Saturday, October 1, 2011

ဆရာတော်ဦးဇောတိက အသိပေးစကားစုများ

ပစ္စည်းဥစ္စာဆုံးရှုံးတာ၊ ရာထူးဆုံးရှုံးတာဟာ အကြီးမားဆုံး ဆုံးရှုံးမှု မဟုတ်သေးဘူး။ကိုယ့်ရင်ထဲက အမြင့်မြတ်ဆုံး စိတ်ထားဆုံးရှုံးသွားတာကမှ အကြီးမားဆုံး ဆုံးရှုံးမှုဖြစ်တယ်။ကိုယ်ပိုင်ဆိုင်ထားတဲ့ ပြင်ပ ပစ္စည်းတွေထက် ကိုယ့်ရင်ထဲကသဘောထားက ပိုပြီးအရေးကြီးပါတယ်။ သင်္ချာမှာ ပုံသေနည်းဆိုတာရှိတယ်။ ဘဝမှာပုံသေနည်း မရှိဘူး။ကိုယ့်ကိုယ်ကို ကိုယ်လေးစားမှု၊ ကိုယ့်ကိုယ်ကို ကိုယ်ယုံကြည်မှုဟာ ကိုယ့်ဘဝတိုးတက်ရေးမှာ အရေးကြီးဆုံးအချက်ဖြစ်တယ်။ခွင့်မလွတ်နိုင်ရင် ငါ့ဘဝဟာ နာကြည်းမှုနဲ့ လက်စားချေမှု သံသရာထဲမှာပဲ လည်နေတော့မယ်။ကံကို ယုံပါ။ ဒါပေမဲ့ စိုက်ခင်းကိုတော့ ရေလောင်းပါ။ဒုက္ခကို ရှောင်နေရုံနဲ့ အရည်အသွေးပြည့်တဲ့ဘဝကို နေလို့မရနိုင်ဘူး။ လုပ်သင့်တဲ့ အလုပ်ကို လုပ်ရမယ်။ အဲဒီအလုပ်ကို လုပ်လို့ ဒုက္ခတွေ့မယ်ဆိုရင် တောင့်ခံနိုင်သလောက် ဒုက္ခကိုခံပြီး ဆက်လုပ်ရမယ်။လူတစ်ယောက်အကြောင်း ကောင်းကောင်းသိချင်ရင် သူဒုက္ခရောက်တုန်းမှာ ဘာလုပ်သလဲဆိုတာကိုကြည့်ပါ။ကိုယ့်ရဲ့ ကျဉ်းမြောင်းတဲ့အမြင်က ကိုယ့်ဘဝကိုကျဉ်းမြောင်းအောင် လုပ်နေတယ်။ကိုယ့်အမှားကို အမှားပါလို့ လက်ခံပြီး ပြင်ရဲတဲ့ သတ္တိဖြစ်ပါတယ်။အခက်အခဲနဲ့တွေ့တဲ့အခါမှာ ကံဆိုးလေခြင်းလို့မတွေးပါနဲ့။ ဘာသင်ခန်းစာယူရမလဲလို့တွေးပါ။လကွယ်မရှိရင် လပြည့်ညဟာ ပျော်စရာ သိပ်ကောင်းမှာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ကိုယ်လေးစားမှုရှိတဲ့သူဟာ ကိုယ့်ဂုဏ်သိက္ခာကို အသက်နဲ့လဲမယ်။ ငွေနဲ့မလဲဘူး။

