Sunday, September 6, 2009

တာဝန်သိရင်တာဝန်ရှိတယ်

တာဝန်သိရင်တာဝန်ရှိတယ်။ ” တာဝန်ကိုကြီးကျယ်မြင့်မြတ်သူတွေသာသိကြသည်
” ဆိုတဲ့စကားကိုကြီးကျယ်မြင့်မြတ်သူတို့ ရဲ့ ကမ္ဘာ့ သမိုင်းစာမျက်နှာများကသက်သေထူလျက်
ရှိပါတယ်။ ယနေ့ ကမ္ဘာ့ လောကကြီး အဆင့်ဆင့် တိုးတက်ပြောင်းလဲလာခြင်းမှာလည်းမြင့်
မြတ်သူတို့ ရဲ့  တာဝန်ကျေပွန်စွာ တာဝန်ထမ်းဆောင်မှုကြောင့် တိုးတက်ပြောင်းလဲလာခြင်းပဲ
ဖြစ်ပါတယ်။
တာဝန်ဆိုတဲ့နေရာမှာ မိမိရပ်တည်ရာနေရာနဲ့ မိမိထမ်းဆောင်ရမည့် တာဝန်ကိုသိဖို့ လိုပါတယ်။
တာဝန်ယူမှုမှားရင်လည်းပဲ မတိုးတက်တဲ့အပြင် ပိုပြီးဆုတ်ယုတ်သွားတက်ပါတယ်။
ယနေ့  မြန်မာနိုင်ငံမှာ သံဃာတော်များ အရေအတွက်ဟာ (၅၀၀၀၀၀) ငါးသိန်းကျော်ရှိပါတယ်။
ထိုမျှ များပြားသော သံဃာတော်များ၏ စားဝတ်နေရေး၊ကျန်းမာရေး၊ပညာရေး အစစအရာရာ
တာဝန်ယူထားကြသည်မှာ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ ဖြစ်ကြပါသည်။

