Thursday, September 17, 2009

သွေးစည်ညီညွတ်ကြလော့


လာမည့် ၂၆ . ၉ . ၂၀၀၉ ဆိုလျှင် ရွှေဝါရောင်တော်လှန်ရေး ( ၂ ) နှစ်ပြည့်ပြီ။
ရွှေဝါရောင် တော်လှန်ရေးရောက်ဖို့ (၇ ) ရက်သာလိုတော့သည်။ မြန်မာတစ်မျိုးသားလုံး
ကျွန်စနစ်အောက်က လွတ်မြောက်ရန် သံဃာတော်တွေဆုတောင်းကာမေတ္တာပို့ချီတတ်
လမ်းလျှောက် ဆန္ဒပြရင်း အာဏာယစ်မူး စစ်ဘီလူးကြီးများ၏ ပစ်ခတ်ရိုက်နှက်သတ်ဖြတ်မှု
ကြောင့် သံဃာတော်တွေ သွေးမြေကျရပြီ။ ယခုအထိ နအဖ စစ်ဘီလူးများ၏ အကျဉ်း
ထောင်ထဲတွင် သံဃာ့ခေါင်းဆောင်များ၊ ကျောင်းသားခေါင်းဆောင်များ၊ အမျိုးသားရေး
ခေါင်းဆောင်များအပါအ၀င် နိုင်ငံရေးအကျဉ်းသား ထောင်နှင့်ချီကာ အနှိပ်စက်ခံ၊ အညှင်း
ဆဲခံ၊ အရိုက်နှက်ခံရဆဲ ရှိလေသည်။

သာသနာ့အာဇာနည်များ၊ ကျောင်းသားအာဇာနည်များ၊ အမျိုးသားအာဇာနည်များ အသက်
သွေးချွေးများပေးဆပ်ခဲ့ကြခြင်းသည် သူတို့အတွက်မဟုတ် မြန်မာတမျိုးသားလုံး စစ်ကျွန်
ဘ၀မှ လွတ်မြောက်ရေးအတွက်သာ ဖြစ်သည်။ မြန်မာတစ်မျိုးသားလုံး ဒါကိုတော့ ကောင်း
ကောင်းသဘောပေါက်ကြဖို့လိုပြီ…


မြန်မာတစ်မျိုးသားလုံး အချင်းချင်းသွေးစည်းညီညွတ်ကာ စုပေါင်း၍ နအဖ စစ်ဘီလူးကြီး
များကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်ပစ်ကြပါလော့။ မေ့လျော့ပေါ့ဆ
ကာ မနေကြပါနှင့်။ တာဝန်သိသူတာဝန်ရှိသည်။ တာဝန်ကို သူတော်ကောင်း သူမြတ်
လောင်း လူရည်ချွန်တွေသာ သိကြသည်ဆိုသည့်အတိုင်း တာဝန်သိသိ၊ သစ္စာရှိရှိဖြင့် စု
ပေါင်း ညီညာစွာ တွန်းလှန်ပစ်ကြပါ။ စုပေါင်းညီညာအောင်ကြောင်းဖြာ ဆိုသည့်အတိုင်း
အားလုံး တက်ညီလက်ညီဖြင့် ၀ိုင်းဝန်းတွန်းလှန်ကြမည်ဆိုလျှင် နအဖ စစ်ဘီလူးကြီးများ
ဧကန်မုချ ကျဆုံးကြရပေမည်။

စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး မအောင်မြင်ရခြင်း၏ အဓိကတရားခံမှာ မြန်မာတစ်
မျိုးသားလုံး မိမိတို့၏ ကိုယ်တိုင်အရေးကို ကိုယ်နှင့်မဆိုင်သလို ဘေးကရပ်ကြည့်သူတွေ
များသည့်အတွက်ကြောင့် မအောင်မြင်ခဲ့ရခြင်းဖြစ်သည်။ သွေးစည်းညီညွတ်မှု မရှိကြခြင်း
ပင်ဖြစ်ပေသည်။ မိမိတို့၏ အခွင့်အရေးကို ကိုယ်တိုင်ပါဝင် တိုက်ယူမှရမည်။ ဘေးကရပ်ကြည့်
မနေကြပါနှင့် ကိုယ်တိုင်ပါဝင်ကာ သွေးစည်းညီညွတ်စွာဖြင့် တိုက်ပွဲဝင်ကြပါ။

