Friday, September 4, 2009

တကယ်တန်ဖိုးရှိတဲ့လူ

ပခုံးနှစ်ဖက်ကြားခေါင်းပေါက်ကာမျှလူ
မေထုန်မှီအိပ်စား
ပျော်ပါးကာနေတဲ့လူ---
ကိုယ်အသက်ကိုမငဲ့ကွက်
တိုင်းပြည်အတွက်ပေးဆပ်ရဲတဲ့လူ---
သင်ဟာဘယ်လိုလူလဲ?

ရရစားစားမောက်ကြွားကြွားနဲ့
ပေတေတေဂျလေလိုက်တဲ့လူ---
ဘယ်သူသေသေငတေမာပြီးရော
ထင်ရာပြောပြီး
တိုင်းပြည်ဘဏ္ဍာထုတ်ယူခိုးသွား
ဝါးမျိုစားတဲ့လူ---
လူချင်းတူပေမဲ့ တန်ဖိုးချင်းမတူတဲ့လူ---
တိုင်းပြည်တော့နစ်မွန်းမခံ
ဒို့တွန်းလှန်မယ်ဆိုပြီး
အသက်ကိုပေးဆပ် ဘဝကိုတိုင်းပြည်အပ်
ကိုယ်ကျိုးမဖက်တဲ့လူ
လူတော့လူသင်ဘယ်လိုလူလဲ?
ကိုယ့်ကိုကိုယ်သေချာစွာမေး
ငါဟာ ငါ့အတွက်တန်ဖိုးမဲ့တဲ့လူ
ငါဟာ ငါ့အတွက်တန်ဖိုးရှိတဲ့လူ
ငါဟာ ငါ့မိသားစုအတွက်တန်ဖိုးမဲ့တဲ့လူ
ငါဟာ ငါ့မိသားစုအတွက်တန်ဖိုးရှိတဲ့လူ
ငါဟာ ငါ့မြို့ ရွာအတွက်တန်ဖိုးမဲ့တဲ့လူ
ငါဟာ ငါ့မြို့ ရွာအတွက်တန်ဖိုးရှိတဲ့လူ
ငါဟာ ငါ့နိုင်ငံအတွက်တန်ဖိုးမဲ့တဲ့လူ
ငါဟာ ငါ့နိုင်ငံအတွက်တန်ဖိုးရှိတဲ့လူ
ဒါပေမဲ့လူတော့ လူ
ငါဟာ ဘယ်လိုလူလဲ
တကယ်တန်ဖိုးမဲ့တဲ့ လူ
တကယ်တန်ဖိုးရှိတဲ့ လူ
လူတော့လူဘယ်လိုလူလဲ?
ရဲရဲသာဖြေ-----
မလိမ်တန်းဖြေ-----
မညာတန်းဖြေ------
တွေဝေမနေနဲ့ ----
ငါလိုချင်တဲ့အဖြေ မူ
လရေးနှစ်ချောင်းငင်လူ
တကယ်တန်ဖိုးရှိတဲ့လူ---------

တိုင်းပြည်အတွက်အသက်ကိုပေးဆပ်၊ဘဝကိုတိုင်းပြည်အပ်၊
ထက်မြတ်တဲ့တန်ဖိုးရှိတဲ့လူများပေါ်ပေါက်နိုင်ကြပါစေ။

မင်းသုည ကွမ်းခြံကုန်း

0 comments:

Post a Comment