ပည်သူများရဲ့  ထမ်းဆောင်ထားရသော တာဝန်မှာ အင်မတန်မှ များပြားလှပါတယ်။
တနေ့ တခြားဆင်းရဲကျပ်တည်းလာတဲ့ မိမိတို့ ရဲ့  မိသားစုတာဝန်များကို ထမ်းဆောင်ရင်း
သံဃာတော်များရဲ့ တာဝန်ကိုလည်း တဖက်က တာဝန်ယူ ထမ်းဆောင်နေကြရသေးတယ်။
ပြည်သူများရဲ့ ဘ၀ဟာ အင်မတန်သနားစရာကောင်းလှပါတယ်။
သံဃာတော် အရှင်သူမြတ်များဘုရား၊ ပြည်သူများအရှင်ဘုရားများအပေါ် ဆွမ်း၊
သင်္ကန်း၊ကျောင်း၊ဆေး ဘာတခုမှ မလစ်ဟင်းရအောင် တာဝန်ယူထားမှုကို အရှင်ဘုရားများ
ကိုယ်တိုင် အသိဖြစ်ကြပါတယ် ဘုရား၊ အရှင်မြတ်များရဲ့ တာဝန်ကို ကျေပွန်စွာထမ်းဆောင်
ပေးနေကြတဲ့ တနေ့ တခြား ဆင်းရဲမွဲလာလို့  စားရမဲ့ သောက်ရမဲ့ဖြစ်လာတဲ့ ပြည်သူများရဲ့ 
အပေါ်တာဝန်ထမ်းဆောင်မှုက အဘယ်ပါနည်းဘုရား?
အရှင်ဘုရားများ သိကြတဲ့အတိုင်း ယနေ့ ဥတ္တိစတုတ္ထကမ္မ၀ါဖြင့် ပထမဆုံးရဟန်
ဖြစ်လာတဲ့ ပုဏ္ဏားရဟန်းဝတ်ခါနီးမှာ မြတ်စွာဘုရားရှင်က သံဃာတော်များအားလုံးကို မေး
ပါတယ်ဘုရား။ အဲဒီ အချိန်ဒီပုဏ္ဏားရဲ့ ကျေးဇူး တပည့် တော်အပေါ်မှာ ရှိဖူးပါယ်ဘုရားလို့ 
လျှောက်တာ တခြားသူမဟုတ်ပါဘူး။ ပညာအရာမှာ ဧတဒင်္ဂရလက်ယာရံ အရှင်သာရိပုတ္တ
ရာ ကိုယ်တော်မြတ်ကြီး ဖြစ်ပါတယ်ဘုရား။
မြတ်စွာဘုရားရှင်က အဘယ်ကဲ့သို့  ကျေးဇူးရှိဖူးပါသလဲလို့ မေးတော့ တပည့် 
တော် အဲဒီပုဏ္ဏားအိမ်မှ ဆွမ်းတစ်ဇွန်း ရဖူးပါတယ်ဘုရားလို့ လျှောက်ပါတယ်ဘုရား။ မြတ်
စွာဘုရားရှင်က ၀မ်းမြောက်ဝမ်းသာ သာဓုသုံးကြိမ်ခေါ်ပါတယ်ဘုရား။ မြတ်စွာဘုရားရှင်
ကကျေးဇူးသိတက်ခြင်းကို အင်မတန်မှ ချီးမွမ်းပါတယ်ဘုရား။ မြတ်စွာဘုရားရှင်က ကျေး
ဇူးဆိုတာသိလည်းသိရမယ်၊ သိသည့် အလျောက်ပေးဆပ်ရမယ်လို့  မိန့် တော်မူပြီး ကျေး
ဇူးဆပ်ရဟန်းခံခြင်းအမှုကို ဥတ္တိစတုတ္ထကမ္မ၀ါဖြင့် ရဟန်းခံခွင့်ပြုကာ တာဝန်ပေးခဲ့ပါတယ်
ဘုရား။
ယနေ့ မြန်မာပြည်သူ၊ ပြည်သားများ အရှင်ဘုရားများအပေါ် ပစ္စည်းလေးပါးဖြင့်
ထောက်ပံ့လှူဒါန်းကြခြင်းရဲ့  ကျေးဇူးကား ဆွမ်းတဇွန်း မဟုတ်ပါဘုရား။ ရဟန်းသံဃာများ
ရဲ့ အပေါ် ပြည်သူပြည်သားများ၏ ကျေးဇူးရှိနေကြပါတယ်။ ထိုကျေးဇူးကိုတကယ်သိရှိကြ
ရပါမယ်ဘုရား။ သိသည့် အလျောက်ပေးဆပ်ကြရပါမယ်ဘုရား။
ယနေ့  မြန်မာသူ၊မြန်မာသားများသည် နိုင်ငံရေးယန္တာယားရဲ့ ဆိုရွားမှုကြောင့် တနေ့ 
တခြားဆိုးရွားမွဲတေလာကြရပါတယ်ဘုရား။ နိုင်ငံရေးယန္တာယားရဲ့ ဆိုးရွားတဲ့ဒဏ်ကို အံကျိတ်
ပြီးခံနေကြရပါတယ်ဘုရား။ အရှင်ဘုရားများကို ထောက်ပံ့လှူဒါန်း တာဝန်ယူနေကြရတဲ့ ပြည်
သူပြည်သားများ စားစရာမရှိရင် အရှင်ဘုရားများကိုလည်း ထောက်ပံ့လှူဒါန်းနိုင်ကြမှာ မဟုတ
