Friday, September 4, 2009

အမေ နှင့် အဖေ

လူချင်းတူပေမဲ့ စိတ်ဓာတ်ချင်းမတူကြ
ကွဲပြားကြ၏
တချို့က အမေ့ကျေးဇူး ပိုထူးလို့ ပြောကြတယ်
တချို့က အဖေ့ကျေးဇူး ပိုထူးလို့ ပြောကြတယ်
တချို့က ကျေးဇူးမရှိ ဗလာနတ္ထိလို့ ပြောကြတယ်
ဘယ်သူတွေ ဘယ်လိုပြောကြပါစေ
အဖေနှင့် အမေ သူတို့တတွေရဲ့ ကျေးဇူး
သားသမီးတွေရဲ့ အပေါ်ရှိခဲ့ ဘူးတာ
အားလုံးအသိ . . .
ရှိသည့် ကျေးဇူး မသိဘူးဟု
သံကုန်ဟစ်အော် သင်ကြွေးကြော်ရင်
မင်းရဲ့ အသိ နွားနှင့် ညှိကြည့်
အဖြေသိရလိမ့်မယ်။

မေထုန်မီ အိပ်စား ဤသုံးပါသာ ရှိသည့်နွား
သူ့သမီး နှင့် သားအပေါ်
ထားတဲ့မေတ္တာ စေတနာကို
ကျေးဇူးမသိသည့် မင်းနဲ့ယှဉ်ကြည့်
အဖြေသိရလိမ့်မည်။
အဖေနှင့် အမေရဲ့ အနန္တမေတ္တာစေတနာကို
အဆပ်ချင်နေပါ မစော်ကားပါနှင့်
စော်ကားပါလျှင်
သင်လို သမီးသား လူ့ငနွားကို
မတွေ့ရပါစေ တောင်းဆုချွေသည်
ဆုတောင်းတိုင်းသာ ပြည့်ပါစေ . . .။

မင်းသုည (ကွမ်းခြံကုန်း)

0 comments:

Post a Comment