Sunday, September 6, 2009

ပြည်သူများကမေးနေကြပြီ

မန်မာနိုင်ငံတွင် သံဃာတော်အပါး (၅၀၀၀၀၀) ခန့်ရှိသည်။ ထိုငါးသိန်းသော သံဃာတော်တို့၏ စားဝတ်နေရေးကိုတာ
ဝန်ယူထားသည်မှာ ပြည်သူလူထုများဖြစ်ကြပါသည်။ ယနေ့မြန်မာနိုင်ငံတွင် ပြည်သူများ၏ စားဝတ်နေရေးမှာ ကြာလေ
ဆိုးဝါးလာလေ ဖြစ်ပါသည်။ ပြည်သူများ၏ စားဝတ်နေရေး ကြပ်တည်းလာသည့်ကြားမှပင် သံဃာတော်များ၏ စားဝတ်
နေရေးကိုတာဝန်ယူလှူဒါန်းနေကြဆဲဖြစ်ပါသည်။ပြည်သူများ၏ သဒ္ဓါတရားနှင့်တာဝန်ကျေမှုသည်ကမ္ဘာကပင်အံ့သြော
လောက်ပါပေသည်။ ထိုကဲ့သို့ ပြည်သူများက သံဃာတော်များ၏တာဝန်ကို ကျေပွန်စွာထမ်းဆောင်နေကြသော်လည်း
သံဃာတော်များ၏ ပြည်သူများအပေါ် တဖန်ပြန်၍တာဝန်ထမ်းဆောင်မှုကား အဘယ်ပါနည်း ?။ အသုဘ၊ရေစက်ချ၊ရှင်
ပြု၊ရဟန်းခံ စသည့်ကိစ္စများ ဆောင်ရွက်ရုံဖြင့် တာဝန်ကျေပြီလော။ယနေ့ပြည်သူအများစုသည် န အ ဖ စစ်ဗိုလ်ချုပ်ကြီး
များ၏ စစ်ဖိနပ်အောက်တွင် ပြားပြားဝပ်အောင် အနင်းခံနေရပါသည်။ ယနေ့မြန်မာနိုင်ငံတွင် ပြည်သူများ၏ စားဝတ်နေ
ရေး၊ ကျမ်းမာရေး စသည့်ကိစ္စများအားလုံးသည် န အ ဖ ဗိုလ်ချုပ်ကြီးများ၏ လက်ဝါးကြီးအုပ်ထားမှုကြောင့် ပျက်စီးယို
ယွင်းလာပါသည်။

