Tuesday, September 8, 2009

ကိုညီညီအောင်ကို ဘယ်မှာ ထိန်းသိမ်းထားသလဲ

2009-09-05 RFA

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ကနေ ထိုင်းလေကြောင်း TG305 လေယာဉ်နဲ့ လိုက်ပါလာခဲတဲ့ အမေရိကန်နိုင်ငံသား မြန်မာလူမျိုး ကိုညီညီအောင် (ခေါ်) ကိုကျော်ဇော်လွင်ကို ရန်ကုန်လေဆိပ်အဝင်မှာ လူဝင်မှုကြီးကြပ်ရေး အရာရှိတွေက ဖမ်းဆီးလိုက်ပါတယ်။ လက်ရှိ ဘယ်နေရာမှာ ထိန်းသိမ်း ထားသလဲ ဆိုတာကို ရန်ကုန်မှာရှိတဲ့ အမေရိကန် ကောင်စစ်ဝန်ရုံးကို အာဏာပိုင်တွေဘက်က အကြောင်းကြားခြင်း မရှိဘူးလို့ ကိုညီညီအောင်နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက RFA ကို ပြောပါတယ်။

ကိုညီညီအောင်ရဲ့ မိခင် ဒေါ်စန်းစန်းတင်နဲ့ ညီမ ဝမ်းကွဲတော်စပ်သူ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ဝင် မသက်သက်အောင် အပါအဝင် မိသားစုဝင် လေးယောက်ဟာ ဒီမိုကရေစီလှုပ်ရှားမှုမှာ ပါဝင်ခဲ့တာကြောင့် နှစ်ရှည်ထောင်ဒဏ်တွေ အသီးသီးကျခံနေရပါတယ်။ ကိုညီညီအောင် အဖမ်းခံရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး မအင်ကြင်းနိုင်က စုံစမ်းမေးမြန်း တင်ပြထားပါတယ်။

ပြန်လည်တင်ပြခြင်းဖြစ်ပါသည်။

0 comments:

Post a Comment