Friday, September 16, 2011

ဦးဣဿရိယ နဲ့ ရွှေဝါရောင်တော်လှန်ရေး ၄ နှစ်ပြည့် မေးခွန်းများ


ဦးဣဿရိယ နဲ့ ရွှေဝါရောင်တော်လှန်ရေး ၄ နှစ် မေးခွန်းများ
ကချင်လေး၊ စက်တင်ဘာ ၁၆၊ ၂၀၁၁
၂၀၀၇ ရွှေဝါရောင် သံဃာတော်လှန်းရေး နှစ်ပြည့် အထိမ်အမှတ်အနေဖြင့် ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်လူပ်ရှားခဲ့သူ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့၊ နိုင်ငံခြားရေးတာဝန်ခံ ဦးဇင်း ဦးဣဿရိယ နှင့် တွေဆုံးမေးမြန်ထားပါသည်။

မေး။ ။ ရွှေဝါရောင် တော်လှန်ရေး ပေါ်ပေါက်လာရခြင်းရဲ့ အဓိက အချက်တွေက ဘာတွေပါလဲ။
ဖြေ။ ။ ဦးဇင်းတို့ ရွှေဝါရောင်တော်လှန်ရေးက ၂ ချက်ပေါ့နော် ။ ပထမ တစ်ချက်က ပခုက္ကူ က သံဃာ အပါး ၅၀၀ကျော် က မြန်မာနိုင်ငံမှာ ကုန်ဈေးနူန်းတွေလဲ အစမတန်း ကြီးမားပြီးတော့ လူတွေက ကြာလေကြာလေ ပိုပိုပြီး ဆင်းရဲ မွမ်းကြပ်မူတွေက များလာတယ်။ လူတွေရဲ့ စားဝတ်နေရေး ပြေလည်ပါစေဆိုပြီးတော့ သံဃာတော်တွေက မေတ္တာပို့လမ်းလျောက်ပွဲတွေလုပ်တယ် ။
ဒီလိုလုပ်တာကို နအဖ  စစ်အစိုးရ ကနေ ပြီးတော့ ပြေလည်စွာ မဖြေရှင်းတဲ့ အပြင်ကို သံဃာတော်တွေကို ကြိုးကွင်းနဲ့ ပစ်ဖမ်း၊ ဓာတ်တိုင်မှာ ကြိုးနဲု့တုပ်ပြီး သေနတ်တွေနဲ့ ပစ်ဖမ်းပြီး သံဃာတော် ၂ ပါးလောက် ဆေးရုံကိုပို့လိုက်ရတယ်။ သံဃာတော်တွေ စုပေါင်းပြီး ဒါဟာ မဖြစ်သင့်ဘူး။ ဒါဟာ သံဃာတော် တွေကို စော်ကားတာဖြစ်တယ် ဆိုပြီး  မြတ်စွာဘုရားရဲ့ ခေတ်က ၀ိနည်း(လိုက်လာရမည့် စည်းကမ်း) က ရှိတယ်။ ဒီလို သံဃာတော်တွေကို စော်ကားလာရင် သပိတ်မှောက်ရတယ်ဆိုပြီး ရန်ကုန် ၊မန္တလေး သံဃာတွေပေါင်းပြီး ဒီအရေးခင်းကိုတောင်းပန်ပါ မတောင်းပန်ရင် ဦးဇင်တို့ သမိတ်မှောက် မယ်ဆိုပြီး (statement) တွေ ထုတ်ပြီး လူပ်ရှားခဲ့တာ။
မေး။ ။ ရွှေဝါရောင် တော်လှန်းရေးကြီးရဲ့ အဓိက ရည်ရွယ်ချက်က ဘာပါလဲ ဦးဇင်း။
