Wednesday, October 19, 2011

ရေဘေးလွတ်ဖို့ အရေးတကြီး ရွှေ့ပြောင်းနေကြရ

ဒီဒေသတွေ ရေကြီးမယ်လို့ခန့်မှန်းရလို့ ကင်းခေါန် လမ်းမနဲ့ ရွမ်ခ လောက်လမ်းမတလျှောက်၊ ဘန်ကောက်မြို့ရဲ့ မြောက်ပိုင်း ရေတား တံတိုင်း အပြင်ဖက်မှာနေတဲ့ ပြည်သူတွေကို သူတို့ပိုင်တဲ့ ပစ္စည်း တွေကို မြင့်တဲ့နေရာပြောင်းဖို့ ဘုရင့်ဆည်မြောင်းဌာနက သတိပေး လိုက်ပါတယ်။ ရွမ်ခလောက် ဟာ လတ်ခရာဘန်ခရိုင်မှာရှိပြီး ကင်း ခေါန်ဟာ ဆုဝဏဖူးမ်လေ ဆိပ်အနား၊ ဆမွတ်ဖရားခန်နယ်၊ ဘန်းဖ လိခရိုင်မှာ ရှိပါတယ်။

 အဲဒီဒေသတွေမှာ ရေဟာ စင်တီမီတာ ၅၀ကနေ ၈၀ထိ မြင့်တက် မယ်လို့ ခန့်မှန်းရကြောင်း အင်္ဂါနေ့က ဒီဌာနက ပြောပါတယ်။ ဒါကြောင့် နေထိုင်သူတွေဟာ သူတို့ပစ္စည်းတွေကို ပိုဘေးကင်းလုံခြုံ တဲ့နေရာတွေဆီကို ရွှေ့ပြောင်းရပါမယ်။ ဒါ မှမဟုတ် သူတို့အိမ်ရှေ့တွေမှာ အနည်းဆုံး ၁ မီတာကနေ ၁မီတာခွဲထိမြင့်တဲ့ သဲအိတ်တံတိုင်းတွေ ဆောက်လုပ်ရပါ မယ်။ ဘန်ကောက်၊ ထာဝီ၀တ္ထနာခရိုင်မှာ ရေအမြင့်ဟာ ဒီကနေ့မှာ ၁.၉ မီတာ ရောက်လာပြီး ၂.၅ မီတာ အမြင့်ရှိတဲ့ ရေတားတံတိုင်းအောက်မှာပဲ ရှိနေတုန်းပါလို့ ခရိုင်အရာရှိတွေက ပြောပါတယ်။  ဒီအတောအတွင်းမှာ လမ်းမတွေပေါ် ရေကျော်လာလို့ ဖတ်ခရက်ဘန်းဖာအင်း အဝေးပြေးလမ်းမကြီးကို ပိတ်ထားလိုက်ပြီလို့ ထိုင်းနိုင်ငံ အဝေးပြေးအာဏာ ပိုင်အဖွဲ့က ပြောပါတယ်။
နွန်ထာဘူရီ၊ ဘန့်ဘွာထုန်ခရိုင်က ရေတံခါးဟာ ဒီနေ့နေ့လည်က ပြိုကျသွားပြီး၊ ရေတွေ အနီး နားက ရပ်ကွက်တွေဆီ စီးဝင်ကုန်ပါ တယ်။ ဖရားရာဘန်လူးရေတံခါးဟာ ညနေ ၃နာရီမှာ ပြိုကျသွားလို့ ဘန့်ဘွာထုန်ဈေးထဲနဲ့ဒီဒေသက အိမ်တွေထဲကို ရေတွေဝင်လာ ပါတယ်။
ဒီကနေ့အစောပိုင်းက ပထုမ်ဌာနီပြည်နယ်ဖက်ကလာတဲ့ ရေလုံးကြီး တွေက ကျောက်ဖရားမြစ်ကနေ လျှံကျလာတဲ့ ရေကို တားဖို့လုပ် ထားတဲ့ သဲအိတ်တံတိုင်းအကာတွေကို ဖျက်ပစ်လိုက်အပြီးမှာ ရပ် ကွက် ၃ ခု ရေမြုပ်သွားတယ်လို့ ၀ီဆစ် က ပြောပါတယ်။ ရပ်ကွက် ထဲမှာ ရေတွေက ၃ မီတာထိ တက်လာပါတယ်။ ရပ်ကွက်ထဲက တံတိုင်းအကာတွေကို ပြန်ဆောက်ဖို့ ရပ်ကွက်သူကြီး တွေနဲ့ ရပ်ကွက်သူ ရပ်ကွက်သားတွေက အချိန်လု အလုပ်လုပ်နေကြရပါတယ်လို့ ၀ီဆစ်က ပြောပါတယ်။
ခလုန်လူအန်းက ခလုန်ရန်ဆစ် အမှတ် ၄ရပ်ကွက်က ရေအမြင့်ဟာ စိုးရိမ်ရလုနီးအခြေအ နေ ဖြစ်နေပါတယ်။ ၂ မီတာလောက်မြင့်တဲ့ တူးမြောင်းမြေသားတမံကို ထပ်မြင့်ဖို့ သဲအိတ် တွေ ထပ်တင်ဖို့ အာဏာပိုင်တွေက စစ်သားတွေကို အကူအညီတောင်းထားရပါတယ်။ နခုန်ပထုမ်၊ ဗုဒ္ဓမွန်ထုန်ခ ရိုင်မှာ ရေထပ်မံတက်လာနိုင်တဲ့အတွက် သူတို့အိမ်တွေကနေ ၂၄ နာရီအတွင်း ထွက်ခွာကြဖို့ ပြည်သူတွေကို အကြံပေးထားပါတယ်။
ဗုဒ္ဓမွန်ထုန်ခရိုင်မှူးက ရွာကလူတွေကို သူတို့ပိုင်ပစ္စည်းတွေကို မြင့်တဲ့နေရာတွေဆီ ပြောင်း ရွှေ့ထားရေး အကြောင်းကြားထားဖို့နဲ့ အိမ်ပတ်လည်မှာ ရေဘေးကာဖို့ အတားအဆီးတွေ ဆောက်လုပ်ထားကြဖို့ ကျေးရွာလူကြီးတွေနဲ့ အုပ်ချုပ်ရေးအရာရှိတွေကို အမိန့်ပေးထား ပါတယ်။ ကိုယ့်အိမ်ကို မကာကွယ်နိုင်တဲ့သူတွေက ကြိုတင်ပြင်ဆင်ထားတဲ့ ယာယီစခန်း တွေမှာ ခိုလှုံနိုင်တယ်လို့ ခရိုင်လူကြီးက ပြောပါတယ်။
အောက်တိုဘာ ၁၈၊ ၂၀၁၁ (ဘန်ကောက်ပို့စ်)
http://www.naytthit.net/?p=21031

0 comments:

Post a Comment