ပါဘုရား။ ထောက်ပံ့လှူဒါန်းမှုမရှိရင် သာသနာရေရှည် တည်တံ့ခိုင်မြဲမှုရှိနိုင်မှာ မဟုတ်ပါဘုရား။
အရှင်ဘုရားများ ဘယ်လောက်ပင် အဟောအပြောကောင်းကောင်း သူတောင်းစားဗုဒ္ဓဘာသာ
ဝင်ကို တရားဟောရင် အရှင်ဘုရား ကန်တော့ဆွမ်းပါဘုရားကလွဲရင် တခြားမရနိုင်ပါဘုရား။
သဒ္ဒါတရားရှိပေမဲ့ လှူစရာရှိမှ ရပါတယ်ဘုရား။
သံဃာတော်အရှင်သူမြတ်များဘုရား တပည့် တော်အထူးလျှောက်ကြားလိုသည်
မှာ မြန်မာနိုင်ငံပြည်သူ ပြည်သားများကို အရှင်ဘုရားများက ကျေးဇူးသိတတ်သည့် အနေဖြင့်
တကယ်ဆပ်ချင်ကြတယ်ဆိုလျင် အချိန်မှီပါသေးတယ်ဘုရား။ လျစ်လျူရှု ကျေးဇူးကန်းခြင်း
မပြုကြပါနဲ့ ဘုရား။ ဒါဟာ ပညာရှိ သူတော်ကောင်းတို့ ရဲ့  လမ်းစဉ်မဟုတ်ပါဘုရား။
သံဃာတော်အရှင်သူမြတ်များဘုရား။ အရှင်ဘုရားများအားလုံး ညီညီညွတ်ညွတ်ဖြင့်
ဖြေရှင်းကြပါလျင် ပြည်သူများကို ဒုက္ခပေးနှိပ်စက်နေတဲ့ စစ်အစိုးရ မလွှဲမသေ ဧကန်မုချ နေ
ရာဖယ်ပေးရမှာ ဖြစ်ပါတယ်ဘုရား။တပည့် တော်အနေဖြင့် အကြံပေးလျှောက်ထားလိုသည်မှာ
အရှင်ဘုရားများသည်
ကျေးဇူးရှင်ပြည်သူများကို ကျေးဇူးဆပ်သောအနေဖြင့် ဒုက္ခပေးနှိပ်စက်ညှင်းပန်းနေကြသော
စစ်အစိုးရနှင့်တကွ ကျင့်ပျက်ဝန်ထမ်းများထံမှ အလှူမခံကြပါနှင့်၊ သပိတ်မှောက်တော်မူကြ
ပါဘုရား။ မိမိမြို့ ရွာရှိ ထင်ရှားသော စေတီပုထိုးများသို့  သင်္ကန်းရုံကာ စုပေါင်းညီညာရောက်
ရန် လပြည့် လကွယ်နေ့ တိုင်း မေတ္တာသုတ်များ ရွတ်ဆိုပေးကြပါဘုရား။ ထိုနည်းလမ်းများ
သည် ဓမ္မနှင့် မဆန့် ကျင်သောနည်းလမ်းများ ဖြစ်ကြပါတယ်ဘုရား။
သံဃာတော်အရှင်သူမြတ်များဘုရား၊ အရှင်ဘုရားများကိုပြည်သူများက တကယ်
ယုံကြည် ကြည်ညိုအားထား လေးစားကြပါသည်ဘုရား။ ထိုပြည်သူပြည်သားများ၏ ကြည်
ညိုအားထား လေးစားမှုကို အသိအမှတ်ပြုသောအားဖြင့် စစ်အစိုရရဲ့  စနစ်ဆိုးကို ၀ိုင်းဝန်
တွန်းလှန်ကြပါဘုရား။ အရှင်ဘုရားများရဲ့  ကျေးဇူးရှင်များကို နှိပ်စက်ဒုက္ခပေးနေကြသော
စစ်အစိုးရကိုတွန်းလှန်တိုက်ထုတ်ပေးခြင်းသည် ထိုကျေးဇူးရှင်များကို ချမ်းသာအောင်ဆောင်
ရွက်ပေးခြင်း အမှန်ဖြစ်သောကြောင့် ကျေးဇူးဆပ်ခြင်းပင် ဖြစ်ပါတယ်ဘုရား။
သံဃာတော်အရှင်သူမြတ်များသည် ကြီးကျယ်မြင့်မြတ်သူများ ဖြစ်ကြသည့် အတွက်
ပြည်သူပြည်သားများရဲ့ ကျေးဇူးကို သိခြင်းပေးဆပ်ခြင်းဖြင့် တာဝန်ကို ကျေပွန်စွာထမ်းဆောင်
နိုင်ကြပါစေဟု ဆုမွန်ကောင်းတောင်းရင်း………………
ပြည်တွင်းမှာနေစဉ် ၂၀၀၇ စက်တင်ဘာမတိုင်မီ ပြည်သူ့စေတမာန်(ကလောင်)အမည်ဖြင့် ရေးဖြန့်ဝေခဲ့သောဆောင်းပါးဖြစ်ပါသည်။
မင်းသုည(ကွမ်းခြံကုန်း)

0 comments:

Post a Comment