ဖြေ။ ။  ဦးဇင်းတို့ ရည်ရွယ်ချက်ကတော့ မြန်မာပြည်မှာ ငြိမ်းချမ်းရေး မရသေးဘူးပေါ့။ စစ်အစိုးရအနေနဲ့ ပြည်သူလူထုကို အင်မတန်မှ ဖိနိပ်ထားတယ် နှိပ်စက်ထားတယ် ။ဒါကို ပြေပြေလည်လည်နဲ့ ငြိမ်ငြိမ်ချမ်းချမ်းနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီပေါ့။ ပြည်သူတွေကို ငြိမ်ချမ်းစေချင်တဲ့  ဆန္ဒရှိတယ်။ အဲဒီ ဆန္ဒနဲ့ဘဲ ဦးဇင်းတို့ ငြိမ်းချမ်ရေး လမ်းလျောက်ဆန္ဒပြရခြင်းဖြစ်တယ်။
မေး။ ။ ရွှေဝါရောင် တော်လှန်းရေး စတင်ပေါ်ပေါက်ခဲ့တဲ့ အချိန်က တွက်ရင် ခုဆို ၄ နှစ် ပြည့်ပြီး။ ဦးဇင်းတို့ မူလ ရည်ရွယ်ချက်တွေ ဘယ်လောက် အတိုင်းအတာထိ အောင်မြင်ခဲ့ပြီလဲ။
ဖြေ။ ။ ဦးဇင်းတို့မြန်မာနိုင်ငံမှာ ၁၉၈၈ နောက်ပိုင်း လူထုလှုပ်ရှားမှုအပိုင်းဟာ တော်တော်လေး စိတ်ကုန်သလောက်ဖြစ်သွားတယ်။ နအဖ အစိုးရ ကနေပြီတော့ အာလုံးတံခါးပိတ် သံဃာတော်တွေရော ထောင်ချ အာလုံးအမှောင်ချထားတဲ့ ကာလမှာ ဦးဇင်းတို့ရွှေဝါရောင် တော်လှန်းရေးကြောင့် ငါတို့ကိုယ်ကွယ်တဲ့ သံဃာတော် တွေကိုတောင် ဒီ စစ်အစိုးရက သတ်ဖြတ်တယ်၊ ညှင်းပမ်းတယ် ဆိုတာကို အဆက်ပြတ်နေတဲ့ တော်လှန်ရေးမျိုးဆက်သစ်တွေအပါအ၀င် တစ်နိုင်ငံလုံးက သိသွားတယ်။ တကမ္ဘာလုံးကလည်းသိသွားတယ် နအဖ စစ်အစိုးရကြီးရဲ့ ယုတ်မာမူကြီးကို မီမောင်းထိုးပြလိုက်သလို ဖြစ်သွားတယ်။ ဒီလို အကျိုးအမြတ်တွေအများကြီးရှိတာပေါ့လေ။
မေး။ ။ ဦးဇင်းတို့အနေနဲ့ ပြည်သူတွေ ဆင်းရဲငတ်မွတ်လို့ သပိတ်တွေမှောက်တယ်။ ဒီိလိုမှောက်ပြီးတဲ့နောက်ပိုင်း မြန်မာ့နိုင်ငံရေးမှာ ဘာထူးခြားမူတွေ ရှိလာပါသလဲ။
ဖြေ။ ။ စစ်အစိုးရ အနေနဲ ကတော့ အာလုံးလဲသိတဲ့အတိုင်းပဲ အာဏာကို နည်းမျိုးစုံနဲ့ ချုပ်ကိုင်းထားမှာဘဲ။  ယနေ့ထက်ထိလည်း ကြိုးစားနေတုန်းဘဲ။ ဒါကြောင့် ရွှေဝါရောင် သံဃာ အရေးခင်းကြီးကြောင်း တကမ္ဘာလုံးက သိသွားတယ်။ တစ်နိုင်ငံလုံ ကလည်း