ပြည်သူလူထုနှင့် သံဃာတော်များသည် ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီဆိုသလို အပြန်အလှန် အညမညတာဝန်ယူကြရပါ
သည်။ ယခုအခါပြည်သူများက သံဃာတော်များအပေါ် တာဝန်ကျေသလောက် သံဃာတော်များက ပြည်သူများအပေါ်
တာဝန်ကျေပွန်မှုက အဘယ်ပါနည်း ?။ ယနေ့မြန်မာနိုင်ငံ အခြေအနေကိုပြန်ကြည့်လျှင် သံဃာတော်များသည် ပြည်သူ
များ၏ အခြေအနေကို လျစ်လျှူရှုနေကြသူတွေများနေပါသည်။ ပါးစပ်ကသာ ပြည်သူများကိုချစ်ပါသည်ဟု ပြောနေကြ
သော်လည်း တကယ့်လက်တွေ့တွင် ဘာတစ်ခုမျှ အကောင်အထည်မပြုနိုင်ကြပါ။ ကိုယ့်ထမင်းကိုယ်စားသော မျိုးချစ်
အာဇာနည်သူရဲကောင်းများသည် မိမိအသက်ကို မငဲ့ကွက်ဘဲ တိုင်းပြည်၏အရေးကို သက်စွန့်ကြိုးပမ်း ထမ်းရွက်နေကြ
ပါသည်။ န အ ဖ များ၏ အတင်းအဓ္မ လုပ်အားပေးခိုင်းနှိပ်စက်မှုကိုဆန့်ကျင်ဟနု့်တားရဲသော မစုစုနွေးလောက်ပင်သတ္တိ
မရှိကြပါ။ တာဝန်မကျေကြပါ။ သံဃာတော်များဘက်မှ န အ ဖ ဗိုလ်ချုပ်ကြီးများ၏ အတင်းအဓ္မလုပ်အားပေးခိုင်းမှုများ၊
အတင်းအဓ္မ ရက်စက်ယုတ်မာနေမှုများကို တားမြစ်ဆန္ဒပြသည်ဟု တစ်ခါမှ မတွေ့ဘူးပါ။ ပြည်သူများက သံဃာတော်
များအပေါ် တာဝန်ကျေသလောက်သံဃာတော်များ၏ ပြည်သူများအပေါ် လျစ်လျှူရှုနေနိုင်မှုကား အဘယ်ပါနည်း၊ပြည်
သူများက မေးနေကြပါသည်။ ယနေ့မြန်မာနိုင်ငံတွင် ပြည်သူများသည် န အ ဖ ဗိုလ်ချုပ်ကြီးများ၏ စစ်ဖိနှိပ်မှုအောက်မှာ
ပြားဝပ်အနှိပ်စက်ခံ မွန်းကြပ်သေကျေ ပျက်စီးနေမှုများကို သံဃာတော်များအားလုံး အသိဖြစ်ပါသည်။ သို့သော်သံဃာ
တော်များဘက်မှ ပြည်သူများ၏ ဆင်းရဲမွဲတေ ပျက်စီးဆုံးရှုံးနေမှုများကို လျစ်လျှူရှုကာ ငါနှင့်မဆိုင်ဟု မသိချင်ယောင်
ဆောင်နေမှုကား အဘယ်ပါနည်း?။ ပြည်သူများက မေးနေကြပါသည်။ ယနေ့မြန်မာနိုင်ငံ၏ သံဃာတော်များသည် ပြည်
သူများအပေါ် တကယ်ချစ်သည်မှန်လျှင် ထိုအရေးအခင်းများကို လျစ်လျှူမရှုသင့်ပါ။ ယနေ့မြန်မာနိုင်ငံရှိ သံဃာတော်
ဦးရေနှင့် စစ်တပ်ဦးရေမှာ အညီအမျှနီးပါးရှိကြပါသည်။ သံဃာတော်များအားလုံးက တညီတညွတ်တည်းဦးဆောင်၍
ဆန္ဒပြကြပါလျှင် ပြည်သူများပါ ပါလာပြီး န အ ဖ ဗိုလ်ချုပ်ကြီးများ ခွေးပြေး၊၀က်ပြေး ထွက်ပြေးကြရမည်မှာဧကန်မုချ
ဖြစ်ပါသည်။ ထို့ကြောင့် သံဃာတော်များက ပြည်သူများ၏တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်လိုကြပါလျှင် -
(၁) လပြည့်လကွယ်နေ့များတွင် မိမိမြို့၊ရွာရှိထင်ရှားသောဘုရားသို့ သင်္ကန်းရုံ၍စုပေါင်းညီညာသွားရောက်ကာ မေတ္တာ
သုတ်များရွတ်ခြင်းဖြင့် ဆန္ဒပြသင့်ပါသည်။
(၂) ၈ ရက်နေ့ ဥပုသ်နေ့များတွင် မိမိကျောင်းတိုက်အပြင်ဘက် တပါးမျှမထွက်ဘဲ ကျောင်းတိုက်ထဲတွင် သီတင်းသုံးနေ
ကြခြင်းဖြင့် ဆန္ဒပြသင့်ပါသည်။
သံဃာတော်အရှင်သူမြတ်များဘုရား - ပြည်သူများသည် အရှင်ဘုရားများကို တကယ်ကြည်ညိုလေးစားကြပါသည်။ ဒါ
ကိုအရှင်ဘုရားများ အသိဖြစ်ပါသည်။ ထို့ကြောင့် ပြည်သူများ၏ လေးစားမှုကို န အ ဖ ဗိုလ်ချုပ်ကြီးများအား ဆန္ဒပြခြင်း
ဖြင့် တာဝန်ထမ်းဆောင်ကြပါဘုရား။ တာဝန်သိသူ၊တာဝန်ရှိသူများ မဖြစ်သင့်ပါဘုရား။ တာဝန်သိသူ၊တာဝန်ရှိသူဆို
သည့်အတိုင်း အရှင်ဘုရားများသည် တာဝန်မဲ့သောသူများ မဖြစ်သင့်ပါဘုရား။ တာဝန်မဲ့သူများအဖြစ် ဆက်လက်သွား
နေကြမည်ဆိုလျှင် အရှင်ဘုရားများအပေါ်ပြည်သူများကကြည်ညိုလေးစားမှုဂုဏ်ကို စွန့်ခွာသွားကြရပါလိမ့်မည်။ယနေ့
ပြည်သူများ၏ အမြင်မှာ သံဃာတော်များထဲတွင် သာသနာ့ အာဇာနည်ပုဂ္ဂိုများမရှိကြပါ။ ပြည်သူများရဲ့ အရေးကိုရှေ့
ဆောင်၍ ခေါင်းဆောင်ကောင်း မလုပ်ရဲကြပါဟု ထင်မြင်နေကြပါသည်။ အရှင်ဘုရားများသည် ပြည်သူများထင်မြင်နေ
ကြသလိုတကယ့်အာဇာနည်ပုဂ္ဂိုလ်များမဟုတ်ဘဲ သူရဲဘော သတ္တိကြောင်နေကြသူများ ဖြစ်နေကြပြီလော ?။ ပြည်သူ
များကမေးနေကြပါပြီ။ ပြည်သူများ၏ မေးခွန်းကို လက်တွေ့လုပ်ဆောင်မှုများဖြင့် ဖြေကြားရင်း သာသနာ့အာဇာနည် သူ
ရဲကောင်းများအဖြစ် သမိုင်းမှတ်တမ်းတင်နိုင်ကြပါစေ။
ပြည်တွင်းမှာနေစဉ် ဥတ္တမဂျာနယ်တွင် ပြည်သူ့စေတမာန် (ကလောင်)အမည်ဖြင့်ရေးသားဖြန့်ဝေခဲ့သောဆောင်းပါးဖြစ်ပါသည်။

မင်းသုည (ကွန်းခြံကုန်း)

0 comments:

Post a Comment