Saturday, October 1, 2011

နောက်ထပ် ဆည်တွေ အများကြီး ကျန်နေသေးတယ်

သိန်းစိန်ပြောတာက --- မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မပြုလုပ်ဘဲ ရပ်ဆိုင်းထားမယ်တဲ့ .... ။
ကျနော်တို့မြင်ဖို့က ---  နောက်ထပ် ဆည်တွေ အများကြီး ကျန်နေသေးတယ် .... ။

မြစ်ဆုံဆည် ဆိုတာ တရုတ်ပြည်နဲ့ စာချုပ်ချုပ်ထားတဲ့ စီမံကိန်း (၈) ခုထဲက စီမံကိန်း (၁)ခု သာဖြစ်တယ်။
  • စာချူပ်ကို .... ဧရာဝတီ မြစ်ဆုံ၊ မေခ၊ မလိခ၊ မြစ်ညာ မြစ်ဝှမ်း ရေအား လျှပ်စစ် စီမံကိန်းများ ဆိုင်ရာ နားလည်မှု စာချွန်လွှာ ...   လို့ခေါ်တယ်။ (၂၀၀၆) ခုနှစ် ဒီဇင်ဘာလ (၂၈)ရက်နေ့မှာ အမှတ် (၁)လျှပ်စစ် စွမ်းအား ၀န်ကြီးဌာနနဲ့ တရုတ်နိုင်ငံ China Power Investment Coporation (CPI) တို့ စာချုပ်ချုပ်ဆိုကြတယ်။
  • နောက်ထပ် ချီဗွေ၊ ချီဗွေငယ်၊ ၀ူဆောက်၊ ခေါင်လန်ဖူး၊ ယီနန်၊ ဖီဇော၊ လိုင်ဇာ တွေမှာလည်း ဆည်တွေဆောက်ဖို့ရှိတယ်။
  • မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း က ၁၀ ရာခိုင်နှုန်းပြီးစီးနေပြီ၊
  • ချီဗွေငယ် ရေအားလျှပ်စစ်စီမံကိန်းက ၉၇ ရာခိုင်နှုန်းကျော်ပြီးစီးနေပြီ၊
  • ကျန်တဲ့စီမံကိန်း ၆ ခုက လေ့လာစူးစမ်းမှုတွေ၊ ဆောက်လုပ်ရေးစီမံကိန်းတွေချနေပြီ။  
  • စီမံကိန်းအားလုံးကို ၁၅ နှစ်အတွင်းအပြီးလုပ်ဖို့ လျာထားတယ်။
  • ထွက်လာမယ့် လျှပ်စစ်ဓာတ်အားကို စာချုပ်ပါသဘောတူညီချက်အရ တရုတ်ပြည်ကို ဈေးပေါပေါနဲ့ ရောင်းရမှာဖြစ်တယ်။  
  • မြန်မာနိုင်ငံမှာ ရေအား လျှပ်စစ်စီမံကိန်းတွေ တည်ဆောက်လို့ဖြစ်နိုင်တဲ့ ရေအရင်း အမြစ် (၉၂) ခု ရှိတယ်၊  ကချင်ပြည်နယ် တခုထဲမှာတင် ရေအရင်းအမြစ် (၁၉) ခုရှိတယ်။
  • ကချင်ပြည်နယ်ထဲမှာ နောက်ထပ် ဆောက်မည့် ဆည်တွေ ရှိသေးတယ်။ တာပိန်(၁)၊ တာပိန်(၂)၊  နော် ချမ်းခ၊ ထာခ၊ အူမွန်ခ၊  မလိချောင်း၊ တဘက်ရန်၊ တရွန်ခ၊ တနိုင်းခ၊ တ၀မ်ခ၊ နမ့်မလိခနှင့် ဗန်းမော်ဆည်။
  • ထာခ ဆည်ကို တေဇ  ကန်ထရိုက်ရထားတယ်။
မှတ်ချက် (၁)    မြစ်ဆုံရေကာတာအရေးက ပွဲမပြီးသေးဘူး၊ ဆက်လုပ်ကြရလိမ့်ဦးမယ်။ စီမံကိန်း ၈ ခု စလုံး ရပ်တန့်သွားတဲ့အထိ အလုပ်လုပ်ကြဖို့လိုမယ်။

မှတ်ချက် (၂)    KIA အပ်ါအ၀င် ကချင်လွတ်မြောက်ရေးအင်အားစုတွေကို တရုတ်အစိုးရ ငြိုး လိမ့်မယ်။ ကချင်တွေကို ကာကွယ်ဖို့လိုမယ်။  

မှတ်ချက် (၃)    ဧရာဝတီကိုချစ်တဲ့လူတွေ ဧရာဝတီမြစ်ဖျားခံရာဒေသမှာ နေထိုင်တဲ့ ကချင်တိုင်းရင်းသားတွေကိုလည်း ချစ်ဖို့လိုမယ်။ ကချင်စစ်ပြေးဒုက္ခသည်တွေကို ကူဖို့လိုမယ်။ ကချင်တွေအပေါ်ကျရောက်နေတဲ့ စစ်ကို ၀ိုင်းပြီး တားဆီးကြဖို့လိုပါတယ်။
 သားဆွေ

0 comments:

Post a Comment