မကျေမနပ် ဖြစ်လာတယ်။ အစိုးရဆန့်ကျင်ရေး လူပ်ရှားမူတွေ လည်း အရင်ကထက် ပိုပြီး များလာတယ်။ ဒါကြောင့် နအဖ စစ်အစိုရအနေနဲ့ နောက်ကိုမဆုတ်ချင်ပေမဲ့ ဆုတ်ပေးရတဲ့အနေအထား။ အခုဆို ရွေးကောက်ပွဲတွေ က အစပေါ့လေ။ သူတို့ မလုပ်ပေးချင်ပဲနဲ့ လုပ်ပေးလာရတာတွေ ရှိလာတယ်။
မေး။ ။ ရွှေဝါရောင်တော်လှန်းရေးက အခု ၄နှစ်ပြည့်လာပြီ။ အခု ပျောက်ကွယ်သွားပြီးလား။ ဒါမှမဟုတ် မှေမှိန်နေတာလား။
ဖြေ။ ။ ဆက်လျက်ပြီးတော့ သံဃာတွေကြားထဲမှာ ရှင်သန်နေပါတယ် ဘာဖြစ်လိုလဲဆိုရင်တော့ ငါတို့ရဲ့  သံဃာတော်တွေ ထောင်ကျနေသေးတယ် မလွတ်မြောက်သေးဘူးဆိုတာ တတိုင်ပြည်လုံးသိနေတယ်။ သံဃာတော်တွေ လွတ်မြောက်အောင် ကြိုးစားရမယ် ဆိုတဲ့ အသိ နိုးကြားမူတွေ ရှိနေပါတယ်။ ဘယ်လိုမှ ပျောက်ပျက်မသွားပါဘူး။
မေး။ ။ ဦးဇင်းတို့အနေနဲ့ ရှေ့ကို ဘာတွေ ဆက်လုပ်သွားဖို့ ရှိပါသလဲ။
ဖြေ။ ။ သံဃာတော်တွေ အပါအ၀င် ဆရာလေးတွေ နိုင်ငံရေးကြောင့် အကျဉ်းကျခံနေရတဲ့ ကိုယ် နိုင်ငံအတွက် စွန်စွန်စားစားနဲ့ ကြိုးစားနေကြရတဲ့ အကျဉ်သားတွေ လွတ်မြောက်ဖို့ သံဃာတော်တွေနဲ့ ပြည်သူလူထုနဲ့ အာလုံး ပူပေါင်းပြီတော့ ဆက်လက် တောင်းဆိုသွားမယ် တိုက်ပွဲတွေဝင်သွားမယ် ။ ဦးဇင်းတို့ သံဃာတော်တွေ အနေနဲ့လက်မှတ်ထိုးပြီးတင်ပြတာ။ အခုဆို တရားပွဲတွေ  ပိုပိုပြီး လွတ်လွတ်လပ်လပ်နဲ့ ဟောခွင့်ရရေး၊ လူအခွင့်အရေ သံဃာ့အခွင့်အရေးတွေ ပိုပိုပြီးရအောင် ဦးဇင်းတို့အနေနဲ့ ကြိုးစားသွားဖို့ရှိပါတယ်။ လုပ်လည်းလုပ်နေကြပါတယ်။
မေး။ ။ လွန်ခဲ့တဲ့ ၄ နှစ်က ဖြစ်ပွားခဲ့တဲ့ ရွှေဝါရောင်တော်လှန်းရေးကြီးမှာ ဘယ်လို ထူးခြားချက်တွေ ရှိပါသလဲ။
ဖြေ။  ရွှေဝါရောင် မတိုင်ခင်မှာ ဦးဇင်းတို့ ကိုယ်တိုင် ပြည်တွင်းထဲမှာ စည်းရုံးရေးတွေ ဆင်းရတဲ့အခါမှာ လူတွေမှာ တအား ကြောက်တယ်။ သံဃာတော်တွေ အနေနဲ့လည်းပဲ နိုင်ငံရေးမှာ ပါဝင်ဖို့ တော်တော်လေး နှောင့်နှေးကြတယ်။
