Saturday, October 8, 2011

ဆရာ ဦးဘုန်း (ဓာတု) ပြောတဲ့ မျိုးစေ့ ပုံပြင် ...

ဟိုတုန်းက ပေါ့ဗျာ....... တိုင်းပြည် တစ်ပြည်မှာ ....... မင်းသား တစ်ပါးရှိခဲ့တာပေါ့ .... အဲဒီမင်းသားလေးက ပန်းစိုက်ရတာ တအား ၀ါသနာ ပါတယ် .... ပြီးကျတော့ သူကိုယ်တိုင်က ပန်းတွေကို အလွန်ချစ်တတ်တယ် တဲ့ .... တစ်နေ.ကျတော့ဗျာ ..... မင်းသားရဲ. ဖခင် ဘုရင်ကြီးက သူ.သားတော် အတွက် ကြင်ရာဖက် ရှာပေးရတော့မယ် ပေါ့ ........... ''ငါ့ရဲ. သားတော်ဟာ အရွယ်ရောက်ပြီ ဖြစ်တဲ့အတွက် ကြင်ရာဖက် ရှာပေးရတော့မယ် " လို. ဘုရင်ကြီးက တွေးမိတာပေါ့ဗျာ .......... အဲဒါနဲ. သားတော်နဲ. တိုင်ပင်ကြည်.တဲ့အခါ သားတော် မင်းသားလေးက ဘယ်လိုပြောလဲဆိုတော့ " အို ဖခမည်းတော် ... ကြင်ရာဖက်ရွေးချယ်ဖို. အတွက် သားတော် ကိုယ်တိုင် ရွေးချယ်ခွင့် ပြုပါ .... ကြင်ရာဖက် ရှာတယ် ဆိုတာ ဦးနှောက်ရော နှလုံးသား ပါ ရွေးချယ် ပြီး ရှာရမှာပါဖခမည်းတော် ... ဒါကြောင့် သားတော် ကိုယ် တိုင် ရွေးချယ် ပြီး ရှာပါရစေ " ဆိုပြီး ဖခမည်းတော်ကို တောင်းဆိုတာပေါ့ ......... ဒါနဲ. ဘုရင်ကြီး လည်း သူ.ရဲ. သားတော် စိတ်တိုင်းကျ ရှာခွင့်ပြု ခိုင်းလိုက် တယ် ...... ဒီလိုနဲ. မင်းသားလေးလည်း တိုင်းပြည် မှာ ပြိုင်ပွဲ ကြင်ရာဖက်ရွေးပွဲ ကျင်းပတာပေါ့ ဗျာ 

