Monday, September 7, 2009

တတိယအကြိမ်သပိတ်အဆုံးသတ်တိုက်ပွဲ

ပထမအကြိမ် 1990ပြည့်ကာလ
မန္တလေးမှာ ဆွမ်းလောင်းလှူစဉ်ကပေါ့
န.အ.ဖ စစ်တပ်ပြစ်သက်လို့ ဇီဝိန်ကြွေ
သံဃာတွေ သေကြေကြ
ရိုင်းစိုင်းယုတ်မာစဉ်ကပေါ့
ဒို့ တတွေခေါင်းငုံ့ မခံ
တွန်းလှန်မယ်ဆိုပြီး
ဘုရားပေးတဲ့ကမ္မဝါ
ပတ္တနိက္ကုဇ္ဖနာကို
စုပေါင်းခါရွတ်ဆိုကြ
သပိတ်မှောက်ခဲ့ကြပေါ့
ဒါပေမဲ့မျိုးယုတ် န.အ.ဖ စစ်တပ်
သံဃာကိုပစ်ကာသက်
တိပိဋကဓရပါမကျန်လပ်ခံရ
ဆရာတော်တွေထောင်နန်းစံရပေါ့
ဒုတိယအကြိမ်
2007စက်တင်ဘာကာလ
သူတို့ ရက်စက်ယုတ်မာစဉ်ကပေါ့
တို့ တတွေလုံးဝလက်မခံ တွန်းလှန်မယ်ဆိုပြီး
သပိတ်မှောက်ကမ္မဝါ ပတ္တနိက္ကုဇ္ဇနာကို
စုပေါင်းကာရွတ်ဖတ်ကြ
မေတ္တာပို့ ချီတက်ဆန္ဒပြကြပေါ့
ဒါပေမဲ့ န.အ.ဖ ဘယ်သူ့ ကိုမှမခ
မာန်မာနတွေထောင်ကာကြွပြီး
သေနက်နဲ့ ပစ်သတ် ရက်ရက်စက်စက်
ညှင်းပန်းနှိပ်စက် ယုတ်မာပက်စက်ကြလို့
သံဃာတော်သွေးတွေ ကျောင်းသားပြည်သူသွေးတွေ

မြေမှာခကြွေကြရပေါ့....
ဒီလိုသာတသက်လုံးဆက်ခံကြရင်
ဒို့ သာသနာ ဒို့ ပြည်ရွာကို
မိစ္ဆာတွေလက် ဝကွက်အပ်ရလိမ့်မယ်

လာမည့်အောက်တိုဘာ ၂ ရက်နေ့ 
ဒါဟာ န.အ.ဖ ကိုပေးမဲ့နောက်ဆုံးဒိတ်
ဖန်းဆီးထားသံဃာများကိုချွင်းချက်မရှိ
ချက်ချင်းလွှတ်
မိမိမှားယွင်းကြောင်းပြန်တောင်းပန်
ဒီနှစ်တန်ဒင်းတို့ လက်မခံက
လာမည့်အောက်တိုဘာ ၃ ရက်
သီတင်းကျွတ်လပြည့် ပ၀ါရဏာနေ့
တတိယအကြိမ်သပိတ်
အဆုံးသတ်တိုက်ပွဲ
ဒို့ ဆင်နွှဲကြမယ်
ရဟန်းသံဃာ ကျောင်းသားပြည်သူ
လက်တွဲကြည်ဖြူ ၀ိုင်းကာကူဖို့
အားလုံးအသင့်ပြင်ထားကြ….

မင်းသုည ကွမ်းခြံကုန်း
ဗုဒ္ဓတက္ကသိုလ်

0 comments:

Post a Comment