ရွှေဝါရောင်တော်လှန်ရေး ပြီးသွားတဲ့အချိန်မှာ နအဖအစိုးရရဲ့ ယုတ်မာမှုကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရတယ်။ ဒါကြောင့် သူတို့ရဲ့ စိတ်အားထက်သန်မှုတွေ ရဲရင့်မှုတွေက ရွှေဝါရောင် ပိုပြီးတော့ ရဲရင့်ပြတ်သားလာတယ်။ လူထုလှုပ်ရှားမှုတွေမှာ ပိုပြီးပါလာတယ်။ (အဲဒီလို) အားရ ကျေနပ်စရာကောင်းတဲ့ အပိုင်းတွေတွေ့ရတယ်။
မေး။ ။ ဒီရွှေဝါရောင် တော်လှန်ရေး ပြီးသွားတယ်။ ဒါပေမယ့် စစ်အစိုးရအနေနဲ့ ဘာမှ တုန့်ပြန်မှု မရှိဘူး၊ တောင်းပန်တာလည်း မရှိဘူး။ မသိမသာလေး နေလိုက်တယ်။ အဲဒါဘာကြောင့်လဲ၊ အဲဒါဟာ ရွှေဝါရောင်တော်လှန်ရေးရဲ့ အားနည်းချက်ကြောင့်လား။
ဖြေ။ ။ ဒီအရေးဟာ တတိုင်းပြည်လုံးရဲ့ အရေးဖြစ်တယ်။ ဦးဇင်းတို့ သံဃာတော်တွေ၊ သံဃာတော်ကြီးတွေ အပါအ၀င် တတိုင်းပြည်လုံးက ဒီထက်ပိုမိုပြီး ညီညီညွတ်ညွတ်နဲ့ ပြင်းပြင်းထန်ထန် တောင်းဆို လုပ်လှုပ်ရှားကြမယ်ဆိုလို့ရှိရင် သူတို့အနေနဲ့ လိုက်လျောရမှာလို့ ဦးဇင်းတို့ ယုံကြည်တယ်။
မေး။ ။ ဦးဇင်းတို ရွှေဝါရောင်တော်လှန်ရေးကြီးဟာ မူလမျှော်မှန်းထားသလို မအောင်မြင်ပဲ ခြေမှုန်းခံခဲ့ရတယ်။ ဒါဟာ ဘယ်လို အကြောင်းအချက်တွေကြောင့်လို့ သုံးသပ်မိပါသလဲ။
ဖြေ။ ။ ဦးဇင်းတို့ သံဃာတော်တွေ အနေနဲ့ ပူးပေါင်း လမ်းလျောက်မေတ္တာပို့တာလောက်ပဲ တတ်နိုင်တယ်။ တကယ့်နိုင်ငံရေး ပြောင်းလဲဖို့ကတော့ တကယ့် နိုင်ငံရေး ကျွမ်းကျင်သူတွေ ၊ ခေါင်းဆောင်တွေ ကနေ ဘယ်လိုလုပ်မယ် စသဖြင့် အဆင့်ဆင့်ကြည့်ပြီးလုပ်သွားလို့ရတယ်။ အဲဒိအချိန်ကတော့ နိုင်ငံရေးအတွေ့အကြုံရှိတဲ့ ၈၈ မျိုးဆက် မင်းကိုနိုင်တို့ အုပ်စုတွေကို ထောင်ထဲမှာ ထည့်ထားတယ်။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်အပါအ၀င်၊ ခေါင်းဆောင်နိုင်စွမ်းရှိတဲ့သူတွေကို ထောင်ထဲ ထည့်ထားတယ်။ (ဒါကြောင့်) တကယ့်အရေးအခင်းကြီးမှာ လူတွေကို ပြတ်ပြတ်သားသား ဦးဆောင်နိုင်တဲ့ အနေအထား မရှိဘူး။  