ဘဝဆိုတာဟာအမြဲတမ်းပြောင်းလဲနေတယ်။

ပြောင်းလဲမှုကိုဆန့်ကျင်နေရင် ဘဝပျောက်သွားမယ်။ အလုပ်များများလုပ်ဖို့ထက် အလုပ်ကိုစေတနာမှန်မှန်နဲ့ လုပ်ဖို့က ပိုပြီးအရေးကြီးပါတယ်။ကိုယ့်ကိုယ်ကို မြှင့်ချင်ရင် သူတစ်ပါးကိုလည်းမြှင့်ပေးပါ။ သူတစ်ပါးကိုမြှင့်ပေးလေလေ၊ ကိုယ်လည်း မြင့်သွားလေလေပဲ။လမ်းမှားနေတဲ့ လူဟာ မြန်မြန်သွားလေလေ၊ လိုရာပန်းတိုင်နဲ့ ဝေးလေလေပဲ။ဘယ်လောက်အသက်ရှည်ရှည်နေရမယ်ဆိုတာက ပြဿနာမဟုတ်ဘူး။ ဘယ်ပုံဘယ်နည်း နေသွားမယ်ဆိုတာကမှ ပြဿနာ။ရနေတဲ့ အခွင့်အရေးထက် ဆုံးရှုံးသွားတဲ့ အခွင့်အရေးက ပိုကြီးတယ်လို့ထင်ရတယ်။မဖြစ်မနေ လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ အောင်မြင်မှုအတွက် အဓိကလိုအပ်ချက်ဖြစ်တယ်။အနာဂတ်အတွက် မျှော်လင့်ချက်မရှိရင် ပစုပန်မှာ အင်အားမရှိဘူး။
စိတ်ချရတဲ့ အခြေအနေဆိုတာ တကယ်တော့မရှိပါဘူး။ အမြဲတမ်း နိုးနိုးကြားကြားနဲ့လိုလိုမယ်မယ် ကြိုတင်ပြင်ဆင်ထားရမယ်။တာဝန်ကျေရုံ မလုပ်ပါနဲ့။ နည်းနည်း ပိုလုပ်လိုက်ပါ။မှတ်ဥာဏ်ကောင်းရုံနဲ့ ပညာတတ်မဖြစ်ဘူး။ ဆက်စပ်ပြီး တွေးခေါ်စဉ်းစားတတ်မှ ပညာတတ်ဖြစ်မယ်။ကိုယ့်သားသမီးတွေကို ပေးနိုင်တဲ့ အမွေတွေထဲမှာ ရိုးရိုးသားသား ကြိုးကြိုးစားစား လုပ်ချင်စိတ် ကိုပေးတာက အကောင်းဆုံး အမွေဖြစ်တယ်။စည်းကမ်းနဲ့နေ၊ စည်းကမ်းနဲ့ပြောတတ်၊ လုပ်တတ်တဲ့သူဟာ အင်အားကြီးမားတယ်။ သြဇာရှိတယ်။မှန်တဲ့သဘောထားဟာ အကောင်းဆုံး မိတ်ဆွေဖြစ်တယ်။ မှားနေတဲ့သဘောထားဟာ အဆိုးဆုံး ရန်သူဖြစ်တယ်။ကိုယ်ဘယ်လိုလူဖြစ်လာမယ်ဆိုတာကို ကိုယ့်သဘောထားကပဲ ဟောကိန်းထုတ်နေပါတယ်။ကိုယ့်သဘောထားက ကိုယ့်အပြုအမူကို လွှမ်းမိုးတယ်။ ကိုယ့်အပြုအမူ ကိုယ့်အောင်မြင်မှုကို လွှမ်းမိုးတယ်။အောင်မြင်မှုဆိုတာကို အခက်အခဲတွေကြားထဲမှာ ဝှက်ထားတယ်။
ကိုယ်လုပ်တဲ့ အလုပ်ကို မချစ်တဲ့သူဟာ စစ်မှန်တဲ့အောင်မြင်မှုကို မရနိုင်ဘူး။အသက်ရှည်ရှည် စိတ်ချမ်းချမ်းသာသာ နေချင်ရင်
သဘောထားမှန်မှန်နဲ့နေဖို့လိုတယ်။အမှားဆိုတာ ဥာဏ်ကြီးကြီးနဲ့ ထပ်ကြိုးစားဖို့အခွင့်အရေးပါ/


0 comments:

Post a Comment