................. ဘယ်လိုလဲ ဆိုတော့ကား ..... တိုင်းပြည် နန်းတော်တွင်းမှာ ကြင်ယာေ၇ွးပွဲ ရှိတယ်ပေါ့ ..... မည်သူမဆို အပျိုစင် ဖြစ်ပြီး အိမ်ထောင်မရှိသူများ တက်ရောက်နိုင်ကြောင်း ကြေ ညာ မောင်းခတ်တာပေါ့ ........ အဲဒါနေ. အဲဒီ နေ.လည်း ရောက်ရော .... နန်းတော်ထဲမှာ ကြင်ယာဖက် ရှာပွဲ .. မိဖုရားလောင်း ရွေးပွဲ လုပ်တာပေါ့ လေ .......... အဲဒီအချိန်မှာ နန်းတော်မှာလည်း အပျိုစင်ကို ငါးသောင်းကျော် လောက် တက်ရောက်ကြတယ် ဆိုပဲ .......... ၀တ်ကောင်းစားကောင်းတွေနဲ. ပေါ့ဗျာ .....ူ မင်းသားလေးရဲ. မိဖုရားလောင်း အ ဖြစ် ရွေးချယ်ခံချင်ကြလို.လေ ........ နန်းတော်တွင်းမှာလည်း လူစုံပြီ ဆိုတော့ မင်းသားလေးက ပြောတာပေါ့ ...... " အို အပျိုစင် အပေါင်းတို. .. ဟိုအေ၇ှ.နားမှာ ပန်းအိုးရယ် .. မြေဆီ လွှာရယ် ..... ပန်းမျိုးစေ့ရယ် ..... ရှိတယ် ..... သင်တို. ရဲ. အိမ်ကို ယူသွားပြီး ပန်းပင် ပေါက်လာအောင် စိုက်ခဲ့ကြပေါ့ .... နောက်ခြောက်လ နေရ်ျ နန်းတော် တွင်း ပြန်လာပြီး အသင်တို. စိုက်ပျိုးထားတဲ့ ပန်းပင်တွေကို ကြည်.ပြီး ငါကိုယ်တော် မြတ် စိစစ် ရွေးချယ်တော်မူမယ် " လို . ပြောလိုက်တာပေါ့ ..... အာ ... အဲဒီအချိန်မှာ ဘယ်ပြောကောင်းမလဲ.... မိန်းကလေးတွေကလည်း အလုအယက်ပေါ့ ....... မင်းသားလေးကြိုက် တဲ့ ပန်း ကို သိထားတဲ့အတွက် ပန်းမျိုးစေ့တွေ ရှာပြီးတော့ အိမ်သယ်သွား ပြီး စိုက်ပျိုး ကြတာပေါ့ဗျာ .... ဒါနဲ. နောက် ခြောက်လလောက်လည်းနေရော ... နန်းတော်တွင်း မှာ အပျိုစင်တွေက ပန်းအိုးလေးတွေ ကိုယ်စီရွက်ပြီး မင်းသားလေးထံ လာရောက် အရွေးချယ် ခံကြတာပေါ့ ဗျာ ...... မင်းသားလေးနဲ. မှူးကြီးမတ်ရာ အပေါင်းတို.လည်း ရွေးချယ် ကြတာပေါ့ဗျာ ....... ဖြစ်ချင်တော့ အဲဒီနေ. က မင်းသားလေး နန်းသိမ်းပွဲနဲ. ကြင်ရာရွေးပွဲ ကိုးဗျာ .... အဲဒါနဲ. အပျိုစင်တွေလည်း ရွေးချယ်ခံကြတာပေါ့ ....... ပန်းလေးတွေကလည်း လှလို.ဗျာ ... အရောင်အသွေးကို စုံလို . .......... အဲဒီအချိန်မှာ ..... မိန်းကလေးတစ်ယောက် .......... လက်ထဲမှာ .......... ပန်းအိုးလေးတော့ ရွက်လာပါရဲ. ............... ပန်းက ပါမလာခဲ့ဘူး ...... အဲဒီ မိန်းကလေးက မင်းသားလေးကို လျှောက်သတဲ့ ........ " အရှင်မင်းသား .......... ကျွန်တော် မျိုး မ ကြိုးစားပြီး အပင် စိုက်ခဲ့ပါတယ် .... ဒါပေမဲ့ ဒီအပင် က ဘယ်လိုပင် စိုက်စိုက် ပန်းမပွင့်ရ်ျ အပင် ဖြစ်မလာကြောင်းပါ ဘုရား" လို. ပြောတော့ မင်းသားက အိမ်း ရှိစေ ... ရှိစေ ...... လို. ပြောတာပေါ့ဗျာ .......... အဲ ......... အဲဒါနဲ. ကြင်ယာဖက် ဘယ်သူများ ဖြစ်မလဲလို. အပျိုစင်တွေ ကိုယ် စီ ရင်ခုန်ကြတာပေါ့ဗျာ .......... ဒါနဲ. .... မင်းသားလေးလည်း ပုလ္လင် ပေါ်မှာထိုင် ......... ဒီလို ကြေညာသတဲ့ ......... " ပန်းမပွင့်သော မိန်းကလေးအား ငါ မိဖုရားလောင်း အဖြစ် ရွေးချယ် သည် ......" ဘယ်ပြော ကောင်းမလဲ .. နန်းတော် တွင်း မှာ ဆူညံ ပွက်လောရိုက်ကုန်တာပေါ့ .... " ငါတို. လို ပန်းလှလှ လေးတွေ စိုက်ခဲ့တဲ့ လူကိုတော့ မရွေးပဲနဲ. ဒင်းလို ပန်းမပွင့်တဲ့ ကောင်မကို မှ ဒီမင်းသားက ရွေးရသလား .... ပေါ့" .............. တခြား အပျိုစင်တွေက မင်းသားလေးကို အပြစ်တွေ ပြောကြတာပေါ့ဗျာ ......... (ဟင်း ဟင်း ..... ဇာတ်သိမ်းခန်းလာပါပြီ ဗျာ .......) မင်းသားလေးလည်း ......... ဖြေရှင်းချက်ပေးပြီပေါ့ ...... စပါပြီ " အကျွန်ပ် ပြောပြမယ် .... အပျိုစင် အပေါင်းတို. ........... အကျွန်ပ် အသင်တို. ကို ပေးလိုက် တဲ့ မျိုးစေ့တွေအားလုံး က ရေနွေးပူပူထဲမှာ တစ်နာရီလောက် စိမ်ထားပြီးသားလေ .... ဘယ်လိုမှ အပင်ပေါက်လာစရာ အကြောင်းမရှိဘူး .... အသင်တို. အားလုံး လူလိမ်တွေချည်းပဲ.......... အသင်တို.ကို အကျွန်ုပ် မိဖုရားလောင်း ရွေးချယ်လိုက်ရင် တိုင်းပြည် ပျက်မှာပေါ့ .... မှတ်ထားကြ တိုင်းပြည်တစ်ပြည်မှာ ဘု၇င်ပြီးရင် မိဖုရားက အရေးကြီးဆုံးပဲ .......... " လို.လည်း ဆိုတော့ ကျန်တဲ့ အပျိုစင် တွေ ခေါင်းလေးတွေ ငုံ.ထားကြတာပေါ့ဗျာ ...... မင်းသားလေးလည်း ဆက်ပြီး ........... ဒီမိန်းကလေးကတော့ မလိမ်ဘူး ........ မညာ ဘူး ......... ရိုးသားတယ် ........ ငါကိုယ်တော်မြတ် ချမ်းသာတာ ရုပ်အဆင်းလှတာ မမက်မောဘူး ...... မလိမ်တတ်ပဲ သစ္စာရှိတဲ့ ရိုးသားတဲ့ မိန်းကလေးကသာ ငါကိုယ်တော်မြတ် မိဖုရားလောင်း ဖြစ်ထိုက်တယ် " လို. ဆိုလိုက်ပါတော့တယ် .................. ပုံပြင်လေးက တော့ ဒါပါပဲဗျာ ............. ဆရာ ဦးဘုန်း ( ဓာတု ) စာပေဟောပြောပွဲ မှာ ပြောခဲ့တဲ့ ပုံပြင်လေးတစ်ပုဒ်ပါဗျာ ............. အားလုံး ပျော်ရွှင်နိုင်ပါစေ ........

0 comments:

Post a Comment