ပြီးတော့ သံဃာ အပါး ၁ ထောင်ကျော်ကို ဖမ်းဆီး ထောင်ချ ပြစ်တယ်။ ဆရာတော်ကြီးတွေကို ခြိမ်းခြောက်ပြီး ကျောင်းတွေကို ချိတ်ပိတ်တယ်။ တခါ သံဃာတော်ကြီးတွေကို “အရှင်ဘုရားတို့ သံဃာငယ်တွေကို ရွာတွေ ပြန်ပို့ပါ။ ပြန်မပို့ဘူးဆိုရင် ကျောင်းကို ချိတ်ပိတ်ရမယ်။ အရှင်ဘုရားတို့ကိုလည်း ထောင်ထဲ ထည့်ရမယ်” စသဖြင့် ခြိမ်းခြောက်တယ်။ တချို့ သံဃာတော်ကြီးတွေ ကြောက်ပြီးတော့ တပည့် သံဃာငယ်တွေကို ရွာပြန်ပို့တယ်။ အဲလို သူတို့ရဲ့ ရက်စက်ပြင်းထန်တဲ့ လုပ်ရပ်တွေကြောင့် သံဃာတွေ လမ်းပေါ်တက်ဖို့ အခြေအနေ ခက်သွားတယ်။
(ခြုံပြောမယ် ဆိုရင် သံဃာ့လူပ်ရှားမှုကြီးမှာ) တနိုင်ငံလုံး ပါဝင်လာနိုင်အောင် ဦးဆောင်နိုင်မှုဘက်မှာ အားနည်းတာတွေ့ရတယ်။ စစ်အစိုးရဖက်မှ အင်မတန်မှ ရက်ရက်စက်စက် ကြမ်းကြမ်းကြုတ်ကြုတ် ဖြိုခွင်းသွားတဲ့အချက်ကြောင့်လည်း ဖြစ်တယ်။  

(ဆရာတော်၏ပုံ၊ ဘယ်အစွန်၊ မျက်နှန်နှင့်)

မေး။ ။ သံဃာ့လှုပ်ရှားမှုကြီးမှာ အခု ပြန်ကြည့်မယ် ဆိုရင်ပေါ့၊ ဘာတွေ အားသားချက် ဘာတွေ အားနည်းချက်တွေ ရှိခဲ့ပါသလဲ …
ဖြေ။     ။အာသားချက် အနေနဲ့ကတော့ သံဃာတော်တွေ လာ အခုလို ထောင်နဲ့ ချီပြီး လမ်းပေါ်မှာ ပြည်သူတွေအတွက် ဆန္ဒပြတဲ့ အခင်းအကျင်မျိုးဟာ မြန်မာပြည်မှာ မပေါ်ခဲ့ ဖူးသေးဘူး။ ဒါ ပထမဆုံးပဲ။ သံဃာတော်တွေ အနေနဲ့ လုပ်သင့်လုပ်ထိုက်တာကို လုပ်လိုက်တဲအတွက်ကြောင့်  (ဒီအစိုးရက ဘယ်လောက် ရက်စက်ကြမ်းကြုတ်တယ် ဆိုတာကို) တနိုင်ငံလုံး တတိုင်ပြည်လုံး သိရှိသွားတဲ့ အချက်က အာသာချက်ဖြစ်တယ်။ အာနည်းချက်ကတော့ သံဃာကြီးတွေရဲ့ ပူးပေါင်းပါဝင်မှု နည်းပါးတာ။ သံဃာကြီးတွေသာ ဒီထက်ပို ပူးပေါင်းမယ်ဆိုရင် ပိုပြီး လှုပ်ရှားမှုက ပိုးပြီး အားကောင်းသွားမယ်။
မေး။ ။ ဦးဇင်တစ်ပါးတဲ့ အနေနဲ့ ရွှေဝါ ရောင်တော်လှန်ရေးကနေ ဘယ်လိုများ သင်ခန်းစာ ထုတ်နိုင်မလဲ။
