Sunday, September 6, 2009

သြော် န အ ဖ .. န အ ဖ ...

လူကြီးတစ်ယောက်သည် သူဝါသနာအတိုင်း န အ ဖ အကြောင်းကို တွေ့တဲ့သူတိုင်းကို တွေ့တဲ့နေ
ရာမှာ တော်တော်လေးပြောလေ့ရှိပါတယ်။ တနေ့နိုင်ငံခြားသားများကိုရှေးဟောင်းပစ္စည်းရောင်း
သောဆိုင်သို့လိုက်ပို့ပါတယ်။ ထိုဆိုင်ရှေ့ ရောက်သော် နိုင်ငံခြားသားအားရှင်းပြနေသည်က—-
ကျနော်တို့ န အ ဖ စစ်အစိုးရကလည်းဒီရုပ်သေးရုပ်များလိုပဲ တရုတ်ကြီးကြိုးဆွဲရာကနေရတဲ့အ
ကြောင်းရှင်းပြလေသည်။ ထိုသူရှင်းပြသော အကြောင်းကိုကြားရသော ရုပ်သေးရုပ်တစ်ရုပ်က မ
ခံချင်တာနဲ့ ထပြောလေသည်။ကျနော်ကို န အ ဖနဲ့ မနှိုင်းပါနဲ့ ။ကျနော်တို့ ရုပ်သေးရုပ်တွေသိက္ခာ
ကျပါတယ်။အဲ့ဒိမှာတင် ထိုလူကြီးကဘာလို့ လဲလို့ ပြန်မေးတော့—–ကျနော်တို့ ရုပ်သေးတွေက
ကြိုးဆွဲရာကရပေမဲ့ပွဲကြည့်ပရိသတ်(ပြည်သူ)ကိုလေးစားတယ်။ ကျေးဇူးရှင်မှန်းသိတယ်။ ကျနော်
တို့ ကပြည်သူကိုဘယ်တော့မှမဆော်ကားဘူး။ ဒါကြောင့် ပြည်သူကိုလေးစားရမှန်းမသိ၊ ကျေးဇူး
ရှင်မှန်းမသိတဲ့ နလဘိန်းတုန်းမိစ္ဆာကောင်တွေနဲ့ မနှိုင်းပါနဲ့ ။ရုပ်သေးတွေ သိက္ခာကျလို့ ပါ။ ဒီလိုနဲ့ 

ထိုလူကြီးဘာမှပြန်မပြောတော့ဘဲ ခရီးဆက်ခဲ့ပါသည်။ သူ့ ရဲ့ ဗီဇအတိုင်းန အ ဖအကြောင်းကို မ

ပြောရရင်မနေနိုင်ပါ။န အ ဖအကြောင်းကိုလဲမပြောဘဲနေမယ်လို့ ကြံပေမဲ့ပြောစရာတွေကတနေ့
တခြားပိုပိုများလာတော့မပြောဘဲလဲမနေနိုင်ဖြစ်နေပါတယ်။ဒီလိုနဲ့ နွားအုပ်ကြီးတစ်ခုကိုလမ်းမမှာ
ပက်ပင်းသွားတိုးပါတယ်။ ဒီမှာတင်ထိုလူကြီးကပြောပါတယ်။ အခုန အ ဖတွေကလည်း ဒီနွားတွေ
လိုပါပဲ။ တရုတ်ကြီးခိုင်းတာမှန်သမျှ အကုန်လုပ်နေတာပဲ။ လုပ်သင့်မလုပ်သင့် မစဉ်းစားကြပါဘူး။
သူတို့ အာဏာတည်မြဲရင်ပြီးရောဆိုပြီး တိုင်းပြည်ကသယံဇာတွေ အကုန်ထိုးပေးတော့တာပါပဲ။
တိုင်းပြည်မှာလဲ ဘာမှမကျန်တောဘူး။ ထိုစကားကိုကြားတဲ့ နွားတကောင်ကပြောပါတယ်။ သူတို့ 
ကို အဆင့်မရှိတဲ့ န အ ဖတွေနဲ့ မနှိုင်းဖို့ အကြောင်း၊ ဒီလိုအဆင့်မရှိတဲ့န အ ဖတွေနဲ့ နှိုင်းတာဟာ
သူတို့ နွားတွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်တဲ့အကြောင်း ပြောပါတယ်။ ဒါနဲ့ ထိုလူကြီးက ပြန်မေးပါ
တယ်။ ဘာကြောင့်လဲလို့ မေးတော့ ထိုနွားက—ကျနော်တို့နွားတွေက ခိုင်းတာလုပ်နေရတယ်ဆို
ပေမဲ့န အ ဖလို ကိုယ့်အမျိုးဂုဏ်သိက္ခာတွေ ထိခိုက်နစ်နာမှာမျိုးကို တခါမှမလုပ်ဖူးကြောင်း၊ ဒါ
ကြောင့်ကိုယ့်အမျိုးဂုဏ်သိက္ခာကျအောင် ခိုင်းတိုင်းလုပ်တဲ့န အ ဖစစ်အစိုးရနဲ့ မနှိုင်းသင့်ကြောင်း
၊ဒီလိုနှိုင်းတာဟာ သူတို့ နွားတွေရဲ့ ဂုဏ်သိက္ခာထိခိုက်ကြောင်း ပြောပါတယ်။ ထိုလူကြီးကနောက်
မပြောတော့ပါကြောင်း ကတိ ပေးပြီး ဒီလိုပြောမိတဲ့အတွက် ခွင့်လွှတ်ဖို့ တောင်းပန်ခဲ့ပါတယ်။

