(2007-ခုနှစ်ထုတ် စတင်ဘာလထုတ်မြတ်ပန်းရဂုံ ဓမ္မစာစောင် တွင်ပါသော ခင်မောင်သိန်း(တွံတေး)၏ ´သုရာမေရယ မဇ္ဖပမာဒ ဋ္ဌာနာ ဝေရာမဏိ´ သိက္ခာပုဒ်တွင် ဆေးလိပ် ပါမပါ၊ ကမ္မကိလေသာ တရားတွင် အရက်သေစာ မပါသဖြင့် အရက်သောက်ခြင်းသည် အပြစ်ရှိ´မရှိဟူသော မေးခွန်းကို ဖြေကြားပေးထားခြင်းဖြစ်ပါသည်။)
မဇ္ဖပါနတွင် ဆေးလိပ် ပါ´မပါ။ မဇ္ဖပမာဒဋ္ဌာနတွင် ဆေးလိပ် ပါ´မပါ။ ကမ္မကိလေသတွင် အရက် ပါ´မပါ
အဖြေ….
(က) မဇ္ဖပါန နှင့် မဇ္ဖပမာဒဋ္ဌာနတွင် ဆေးလိပ်`ပါ´မပါ။
´
မဇ္ဖ´ သဒ္ဒါ နှစ်ခုစလုံး အရတူသဖြင့် တစ်ပေါင်းတည်း ဖြေပါမည်။ ခုဒ္ဒကပါဌ အဋ္ဌကထာတွင် ´မဇ္ဖ န္တိ တဒုဘယမေ၀ မဒနီယဋ္ဌေန မဇ္ဖံ´၊ ထိုသုရာ(သေရည်)နှင့် မေရယ(အရက်) နှစ်မျိုးကိုသာလျှင် ယဇ်မူးခြင်း၏အကြာင်းဖြစ်သောကြောင့် မဇ္ဖ-ဟူ၍ ဆိုအပ်၏။
`
ယံဝါ ပနညမ္ပိ ကိဉ္စိ အတ္ထိ မဒနီယံ၊
ယေန ပီတေန မတ္တော ဟောတိ ပမတ္တော၊
ဣဒံ ၀ုစ္စတိ `မဇ္ဖံ´။(ခုဒ္ဒကပါဌ၊ ဋ္ဌ၊ 17)
တစ်နည်းကား= သုရာမေရယမှ တစ်ပါးသော တစ်စုံတစ်ခု ယစ်မူးကြောင်းဖြစ်သော အရာဝတ္ထုကို သောက်သုံး၍ မူးယစ် မေ့လျော့၏ ၊ ထိုယစ်မူးကြောင်းဖြစ်သော အရာဝတ္ထုကိုလည်း မဇ္ဖ ဟုဆိုအပ်၏ဟု နှစ်နည်းဖွင့်ဆိုထားပါသည်။
အထက်ပါ အဖွင့်နှစ်မျိုးစလုံးအရ မူးယစ်မေ့လျော့စေတတ်သော အရက်သေစာအားလုံးသည် မဇ္ဖမည်၏။
ဤတွင် အရက်သောက်ခြင်းကို ရသာရုံဟုဆိုအပ်သော ကာမဂုဏ်တို့၌ ဖောက်ပြန်သော အကျင့်ဖြစ်သောကြောင့် ကာမေသုမိစ္ဆာစာရကံ၌ သွင်းယူသည့်နည်းတူ ဆေးလိပ်သောက်ခြင်းကိုလည်း ကာမေသု မိစ္ဆာစာရကံ၌ သွင်းယူသင့်သည်မဟုတ်ပါလော ဟူငြားအံ့။
ဆေးလိပ်သောက်ခြင်းကို ရသာရုံဟုဆိုအပ်သော ကာမဂုဏ်တို့၌ လွန်လွန်ကျူးကျူး ခံစားခြင်းဟု မုချအားဖြင့် မဆိုသာ။ ဆိုနိုင်သည်ဟုပင်ယူဆလျှင်လည်း ဆေးလိပ်သောက်ခြင်းသည် အရက်သောက်ခြင်းကဲ့သို့ မူးယစ်မေ့လျော့ကာ မကောင်းမှုပြုဖို့ရာ အလားအလာရှိလာသည်မဟုတ်။
ဥစ္စာဆုံးပါး၊ ခိုက်ရန်ပွားခဲ့၊ နာများခြင်းကြောင်း၊ မကောင်းသတင်း၊ တွင်းအင်္ဂါလှန်၊ ပညာဥာဏ်လည်း၊ အားနည်းအောင်ပြု၊ ဤခြောက်ခု၊ သောက်မှုသေရည်ပြစ်။(ပရိတ်ကြီးနိဿယသစ်၊ 178၊ ဒီ၊ 3၊ 148)ဟူသည်နှင့်အညီ အရက်သောက်သူ မျက်မှောက်ဘ၀၌ပင် ခံစားရမည့် အပြစ်ခြောက်ပါးရှိ၏ ။
ထို ခြောက်ပါးတွင် ဆေးလိပ်သောက်သူအား ဥစ္စာဆုံးပါး ယုတ်လျော့ခြင်းနှင့် အနာရောဂါများခြင်းဟူသော အပြစ်များဖြစ်နိုင်၏။ ခိုက်ရန်ဖြစ်ပွားခြင်း၊ မကောင်းသတင်းထွက်ခြင်းများအခါအားလျော်စွာ ဖြစ်နိုင်သည်ဟု ဆိုဦးတော့ အရှက်မရှိတော့သည့် အနေအထား၊ အသိဥာဏ်အားနည်းသည့်အဆင့်ထိတော့ မရောက်နိုင်ပေ။