ဖြေ။ ပြီးခဲ့တဲ့ လှုပ်ရှားမှုကြီးတုန်းက အစိုးရအနေနဲ့ ကြောက်ပြီး အတော်ကြာကြာ ဘယ်လို ထိန်းချူပ်ရမှန်းမသိခဲ့ဘူး။  တော်တော်ကြီး သူတို့အတွက် ခက်ခဲသွားတာကို သွားတွေ့ရတယ်။ ဒါကြောင့် သံဃာတော်တွေ ရှေ့ဆောင်ပြီးတော့ တတိုင်ပြည်လုံး ညီညီညွတ်ညွတ်ပါဝင် လုပ်ဆောင်သွားကြမယ် ဆိုရင် စစ်အဏာရှင်စနစ်ပြိုလဲသွားနိုင်တယ် ဆိုတဲ့ သင်ခန်းစာမျိုး ဦးဇင်းတို့ ရပါတယ်။
မေး။ ။ ရွှေဝါရောင်တော်လှန်ရေးကို စစ်အစိုရက ရက်စက်ကြမ်းကြုတ်စွာ နိုမ်နိုင်းခဲ့တယ် ဆိုပြီး ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ တခြား ဘာသာဝင်တွေကတောင် ကိုယ်ချင်းစာစိတ် ပေါ်ခဲ့ကြတယ်လို့ ပြောကြတယ်။ အဲဒီအချက်ကို ကြည့်ရင် ဒီအစိုးရကို ဦးဇင်းတို့ ဘယ်လို ကောက်ချက်ချမလဲ။
ဖြေ။ ။ အခုကမ္ဘာမှာ အာဏာရှင်တွေရှိကြပါတယ်။ ဟစ်တလာဆိုရင်လည်း အာဏာရှင်ကြီးပါပဲ။ ဒါပေမယ့် အဲဒီအာဏာရှင်တွေတောင် ဘုရားရှိခိုးကျောင်းတွေဆို ကင်းလွတ်ခွင့်ပေးတယ်။သူတို့လိုချင်တဲ့သူ  ဘုရားကျောင်းတွေထဲ ၀င်ပြေးရင် သူတို့ ဘာမှ မလုပ်ဘူး။ ဘာသာရေးနဲ့ ပတ်သက်တဲ့နေရာတွေကို ရှောင်ကြတယ်၊ လေးစားကြတယ်ပေါ့။ ဘာသာရေးနဲ့ပတ်သက်တဲ့ အဓိကရုဏ်း ဆန္ဒြုပမှုတွေ ဖြစ်လာရင် ပြေပြေလည်လည်နဲ့ ဖြေရှင်းကြတယ်။
ဦးဇင်းတို့ နိုင်ငံက အခု ဒီစစ်အာဏာရှင် ပုဂ္ဂိုလ်ကြီးတွေက သံဃာတွေကို ကိုးကွယ်သယောင် လေးစားသယောင် ပြတယ်။ တကယ်တန်းကျတော့ အကြမ်းဖက်၊ ၀ါးရင်းတုတ်နဲ့ရိုက်တယ်။ ဓါတ်တိုင်မှာ ကြိုးတုပ်တယ်။ ထောင်ထဲကို အပါး ၁၀၀၀ ကျော် ပို့ပြစ်တယ်။ လူဝတ်လဲတယ်။ နှိပ်စက်တယ်။ ရဲဘက်စခန်းတွေ ပို့တယ်။ တချို့ဆို ထောင်ထဲမှာ အလုပ်ပင်ပမ်းလို့ ပျံတော်မူသွားကြတယ်။ နှိပ်စက်ခံရလို့ ပျံတော်မူသွားကြတယ်။
မေး။ ။ ဦးဇင်းအနေနဲ့ အစိုးရကို ဥပမာ တခုခုနဲ့ ခိုင်းနှိုင်းပြီး တင်စားချင်တာမျိုးများ ရှိပါသလား
