Friday, December 16, 2011

ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ 'ငြိမ်းချမ်းရေး'ရဲ့ အဓိပ္ပာယ်

အခမ်းအနားတွင်တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်။
ဓာတ်ပုံ - ရတနာ

ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုကို ဒေါ်အောင်ဆန်းစုကြည် ရရှိခဲ့တာ ၂၀၁၁ ခုနှစ်မှာဆိုရင် နှစ် ၂၀ ပြည့်ခဲ့ပါ ပြီ။ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရဲ့ တစ်ဦးတည်းသော ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဖြစ်ပါ တယ်။
ဒီနှစ် ၂၀ ပြည့်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာ့ နိုဘယ် ဆုရရှိခြင်း နှစ် ၂၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို ယခုလ ၁၀ ရက်နေ့က ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်မှာရှိတဲ့ သာဓုပရိယတ္တိ စာသင်တိုက်၊ ရွှေည၀ါ ပညာ့ဗိမာန်မှာ ကျင်းပခဲ့ပါတယ်။
၁၉၉၁ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့မှာ နော်ဝေနိုင်ငံ၊ အော်စလိုမြို့မှာ ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၁ ခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်အဖြစ် ကြေညာတော့ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးတွေအတွက် အကြမ်းမဖက်ဘဲ ရုန်းကန်လှုပ်ရှားခဲ့တဲ့ သူ့ရဲ့ လုပ်ဆောင်မှုတွေအတွက် ချီးမြှင့်တယ်လို့ နိုဘယ်ဆုရွေးချယ် ရေးကော်မတီက ဆိုထားပါတယ်။
"ကျွန်မအနေနဲ့ ငြိမ်းချမ်းရေးဆိုတာကို တကယ့်ကို ရိုးရိုးစင်းစင်းနဲ့ လွယ်လွယ်လေးပြောရမယ်ဆိုရင် ငြိမ်းချမ်းခြင်းဆိုတာက အိပ်တဲ့အခါ ချမ်းသာရမယ်၊ နိုးတဲ့အခါချမ်းသာရမယ်။ ဒါပါပဲ။ ဒီလိုစဉ်းစားလိုက် မယ်ဆိုရင် ကျွန်မတို့အားလုံး သဘောပေါက်မယ် ထင်ပါတယ်"လို့ သူဖွင့်ဆိုထားတဲ့ ငြိမ်းချမ်းရေးရဲ့ အဓိပ္ပာယ်ကို ဒေါ်အောင်ဆန်းစုကြည် က ပြောခဲ့ပါတယ်။
"ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားအားလုံးကို ငြိမ်းချမ်းစေချင်တယ်ဆိုတာ ဒါပါပဲ" လို့ သူက ပြောကြားခဲ့ပါတယ်။

ရတနာထွန်း (မြန်မာ့တိုင်းမ်)

0 comments:

Post a Comment