ဒီလိုနဲ့ ထိုလူကြီးလဲဆက်လျှောက်လာရာ—ကျွဲတအုပ်နဲ့ ဆက်တိုးပါတယ်။ထုံးဆံအတိုင်း နအဖ
စစ်အစိုးရဟာ တိုင်းပြည်ကိုလေးစားဖို့ ပညာရှင်အသီးသီးကဝိုင်းဝန်းအကြံပေးနားချပေမဲ့ မရတဲ့
အကြောင်း၊အခုမြင်ရတဲ့ကျွဲတွေနားစောင်းသွားတီးပြရင်ဘာမှနားမလည်သလို—-န အ ဖကို
ပြောရတာဟာ ကျွဲပါးစောင်းတီးသလိုဖြစ်တဲ့အကြောင်းကိုနိုင်ငံခြားသားအား ရှင်းပြနေပါတယ်။
အဲ့ဒိမှာတင် ထိုလူကြီးပြောတဲ့စကားကို ကြားသွားတဲ့နွားတကောင်ကပြောပါတယ်။သူတို့ ကျွဲတွေ
ကိုဒီလောက်တိုင်းပြည်အတွက်ဘာမှအသုံးမကျတဲ့ န အ ဖတွေနဲ့မနှိုင်းဖို့ အကြောင်း၊ ဒီလိုနှိုင်း
တာဟာသူတို့ ကျွဲတွေရဲ့ ဂုဏ်သိက္ခာကျတယ် ဆိုတဲ့အကြောင်းကိုပြောပါတယ်။ဘာလို့လဲလို့ ပြန်
မေးတဲ့ အခါမှာ သူတို့ ကျွဲတွေဟာလူတွေအတွက်အင်မတန်အသုံးဝင်ကြောင်း၊လူတွေရဲ့ထွန်ယက်
စိုက်ပျိုးရေး သယ်ယူပို့ဆောင်ရေးစသည်ဖြင့်လူတွေကိုကောင်းစွာကူညီကြောင်း၊ ပြည်သူတွေရဲ့ 
စကားကိုနားထောင်ကြောင်းပြောပြီး ဒီလိုလူတွေအတွက်ဘာမှအသုံးမဝင်ဘဲလူတွေကိုဒုက္ခပေးဖို့
သက်သက်လူဖြစ်လာတဲ့ပြီးတော့ပြည်သူတွေရဲ့ စကားကိုနားမထောင်တဲ့ နအဖ စစ်အစိုးရနဲ့သူတို့
ကျွဲတွေကိုနှိုင်းတာဟာ သူတို့ ကိုအချက်တစ်ရာရိုက်တာထက်နာတဲ့အကြောင်း၊ ပြီးတော့သူတို့
ကျွဲတွေရဲ့ ဂုဏ်သိက္ခာကိုအကြီးအကျယ်ထိခိုက်တာမို့ ဒီ န အ ဖတွေနဲ့ နှိုင်းရင် နောက်ကိုသူတို့ ကျွဲ
ရဲ့ အမည်ကျွဲဆိုတဲ့စာလုံးကိုထည့်မသုံးဖို့သူတို့ကျွဲတွေအားလုံးကကန့်ကွက်ကြောင်းကိုပြောကြားခဲ့
ပါတယ်။ ဒါနဲ့ ထိုလူကြီးလဲနောက်ကို ဒီလိုလူယုတ်မာတွေနဲ့ မနှိုင်းတော့ပါကြောင်း ကတိပေးပြီး
ထွက်ခဲ့ပါတယ်။ ဒီလိုနဲ့ဆက်လျှောက်လာရာခွေးရူးတကောင်နဲ့ တိုးပါလေရော။ခွေးရူးဆိုတော့သူ့ 
ကိုကိုက်မှာကြောက်တာနဲ့ အိမ်တအိမ်ပေါ်တက်ပြေးပါတယ်။ခွေးရူးကလည်းအိမ်ပေါ်ကိုပြေးလိုက်
လာပါတယ်။ဒီလိုသူ့ ထုံးစံအတိုင်း န အ ဖတွေဟာဒီခွေးရူးလိုပဲဘာမှမသိတော့ဘူး။ အာဏာရူးနေ