ဖြေ။ ။ ဦးဇင်းအနေနဲ့ပြောချင်တာကတော့ တကယ့်ကို သံဃာတော်တွေကို နှိပ်စက်တာဟာ သတ်ဖြတ်တာဟာ ပဉ္စနဒိယ ကံကြီး ထိုက်တယ်။ ဒါကြောင့်မို့လို့် ဒီလိုကံကို ကျူးလွန်မိရင် အခြားကံတွေ အစားထိုး ဖြည့်ဆည်းနိုင်စရာမ ရှိဘူး။ မဟာအ၀ီစိငရဲကို ကျရောက်ရတယ်။
ဒါကြောင့်မို့လို့ အခု စစ်အုပ်စုထဲမှာ တချို့ မကျူးလွန်သေးတဲ့ ပုဂ္ဂိုလ်ရှိမယ်။ ဒါကို သံဝေဂယူပါ။ ဒီကံတွေဟာ မိမိတို့ကျူးလွန်ပါသွားလို့ရှိရင် အခြားကံတွေနဲ့ ဖြည့်ဆည်းလို့မရတော့ဘူး။ ဒါးခုတ်ရာ လက်ဝင်မလျှိုမိပါစေနဲ့ ၊ သူများတွေ မှားတဲ့ နောက်ကို မလိုက်မိပါစေနဲ့ ။ ကိုယ့်ရဲ့ သံဃာတွေ ကိုယ်ရဲ့ ပြည်သူလူထုကို ကိုယ်ကိုတိုင် ကာကွယ်ကြဖို့လိုတယ် ဆိုတာကို ဦးဇင်းအနေနဲ့ ပြောလိုပါတယ်။
မေး။ ။ ဦးဇင်းတို့ သံဃာတွေအနေနဲ့ ရော ရေဒီယိုတွေကရော အခုနှစ်ပတ်လည်မှာ ပြောဆိုနေကြတယ်။ အဖွဲ့အစည်းတွေအနေနဲ့လည်း လုပ်နေကြတယ်။ ဒါပေမယ့် ရွှေဝါရောင် တော်လှန်ရေးရဲ့ အရှိန်ဟာ ငြိမ်သွားတယ် မဟုတ်ဘူးလား။
ဖြေ။ ။ ငြိမ်သွားတယ်လို့တော့ ပြောလို့မရပါဘူး။ နိုင်ငံရေးဆိုတာ လမ်းမပေါ် ထွက်တောင်းဆိုမှ နိုင်ငံရေး လုပ်တာ မဟုတ်ပါဘူး။ ရွှေဝါရောင် တော်လှန်ရေးကြီး ပြန်ပေါ်လာဦးမယ်လို့ မျှော်လင့်တယ်။
မေး။ ။ ဦးဇင်းတို့ တကယ်ရော ဘယ်နှစ်နှစ်အတွင်းမှာ  အဲဒီလို ပေါ်လာမယ်လို့ ခန့်မှန်းပါသလဲ။
ဖြေ။ ။ တော်လှန်ရေးရဲ့ သဘောတရားကတော့ ဘယ်အချိန်၊ ဘယ်နှစ်ခုနှစ်မှာဖြစ်မယ်ဆိုတာ ပြောရခက်ပါတယ်။ ပြောနိုင်တာကတော့ ကျိန်းသေမုချ ဖြစ်မယ်ဆိုတာကိုတော့ ပြောနိုင်ပါတယ်။ သိပ်တော့ မကြာဘူးလို့တော့ ဦးဇင်းတို့ မြင်ပါတယ်။
