Friday, September 4, 2009

င ငချိတ်ပေါင်းစားလို့ကောင်း

ကလေးဘ၀ သူငယ်တန်းအရွယ်ကပေါ့
င-င ချိတ်ပေါင်း စားလို့ကောင်းလို့
ဘာရယ်မသိ ရမ်းအော်မိခဲ့။
ငယ်က ကြီးလာ ယခုအခါမှ
သေချာစမ်းစစ် အဖြေစစ်တော့
လောက ဓမ္မ တာရှိနေတာက
သူ့ချည်းသက်သက် ဘာမှမဖက်ရင်
ကောင်းဂုဏ်သတင်း မရလျဉ်းဘူး။
အကောင်းမည်တွင် ဖွတ်ဥပင်လည်း
သူ့ချည်းသက်သက် ဆားနှင့်အဖက်ရင်
ကောင်းဂုဏ်သတင်း မရလျဉ်းဘူး။

အကောင်းမည်တွင် ဖွတ်ဥပင်လည်း
သူ့ချည်းသက်သက် ဆားနှင့်အဖက်ရင်
ကောင်းဂုဏ်သတင်း မရလျဉ်းဘူး
ဗုဒ္ဓမြတ်စွာ ဘုရားရှင်သော်မှ
ကောင်းဂုဏ်သတင်း ရခဲ့ခြင်းဟာ
လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း
ဓမ္မကိုရှာ ပေါင်းဖက်ပါမှ
သဗ္ဗညုတဥာဏ်ရှင် ဘုရားရှင်ဟု
ကမ္ဘာ့အလယ်တွင် ထွန်းတောက်ကြွယ်ခဲ့။
င - င ချိတ်ပေါင်း စားလို့ကောင်းတာ
သူ့ချည်းသက်သက် ဆား (နှမ်းထောင်း) မဖက်ရင်
သူနဲ့ လိုက်ဖက် အုန်း၊ ငါးကျော်မဖက်ရင်
ကောင်းသတင်းဆိုတာ ဗလာနတ္ထိ သူမရှိနိုင်။
င - င ချိတ်ပေါင်း ဆား(နှမ်းထောင်း) မပါဘဲ
အဖျက်ဂုဏ်လောင်း သဲ ( ဆန် ) နဲ့ ပေါင်းရင်
င - င ချိတ်ပေါင်း စားလို့မကောင်းဘဲ
စက်ဆုပ်ရွံရှာ ဖြစ်မည်သာ။
လောကမည်တွင် လူတို့တွင်လည်း
(သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟီရိ သြတ္တပ္ပ)
သူတော်ကောင်းဥစ္စာ ခုနှစ်ဖြာကို
ပေါင်းဖက်မပြု လစ်လျှူရှုလျှင်
သူတော်ကောင်းဆိုတဲ့
ကောင်းဂုဏ်သတင်း မရလျဉ်းဘူး။
သင်ပေါင်းသင်းရာ ခုနှစ်ဖြာသည်
အရက်သေစာ၊ ဘိန်း၊ လောင်းကစား၊
သူခိုးဓားပြ လူဗာလနှင့်
အမျိုးဂုဏ်ဖျက် လူ့ကျင့်ပျက်ကို
အတူယှဉ်ကာ ပေါင်းဖက်ပါလျှင်
လနှစ်ချောင်းငင် လူဟုမတွင်ဘဲ
န-ငယ်ဝဆွဲရေးချ ၀စ္စနှစ်လုံးပေါက်
နွား- လူငနွားဟု
ရေးသားစပ်ဆို သီကုံးလိုသည်
နေ့တိုင်းနေ့စဉ် သတိယှဉ် ၍
ကြိုးစားရှောင်လေ မကောင်းမှုတွေ
ကြိုးစားဆောင်လေ ကောင်းမှုတွေ။

မင်းသုည (ကွမ်းခြံကုန်း)

0 comments:

Post a Comment