မိမိတို့တိုင်းပြည်ကြီးစစ်ကျွန်ဘ၀မှ လွတ်မြောက်ရေးအတွက် အသက်ပေးသူတွေ ပေးခဲ့ကြ
ပြီ။ ဘ၀စတေးသူတွေ စတေးခဲ့ကြပြီ။ သူတို့တွေက အာဇာနည်ပီပီ မြန်မာ့ဇာတိသွေး၊ ဇာ
တိမာန်ကို ပြခဲ့ကြပြီ။ သူတို့တတွေ လူပီသကြောင်း အာဇာနည်တွေ ပီသကြောင်း သမိုင်း
ပေးတာဝန်တွေ ကျေပွန်စွာ ထမ်းဆောင်နိုင်ကြောင်းကို အလုပ်ဖြင့် သက်သေပြကာ သူတို့
သွေးများဖြင့် သမိုင်းမော်ကွန်း ရေးထိုးခဲ့ကြပြီ။

ကဲ … အဆွေတို့ သင်တို့ကို မေးခွန်းလေးတစ်ခုလောက် မေးပါရစေ…
သင်တို့သည် လူ့ဘ၀ကိုတော့ရလာကြပါ၏။ လူပီသရဲ့လား။ သူတို့လို၊ ငါတို့လည်း
အာဇာနည်တွေပါဆိုပြီး မြန်မာ့ဇာတိသွေး၊ ဇာတိမာန်တွေကို မပြနိုင်ကြတော့ဘူးလား။ အ
ချောင်နေ၊ အချောင်စား ဟေလာမောင်တို့ဝါး ဘ၀၊ ကလေကချေဘ၀နဲ့ နိဂုံးချုပ်တော့မှာ
လား။
အာဇာနည်သူရဲကောင်းတွေက တစ်မျိုးသားလုံးအတွက် ဘ၀ကိုစတေးကာ နအဖ
ထောင်ထဲမှာ အနှိပ်စက်ခံ အညှင်းဆဲခံနေချိန် ….. သင်ကဘာတွေလုပ်နေသလဲ။ ဘယ်သူ့
အတွက် လုပ်နေသလဲ။ မညာတမ်း၊ မညှာတမ်း ကိုယ့်ကိုကိုယ်ရဲရဲရင့်ရင့် ပြန်မေးစမ်းပါ။ ဒီ
မေးခွန်းတွေ မေးပြီး မညာတမ်းကြေး၊ မလိမ်တမ်းကြေး ရဲရဲရင့်ရင့် ပြန်ဖြေကာ အာဇာနည်
တစ်ယောက်အဖြစ် သင့်သွေးဖြင့် မော်ကွန်းရေးထိုးမည်ဆိုလျှင် သင်ဟာ လူပီသသူ လူ
သားစစ်စစ် ဖြစ်နိုင်သည်။

သို့တည်းမဟုတ် ဒီမေးခွန်းတွေ ညာပြီး ဖြေမယ်၊ လိမ်ပြီး ဖြေမယ်ဆိုရင် သင်ဟာ လူပီသ
သူ လူစင်စစ် မဖြစ်နိုင်ဘူး။ မြန်မာ့သမိုင်းမော်ကွန်းမှာ သင်ဟာ အချောင်ခို အချောင်စား
လူ့ဗာလ လူညံ့တစ်ယောက် အဖြစ်နဲ့ တွင်ကျန်ရစ်လိမ့်မယ်။ သမိုင်းကို သစ္စာမဖောက်ကြ
ပါနဲ့။ သမိုင်းကို သစ္စာဖောက်လျှင် သမိုင်းရဲ့ ဒဏ်ခတ်တာကို သင်တို့ကောင်းကောင်းကြီး
ခံကြရလိမ့်မည်။

တစ်ချို့က နိုင်ငံရေးကို ငါတို့လုပ်ချင်တယ်ဘယ်လိုလုပ်ရမှာလဲတဲ့။ ဟုတ်ကဲ့ … တတ်သ
လောက်ဖြေပါရစေ။ လုပ်လို့ရသလောက်ကနေ စ၍ လုပ်ကြပါ။ ဥပမာ - နအဖစစ်အာဏာ
ရှင်များကျဆုံးပါစေဆိုပြီး လျှောက်လွှာစာရွက်မှာ စာလုံးကြီးကြီးနဲ့ရေး၊ လစ်တဲ့နေရာမှာ
ကပ်၊ လူတစ်သိန်းလိုက်လုပ်ရင် အရွတ်တစ်သိန်း ထွက်ပါတယ်။ လူတစ်သန်း လိုက်လုပ်
ရင် တစ်နေ့ကို အရွတ်တစ်သန်း ထွက်ပါတယ်။ တကယ် လုပ်ချင်တဲ့စိတ်နဲ့ လုပ်ရဲဖို့ပါပဲ။
တစ်တိုင်းပြည်လုံးက ရဲရဲရင့်ရင့် မိမိတို့အခွင့်အရေးကို တတ်ညီလက်ညီ လှည်းနေလှေ
အောင်း မြင်းဇောင်းမကျန် ၀ိုင်းဝန်းတွန်းလှန် တိုက်ပွဲဝင်ကြမည်ဆိုလျှင် နအဖ စစ်ဘီလူး
ကြီးများ ကျိန်းသေမုချ ဧကန်ကျဆုံးရကြရမှာ မြေကြီးလက်ခတ်မလွဲပါ။

စက်တင်ဘာရွှေဝါရောင် တော်လှန်ရေးကို ဂုဏ်ပြုသောအားဖြင့် အမှတ်ရသော အားဖြင့်
မြန်မာတစ်မျိုးသားလုံး တတ်ညီလက်ညီ ၀ိုင်းဝန်းလိုက်လုပ်ကြပါ။ ဘုရားစေတီ
ပုထိုးများသို့သွားရောက်ကာ သံဃာတော်များအတွက်ဆုတောင်းပွဲများပြုလုပ်
ကြပါ။ပြီးတော့လျှောက်လွှာစာရွက်များ၊ ဗလာစာရွက်များ၊ နံရံများ လွတ်သောနေရာများတွင် ဘော့ပင်၊ ဆော့ပင်၊ မြေဖြူ၊မီးသွေး၊ မှုတ်ဆေးများဖြင့်…
ရွှေဝါရောင် တော်လှန်ရေးတွင် ကျဆုံးသော အာဇာနည်များ ကောင်းရာသုဂတိလားပါစေ…
အကျဉ်းကျခံနေရသော အာဇာနည်များ အမြန်လွတ်မြောက်ပါစေ …
နအဖ စစ်ဘီလူးများ အမြန်ဆုံး ကျဆုံးပါစေ …
စစ်မှန်သော ဒီမိုကရေစီစနစ် အမြန်ဆုံးပေါ်ပေါက်ပါစေ … ဟု ၀ိုင်းဝန်းရေးထိုးကြကာ သွေး
စည်းညီညွတ်ကြောင်း သမိုင်းမော်ကွန်း ရေးထိုးပေးကြပါ။လာမည့် (၃.၁၀.၂၀၀၉)သီတင်းကျွတ်
လပြည့်သံဃာပ၀ါရဏာနေ့တတိယအကြိမ်သံဃာ့သပိတ်အောင်မြင်ရေးအတွက်ပြည်သူအားလုံးလှည်းနေလှေအောင်းမြင်းဇောင်းမကျန်ဝိုင်းဝန်းကာ သံဃာတော်များကိုအသက်ပေးကာကွယ်
ကြပါရန်နိုးဆော်တိုက်တွန်းရင်း………………
ရွှေဝါရောင်နှစ်နှစ်ပြည့် အထိမ်းအမှတ်သာသနာ့အာဇာနည်များကိုဦးညွှတ်ဂုဏ်ပြုသောအားဖြင့်…..



မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

0 comments:

Post a Comment