Friday, September 2, 2011

မြန်မာအာဏာပိုင်တွေ တရားပွဲပိတ်ထားတဲ့ ရွှေည၀ါဆရာတော်ရဲ့ မိန့်ကြားချက်များ

 ရွှေည၀ါဆရာတော်၏တရားပွဲပိတ်ပင်ခြင်းနှင့်ပတ်သတ်၍အင်တာဗျူးအသံဖိုင်

မြန်မာအာဏာပိုင်တွေဟာ ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် သာဓု ပရိယတ္တိ စာသင်တိုက်အား စီမံခန့်ခွဲနေသူ ရွှေည၀ါဆရာတော် အရှင်ပညာသီဟအား ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအထိ တရားဟောပြောခွင့် တနှစ် ပိတ်ပင်ထားခဲ့ပါတယ်။ ထို့သို့ ပိတ်ပင်ထားပြီးနောက် သာသနာရေးဝန်ကြီးဌာန၊ သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာန အကြီးအကဲ ဗိုလ်မှူးကြီးတဦးက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် တံတားလေးလမ်းဝ န၀ဒေးရုပ်ရှင်ရုံအနီးရှိ ဇဗ္ဗူသီရိ ဗိမာန်တော်တွင် ၂၀၁၁ စက်တင်ဘာ ၁ ရက်နေ့နဲ့ ၂ ရက်နေ့များ၌ တရားဟောပြောရန် ပင့်ဖိတ်ခဲ့ပါတယ်။ သို့သော်လည်း ၂၀၁၁ သြဂုတ် ၂၉ ရက်နေ့ခန့်က ထို တရားပွဲ မပြုလုပ်ရန် ပြည်ထဲရေးဝန်ကြီးဌာနက ပိတ်ပင်ခဲ့ကြောင်း တရားပွဲ စီစဉ်သူများက ဆရာတော်အား အကြောင်းကြားခဲ့ပါတယ်။
ထို ဖြစ်စဉ်များနဲ့ ပတ်သက်တဲ့ ဆရာတော်ရဲ့ ရှင်းလင်းတင်ပြချက်၊ တရားပွဲများ ပိတ်ပင်ခံရခြင်းအကြောင်း၊ ဆရာတော်ရဲ့ သဘောထားအမြင်များနဲ့ ပတ်သက်ပြီး ယနေ့မြန်မာအယ်ဒီတာ ဦးမြင့်လှိုင်က ၂၀၁၁ စက်တင်ဘာ ၁ ရက်နေ့ မြန်မာစံတော်ချိန် နေ့လည်ပိုင်းတွင် ဆရာတော်အား အောက်ပါအတိုင်း ဆက်သွယ် မေးမြန်းခွင့် ရခဲ့ပါတယ်။
ရွှေည၀ါဆရာတော်နဲ့ ဆက်သွယ်မေးမြန်းမှု အသံဖိုင်

ဖိတ်ကြားပြီးမှ ပိတ်ပင်လိုက်တဲ့ တရားပွဲ ကြော်ငြာ

0 comments:

Post a Comment