ရိုသေစွာလျှောက်ထားအပ်ပါသည်သံဃာတော်အရှင်သူမြတ်များဘုရား
ကြံ့ဖွတ်စစ်အစိုးရသည်ဧရာဝတီမြစ်ကြီးကိုတရုတ်အားရောင်းစားထားပြီးဖြစ်
သောကြောင့်ဧရာဝတီမြစ်ကြီးအားပိတ်ဆို့ကာရေကာတာများတည်ဆောက်ခြင်း၊လျှပ်စစ်အားရသမျှကို
တရုတ်ပြည်သို့အကုန်ပို့ရမည်ဖြစ်ခြင်း၊မြစ်ရိုးတလျှောက်တရုတ်အကုန်ပိုင်သဖြင့်တရုတ်ကုမ္ပဏီ
များဝင်လာကာစီးပွါးရေးများအကုန်လက်ဝါးကြီးအုပ်လာခြင်းကြောင့်မြစ်ရိုးတလျှောက်တွင်နေထိုင်ကြသော
မြန်မာပြည်သားများအားလုံးမိမိပိုင်နက်နယ်မြေများကိုစွန့်လွှတ်ရခြင်းကြောင့်အိုးမဲ့အိမ်မဲ့ဖြစ်လာ
ခြင်း၊ ဧရာဝတီမြစ်ကြီး၏ရေချိုစီးဆင်းရာ မေခမလိခ မြစ်ဆုံနေရာကိုဖြတ်ပိတ် နေသောကြောင့်
ရေချိများပြတ်တောက် သွားပါက ပင်လယ်ပြင်မှရေငံများ ဧရာဝတီမြစ်အတွင်းသို့ဝင်ရောက်လာကာ ရေချိုမှ ရေငံအဖြစ်ပြောင်းသွားပါမည် ဘုရား။ ရေငံပြောင်းသွားပါကဧရာဝတီမြစ်အတွင်းရှိ
ရေချိုငါးများအားလုံး သေကျေပျက်စီးကြရမည် ဖြစ်ပါသည်ဘုရား။ ဧရာဝတီရေချိုဖြင့် စိုက်ပျိုးနေကြရသောမြန်မာပြည်သားများအားလုံး
ဘာတစ်ခုမှစိုက်မရဖြစ်သွားပါမည်ဘုရား။ ဧရာဝတီကိုအမှီပြု၍သာသနာပြုနေကြရသော အရှင်ဘုရားများ၏တပည့်ဒါယကာဒါယိကာမများ
ဧရာဝတီမြစ်ကြီးပျက်ဆီးပါကသာသနာမပြုနိုင်ဖြစ်ကြရပါတော့မည်ဘုရား။ အရှင်ဘုရားများ အမြဲဟောနေကြအတိုင်း
ဆရာဒကာဆိုတာ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ
ဆိုသလို ကျွန်းကြီးကိုမှီပြီး ကျွန်းပေါ်မှာ
ပေါက်နေသော ကိုင်းပင်များအသက်ရှင်ရသလို ကိုင်းပင်များက ကာကွယ်ပေးထားလို့လဲ ကျွန်းကြီးဆက်လက်ရှင်သန်နေရခြင်းဖြစ်ပါသည်ဘုရား။
အပြန်အလှန် ဆရာဒကာကာကွယ်စောင့်ရှောက်သာသနာပြုနေကြရပါသည်ဘုရား။ယခုအခါအရှင်ဘုရားများကို
ပစ္စည်းလေးပါဖြင့်ထောက်ပံ့နေကြသောတပည့်တော်တို့ဒယကါ၊ဒယိကာမများဖြစ်ကြတဲ့ကျွန်းကြီး လည်းမကြာမှီ ပျက်ဆီးပါတော့မည် ဖြစ်ပါသည်ဘုရား။ ဧရာဝတီကိုအမှီပြု၍
သာသနာပြုနေကြရ သောတပည့်တော်တို့သည်ဧရာဝတီမြစ်ကြီးပျက်ဆီးသွားပါကသာသနာပြုနိုင်ကြတော့မည်မဟုတ် ပါ ဘုရား။ ဒါကြောင့်အရှင်ဘုရားများမှတပည့်တော်တို့
နှင့်အတူလက်တွဲကာဧရာဝတီမြစ်ကြီးကို ကယ်တင်ရေးအတွက်မြစ်ရိုးတလျှောက်လမ်းလျှောက်ပွဲများကိုပါဝင်ဆင်နွှဲပေးပါရန်ရိုသေစွာဖြင့်
ခြေတော်ဦးခိုက်လျှောက်ထားအပ်ပါသည်သံဃာတော်အရှင် သူမြတ်များဘုရား …….
တပည့်ဒါယကာဒါယိကာမများ
အချင်းချင်းလက်ဆင့်ကမ်းဖြန့်ဝေ ပြောကြားပေးပါရန်လျှောက်ထားအပ်ပါသည်ဘုရား…..
0 comments:
Post a Comment