သည် မြန်မာအမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင် များအသင်း နာယက၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းနာယက၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် ယဉ် ကျေးမှု အကြံပေး၊ မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်း ဗဟိုအလုပ် အမှုဆောင် စသည်တို့အား လုပ် ဆောင်ခဲ့သည်။


ယင်းအပြင် ဆရာမ ကြီးသည် မြန်မာစာဦးစီးဌာန၌ အဖွဲ့ ဝင်အဖြစ် ပါဝင်ခဲ့သလို ဝိဇ္ဇာပညာ ထူးချွန်ဆု ပထမအဆင့်ကိုလည်း ရရှိခဲ့သည်။ အဖ အခွန်တော်မင်းကြီး ဦးစံတင်နှင့် အမိဒေါ်ဒေါ်မြို့တို့မှ ၁၉၂ဝ ပြည့်နှစ်၊ အောက်တို ဘာ လ ၈ ရက်နေ့တွင် မိုးမိတ်မြို့၌  ဖွားမြင်ခဲ့သော ဆရာမကြီးသည် ငယ်စဉ် အထက်တန်းကျောင်းသူ ဘဝကတည်းက စာပေများရေးသား ခဲ့ပြီး ကဗျာ၊ ပြဇာတ်၊ ကလေး စာပေ၊ ယဉ်ကျေးမှုဆိုင်ရာ စာပေ မျိုးစုံရေးသားခဲ့သူ ဖြစ်သည်။ ထို့ အပြင် မဟာဂီတသီချင်းကြီးများ အား ၁၄ နှစ်တိုင် သင်ယူခဲ့ပြီး ကိုယ် တိုင် သီဆိုအသံလွှင့်ရာ ၁၉၈၈ ခုနှစ်မှစ၍ ယနေ့တိုင် မြန်မာ့အသံ ယဉ်ကျေးမှုရေးရာ အဖြာဖြာ၌ တစ်လလျှင်နှစ်ကြိမ် အသံလွှင့်နေဆဲ ဖြစ်သည်။ ဆရာမကြီးသည် စာပေဆိုင်ရာ ထူးချွန်ဆုများအဖြစ် ပခုက္ကူဦးအုံးဖေ တစ်သက်တာ စာပေဆု၊ အမျိုးသားစာပေတစ် သက်တာဆု၊ ဆရာဝန်တင်ရွှေ စာပေဆုများ ရရှိခဲ့သည်။ဆရာမကြီး ဒေါ်စောမုံညင်း ကွယ်လွန်ပြီး ဒီဇင်ဘာ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးဝန်ကြီး ဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းသည် ဆရာမကြီး၏ နေအိမ်ရှိ ကျန်  ရှိသူ မိသားစုအား သွားရောက် နှစ်သိမ့် အားပေးခဲ့ကြောင်း သိရသည်။”ဝန်ကြီးက ဒီနေ့ နေ့လယ် ပိုင်းမှာပဲ လာသွားပါတယ်။ ဆရာမကြီးရဲ့ စာပေဂုဏ်နဲ့ သူ့ရဲ့ စာပေ နဲ့ ပတ်သက်တဲ့ အကျိုးကျေးဇူးတွေကို ချီးကျူးဂုဏ်ပြု သွားပါတယ်”ဟု ဆရာမကြီး ဒေါ်စောမုံညင်း မိသားစုဝင်တစ်ဦးက ပြော သည်။
ပေါ်ပျူလာ ဂျာနယ်

0 comments:

Post a Comment