တစ်ဖန် အရက်ကို မပြတ်မှီဝဲအပ်၊ အကြိမ်များစွာ သောက်သုံးအပ်သူ၏ တမလွန်ဘ၀အကျိုးကား ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာဘုံတို့၌ ဖြစ်တတ်၏။ အောက်ထစ်ဆုံးအကျိုးကား လူဖြစ်လျှင်ပင် အရူးအနှမ်း အဆွံ့အအ ဖြစ်တတ်၏။
ဆေးလိပ်သောက်သူအား ထိုကဲ့သို့သော အပြစ်တွေ ဖြစ်နိုင်သည်ဟု ဆိုဖွယ်အကြောင်းမရှိပေ။ ငွေကုန်ခြင်း၊ ရောဂါရခြင်းများ တူနိုင်သော်လည်း အရက်သောက်သူနှင့် ဆေးလိပ်သောက်သူ နှစ်ယောက်တို့၏ မကောင်းမှု့ ပြုဖို့ အလားအလာ၊ ကောင်းမှု၌ မေ့လျော့ဖို့ အလားအလာရှိပုံခြင်း မတူနိုင်ပေ။
ရသာရုံ၌ ခုံမင်ပုံခြင်းလည်း ထပ်သူမပြုသင့်ပေ။ ထိုကဲ့သို့သာ အကြောင်းရှာလျှင် ကွမ်းစားခြင်း၊ ဆေးငုံခြင်း၊ ပီကေ၀ါးခြင်းမှအစ ထမင်းစားရဖွယ်ပင်မမြင်။
ဤဆိုအပ်ပြီးသော စကားရပ်တို့ဖြင့် မဇ္ဖပုဒ် အဖွင့်အရ မဇ္ဖပါန၊ မဇ္ဖပမာဒဋ္ဌာန တို့တွင် ဆေးလိပ်မသွင်းသင့်ကြောင်းကိုသာ ဆိုသည်။ ဆေးလိပ်သောက်သင့်ကြောင်း ထောက်ခံရေးသားနေခြင်း မဟုတ်ပေ။ ဆေးလိပ်၏ မျက်မှောက် မကောင်းကျိုးကို ဗဟုသုတရှိလျင် ရှိသလောက် လူတိုင်းအသိပင်ဖြစ်၏။
ထို့ပြင်လည်း ဆေးလိပ်သောက်ခြင်းသည် သာမာန်လူအဖို့ အပါယ်လေးပါး ကျရောက်စေနိုင်လောက်သော ဒုစရိုက်မှု မဟုတ် သော်လည်း တရားအားထုတ်နေသော ယောဂီအဖို့ ကြောင့်ကြ စိုက်ဖွယ် တရားအတွက် အနှောင့်အယှက် ပလိဗောဓငယ် စာရင်းဝင်နိုင်၏။
(ခ)ကမ္မကိလေသတွင် အရက်သေစာ ပါ, မပါ။
သုတ် ပါထေယျပါဠိတော် သိင်္ဂါလသုတ်တွင် ပါဏာတိပါတ၊ အဒိန္နဒါန၊ ကာမေသုမိစ္ဆာစာရ၊ မုသာဝါဒ အားဖြင့် ကမ္မကိလေသ (ညစ်နွမ်းကြောင်းအမှု) ကို လေးပါးသာ မြတ်ဗုဒ္ဓဟော တော်မူ၏။ သုရာမေရယ မပါဝင်ပေ။ (ဒီ၊ 3၊ 147)
အကြောင်းကိုရှာသော် မင်္ဂလသုတ်ဒေသနာတွင် အာရတီ ၀ိရတီ ပါပါ၌ ပါပ (ယုတ်မာသောအမှု)အရ သုရာမေရယကို နောက်၌ မဇ္ဖပါနာစ သံယမောဟု ဟောလတံ္တဖြစ်၍ မကောက်ယူရသကဲ့သို့၊ ဤ၌လည်း သုရာမေရယ၏ မကောင်းကျိုး၊ ဆိုးပြစ်ကို နောက်၌ သီးသန့် ဟောလတံ္တဖြစ်၍ ကမ္မကိလေသ (ညစ်နွမ်းကြောင်းအမှု့) စာရင်းထဲမသွင်းဘဲ ငါးပါးသီလမှ ရှေ့ လေးပါးကို သွင်း၍ ဟောထား ခြင်းဖြစ်မည်ဟု ယူဆရပေသည်။
အရှင်ကောဝိဒ (ယော)
မှတ်ချက်...ဆရာကြီးရွှေဥဒေါင်းသည်ပင် ဒီအယူအဆကို မဟာစည်ဆရာတော်ဘုရားအားမေးဖူးကြောင်းကြားသိရဘူး၏။
ဗလိဗောဓ=အလုပ်များခြင်း၊ဗာဟိယ-ပြင်ပအမှုများခြင်းကိုဆိုလိုပါသည်။
http://myatpanyagon.blogspot.com/ မှ
Sunday, September 27, 2009
ညစ်နွမ်းကြောင်းအမှု -မဇ္ဖပမာဒဋ္ဌာန အကြောင်း
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment