Saturday, September 5, 2009

ပြဒါးတစ်လမ်းသံတစ်လမ်း

အူဝဲအူဝဲသံကုန်ဟဲ၍
အဖေါ်မပါကိုယ်ဗလာဖြင့်
လောကထဲကိုရောက်ခဲ့သူ
သူအရွယ်ရောက်လာ
သူမှာပညာလွန်များပါ၍
လောကကောင်းကျိုးနိုင်ငံကျိုးကို
သက်စွန့်ကြိုးပန်းထမ်းရွက်သူ
သူ့ ကိုမှီရှာ လောကမှာလည်း
နေ့ စဉ်နှင့်အမျှ ချမ်းသာရ၏

ဟော----ဗြုန်းကနဲဆို
သူကိုလုပ်ကြံ
သတ်ဖြတ်ရန်ကြောင့်
သူ၏နိဂုဏ်းဘ၀ဆုံးတော့
သူကိုတမ်းတ
ငိုကြွေးကြ၏
တစ်ယောက်သောသူမှာ
သူမှာ ပညာမရှိပါ၍
လောကကောင်းကြိုး
နိုင်ငံအကျိုးကို
ဘာမှမကြည့် သူမသိပါ
သူသိတာတွေဖေါ်ပြချေက
ဘယ်သူသေသေ ငတေမာပြီးရော
ထင်ရာပြော၍
လောကဆိုးကျိုးပြုတတ်သူ
ဟော--သူကိုကြတော့
မသေခင်က သေကြစေကြောင်း
တစ်လောကလုံးက ပြည်သူအပေါင်း
ဆုမွန်တောင်းသည်
ဆင်ခြင်ကြဖွယ်လမ်းနှစ်သွယ်။

၁၉၉၉ ခုနှစ်နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်မှာနေစဉ် ရေးသားဖြန့်ဝေခဲ့သောကဗျာဖြစ်ပါသည်။

မင်းသုည ကွမ်းခြံကုန်း

0 comments:

Post a Comment