Saturday, September 5, 2009

သာသနာ့အောင်လံလွင့်ထူကြလော့

မြန်မာနိုင်ငံတွင်နအဖ၏မတရားဖိနှိပ်မှုများကိုပေါ်လွင်ထင်ဟတ်စေသည့်အနေဖြင့်၎င်း၊
အဓမ္မ၀ါဒများပပျောက်၍ဓမ္မ၀ါဒများထွန်းကားစေရန်ရည်ရွယ်သည့်အနေဖြင့်၎င်း
သာသနာ့အောင်လံလွင့်ထူသည့်ကန်ပိန်းတစ်ရပ်ကိုစတင်ဆင်နွဲနေပြီဖြစ်သည်၊
သို့ပါ၍မိမိတို့၏နေထိုင်ရာလမ်း၊အိမ်၊ကျောင်း၊မော်တော်ယာဉ်စသည့်တောရောမြို့ပါ
မကျန်သာသနာ့အောင်လံကိုလွင့်ထူ၍နအဖစစ်မိစ္ဆာအုပ်စုအားတော်လှန်တိုက်ပွဲဝင်ကြပါရန်
တိုက်တွန်းနိုးဆော်အပ်ပါသည်။



သာသနာ့အောင်လံလွင့်ထူကြလော့
ဒို့ပြည်ဒို့ရွာ
ဒို့သာသနာကို
ဒို့ကာကွယ်ဖို့အသိ
ဒို့မှာတာဝန်ရှိပြီမို့
ဒို့သာသနာ မကွယ်ပရေး
ဒို့အရေး
ဒို့သာသနာ့အန္တရာယ်
ဒို့ကာကွယ်
ဒို့သာသနာ့အလံ
ဒို့အောင်လံမို့
ဒို့ဘုရားကျောင်းကန်
ဒို့အိမ်ပါမကျန်
ဒို့ရဲအောင်လံ
ဒို့သာသနာ့အလံကို
ဒို့ရဟန်းပြည်သူ
ဒို့စိုက်ကာထူမည်
အဓမ္မဘေးဝေးပါစေ
မသူတော်ဘေးဝေးပါစေ။ ။
နိုဝင်ဘာလ(၁၃. ၁၁ .၂၀၀၈)နေ့ တွင်စတင်လှုပ်ရှားခဲ့သောသာသနာ့အလံကန်ပိန်းကဗျာဖြစ်ပါသည်။ဆက်လက်လှုပ်ရှား
နေကြပါရန်တိုက်တွန်းနိုးဆော်ပါသည်။
မင်းသုည ကွမ်းခြံကုန်း

0 comments:

Post a Comment