ကြပြီ။ တွေ့တာမှန်သမျှအကုန်ဖမ်း အကုန်ရိုက်၊ ဘုန်းကြီးပါမကျန်သေနပ်နဲ့ပစ်၊ စစ်ဖိနပ်နဲ့ကန်
ကြောက်၊ထောင်ဒဏ်တွေ(၃၅)နှစ်(၆၈)နှစ်(၁၀၄)နှစ် စသည်ဖြင့်နှစ်ရှည်တွေချ၊ရုပ်ပွါးတော်တွေ
ကိုပါခေါင်းဖြတ်၊ စေတီတော်တွေရဲ့ ဌာပနာတွေကိုဖောက်၊ အာဏာရူးပြီးလုပ်ချင်လိုက်လုပ်နေ
ကြောင်းကိုပြောပါတယ်။ အဲ့ဒိလူပြောတဲ့အကြောင်းကို အိမ်အောက်ကကြားသွားတဲ့
ခွေးရူးဟာချက်ချင်းပြန်ပြောပါတယ်။သူ့ကိုန အဖအာဏာရူးတွေနဲ့မနှိုင်းဖို့အကြောင်း၊
တခြားအရူးတွေနဲ့နှိုင်းရင်ခံနိုင်ပေမဲ့ဒီလိုတကမ္ဘာလုံးရှိ အဆင့်အတန်းမြင့်သူတွေအားလုံးက
ဝိုင်းပြီးကျဉ်ဖယ်ပြစ်ပယ်ထားပြီးသုံးစားလို့ မရအောင်နာမည်ပျက်နေတဲ့ န အ ဖတွေနဲ
့နှိုင်းတာဟာသူ့ ရဲ့ ခွေးရူးဂုဏ်သိက္ခာကိုထိပါးတဲ့ အကြောင်း၊ပြီးတော့အခုလိုန အ ဖ
တွေနဲ့အနှိုင်းခံရလို့ မခံချင်လွန်းတာနဲ့ သူ့ရဲ့ 
ခွေးရူးရောဂါတောင်ပျောက်သွားတဲ့အကြောင်းနဲ့ပြီးတော့ခွေးရူးကဆက်ပြောတာကတကမ္ဘာလုံးရှိ
သမျှအဆိုးတွေအားလုံးနဲ့ နှိုင်းစရာမရှိအောင်ဆိုးသွမ်းယုတ်မာနေတဲ့နအဖတွေနဲ့ နှိုင်းလိုက်တာ
ဟာ သူ့ကိုခွေးရူးဆိုပြီးနောက်ကနေလိုက်ရိုက်နေကြတဲ့သူတွေရဲ့ ရိုက်ချက်ပေါင်းမြောက်များစွာ
ထက်နာတဲ့အကြောင်းကိုပြောပြီးနောက်ကိုသူတို့ ခွေးရူးတွေရဲ့ဂုဏ်သိက္ခာကိုထောက်သောအား
ဖြင့်နအဖအာဏာရူးတွေနဲ့ မနှိုင်းဖို့ ကိုပြောကြားလိုက်ပါတယ်။ န အ ဖအကြောင်းကိုအမြဲတန်း
နှိုင်းယှဉ်နှိုင်းယှဉ်ပြီးတော့ပြောပြလေ့ရှိသော ထိုလူကြီးသည် ရုပ်သေးရုပ်၊ နွား၊ကျွဲ၊ ခွေးရူးတဲ့ပြော
လိုက်သောစကားကိုအမြဲတန်းနားထဲမှာကြားယောင်နေမိရင်း—သြော်နအဖ-နအဖ အဆိုးတွေနှိုင်းစရာမကျန်လောက်အောင်ဆိုးတဲ့နအဖလို့ ငြီးတွားနေမိရင်းနအဖရဲ့ အဆိုးသံသရာလည်ပတ်
နေပုံကိုတွေးတောနေမိပါတော့တယ်။

မင်းသုည (ကွန်းခြံကုန်း)

0 comments:

Post a Comment