Saturday, October 29, 2011

ကူညီဖေးမမှု သိန်းတစ်ရာခြေလှမ်းစပြီ...

ကူညီဖေးမမှု သိန်းတစ်ရာခြေလှမ်းစပြီ...


ကူညီဖေးမမှု သိန်းတစ်ရာခြေလှမ်းစပြီ
သဘာဝ ဘေးအန္တရာယ်ဆိုးကြီးဖြစ်သော ရေဘေးဒုက္ခသည်များအတွက် နာရေးကူညီမှု အသင်း(ရန်ကုန်)သည် ၂၅.၁၀.၂၀၁၁ ညနေပိုင်းတွင် ရှေ့ပြေးကယ်ဆယ်ရေးအဖွဲ့ကို စေလွှတ်ကာ ၂၆.၁၀.၂၀၁၁ နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်နှင့်အဖွဲ့တို့မှ လိုက်ပါသွားခဲ့သည်။ ဦးစွာ ပခုက္ကူမြို့ရှိ စံနစ်သစ်ပုထိုးတိုက် ဆရာတော် ဦးကောသလထံသို့ သွားရောက် ဦးတိုက်ကာ အကူအညီမရရှိသေးသော ရေဘေးဒုက္ခသည်ကျေးရွာများအား သွားရောက် စုံစမ်းကာ လှူဒါန်းမည့်ပစ္စည်းများကို ၀ယ်ယူလှူ၍ ရွှေချောင်း၊ ယောချောင်း ပတ်ဝန်းကျင်ရွာများကို လေ့လာခဲ့သည်။
 
ထို့နောက် ဒေသခံဖြစ်သော မကွေးလူမှုအသင်းဖြစ်သော “မြစ်ကွေ့ဧရာ” လူငယ်များအဖွဲ့နှင့် ပူးပေါင်း၍ ပခုက္ကူမြို့မှ (၄၀) မိုင်ခန့်ဝေးကွာသော ရေပြာကတို့ဆိပ်မှ ယောချောင်း တစ်လျှောက် စက်လှေ(၃)စီးငှါးရမ်း၍ တောင်ဘက်သို့ နှစ်နာရီခွဲကြာခန့် ရေစုန်ခရီးဖြစ်သော ပေါက်မြို့နယ်၊ ကျွန်းရင်းရွာရှိ အိမ်ခြေပေါင်း (၃၉၃)အိမ်သို့ သွားရောက်ကာ ဆန်၊ ဆား၊ ဒန်အိုး၊ ဒန်ခွက်၊ ပန်းကန်၊ ဇွန်းနှင့် ခြုံစောင်များအပါ လူအသုံးအဆောင်ပစ္စည်း စုစုပေါင်း (၃၅) သိန်းတန်ဖိုး စတင်၍ လှူဒါန်း ခဲ့သည်။

ဆက်လက်၍ ပေါက်မြို့နယ် ကံစွယ်ကျောင်းတိုက်တွင် စခန်းချကာ ကူညီမှုများမရရှိ သေးသော ချောင်းနားရွာ၊ တပ်ကုန်းရွာ၊ တင်သောင်ရွာများသို့သွားရောက်၍ လှူဒါန်းကူညီ ထောက်ပံ့ရန် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ စုစုပေါင်း ကျပ်သိန်း (၁၀၀) ကို မတည်လှူဒါန်း သွားမည်ဖြစ်သည်။ အလှူငွေများ ထပ်မံရရှိပါက ဆက်လက်၍ ရေဘေးဒုက္ခသည်များအား လှူဒါန်း ကူညီဖေးမ ထောက်ပံ့သွားမည်ဖြစ်ပါကြောင်း . . . .

0 comments:

Post a Comment