မေး။ ။ အခုမြန်မာပြည်မှာ အရပ်သားအစိုးရ တက်လာပြီ။ ဒေါ်စုကိုလည်း လွှတ်ပေးပြီး ၊ လွှတ်တော်တွေလည်း ဖွဲ့ပေးပြီ။ ဦးသိန်းစိန်နဲ့ တွေ့ခွင့်ပေးပြီ၊ အဲဒီ အခြေအနေပြောင်းလာတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ တကယ့်ပြောင်းလဲမှုဆိုရာမှာ အပြုသဘောပြောင်းလဲမှုနဲ့  အသွင်သဏ္ဍန်ပြောင်းလဲမှု ဆိုတာ ၂ မျိုးရှိပါတယ်။ ယနေ့ အစိုးရသစ်ကတော့ ဦးဇင်းတို့ကြည့်ရတဲ့အခါမှာ အသွင်သဏ္ဍန်ပြောင်းလဲမှုပဲ ရှိတော့ လက်တွေ့ ပြောင်းလဲမှုဆိုတာ ဘာမှ မတွေ့ရဘူးလို့ ဆိုလို့ရတယ်ပေါ့။
ဘာဖြစ်လို့လဲဆို အားလုံးက နိုင်ငံရေး ပြုပြင်ရေးကို သွားချင်ရင် လွတ်ငြိမ်းချမ်းသာခွင့် ပေးရမယ်။ သံဃာတော်တွေ၊ နိုင်ငံရေး အကျဉ်းသားတွေလည်း ထို့တူပဲ၊ သူတို့အနေနဲ့ အပြုသဘော လွှတ်ပေးတာတွေ မရှိသေးဘူး။
မေး။ ။ ဘယ်လို ရှေ့ဆက်သွားဖို့၊ လုပ်သွားဖို့ရှိလဲ
ဖြေ။ ။ ဦးဇင်းတို့ သံဃာတော် တွေ ဒိထက်ပိုပြီး ပြည်တွင်းမှာ လှုပ်ရှားဖို့ရှိတယ်။ တချို့အပိုင်းတွေ ပြောလို့မရဘူး၊ လူမှုရေး လုပ်ငန်းတွေ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်သွားပြီး လုပ်သွားဖို့ ရှိတယ်။ ဒီလို စုစုစည်းစည်းနဲ့ ပြည်သူလူထုအတွက် တကယ့်ပြုပြင်ပြောင်းလဲရေး လုပ်မယ့် အစိုးရတရပ်ပေါ်ထွက်မလာမချင်း တော်လှန်ရေး ဆင်နွှဲသွားဖို့ ဆုံးဖြတ်ချက် ရှိပါတယ်။
မေး။ ။ ရွှေဝါရောင် တော်လှန်ရေး ၄နှစ်မြောက်တဲ့ နေ့မှာ ဦးဇင်းအနေနဲ့ အပြောချင်ဆုံး စကားတခွန်းရှိရင် သိပါရစေ။
ဖြေ။ ။ အပြောချင်ဆုံးကတော့ ရွှေဝါရောင် ၂၀၀၇ ကနေ အကျဉ်းကျခဲ့ကြတာ သံဃာတော် အပါး ၂၆၀ပေါ့။ ဒါက နောက်ဆုံးကျန်နေတာပါ။ သီလရှင်ဆရာလေးတွေ၊ နိုင်ငံရေး အကျဉ်းသားခေါင်းဆောင်တွေ တနိုင်ငံလုံးအတွက် အကျဉ်းကျခံနေရခြင်းဖြစ်တယ်။ သူတို့ဟာ ငါတို့အတွက် ပင်ပန်းခံ ၊ အနှိပ်စက်ခံ နေရတာ၊ ဒါကြောင့် သူတို့အပါအ၀င် လွတ်မြောက်ဖို့ဟာ ငါတို့မှာတာဝန်ရှိတယ်။ ဒါကြောင့် အားလုံးတောင်းဆိုမှသာ သူတို့လွတ်မြောက်မှာပါ။ ဒါကြောင့် တတိုင်းပြည်လုံး တောင်းဆိုကြပါ။ လျစ်လျူရှုမနေကြပါနဲ့လို့ ဦးဇင်းပြောလိုပါတယ်။

0 comments:

Post a Comment