Sunday, September 18, 2011

သုမနကျောမှာ ဒဏ်ရာတွေနဲ့ ခံရတာလည်း များနေပြီဆိုတော့ ချင့်ယုံကြတာပေါ့....

 လက်ချင်းတောင် မဖြုတ်နိုင်တာ ဟုတ်ပါ့မလား မောင်ကာလုရေ...
မြစ်ဆုံဆည် စီမံကိန်းကို ပြန်လည်သုံးသပ် စဉ်းစားမယ်ဆိုပြီး လုပ်ချလိုက်ပြန်တော့ ကျွန်တော်တို့ ပြည်သူတွေ ဧရာဝတီအတွက် အမျိုးသားရေး နိုးကြားတက်ကြွနေတဲ့ အချိန်မှာ လေပြည်ထိုး နှစ်သိမ့်ခဲ့ပြီး သွေးအေးအောင် လုပ်စားခံရတာများ ဖြစ်နေမလားလို့ပါ.။ ခုဆီထမင်း၊ ခုစာကလေးကြော် ချက်ချင်း ပြောင်းလဲသွားတဲ့ အပြောင်းအလဲတွေရဲ့ နောက်ကွယ်မှာ ရည်ရွယ်ချက်ချက် ရှိရှိနဲ့ တခုခုကြံစီ နေမလားပဲ...။ မွန်းတည့်ချိန်မှာ အတင်းကြီး နေဝင်ပြလိုက်တာလို့ ထင်မြင်၊ ယူဆမိပါတယ်...။ 

တကယ်ပဲ  စေတနာ အမှန်နဲ့ မြစ်ဆုံရေကာတာ စီမံကိန်း ရပ်တန့်မယ်ဆိုရင်လည်း ပြည်သူတွေ ယုံကြည်လောက်အောင် မြင်သာထင်သာတဲ့ ပွင့်လင်းမှုတော့ ရှိရပါလိမ့်မယ်...။ ပြည်တွင်းက မီဒီယာတွေ ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ခွင့် ရရင်တော့ တစိတ်တပိုင်း လက်ခံနိုင်ပါလိမ့်မယ်...။ စစ်ဝတ်စုံဝတ် ယောကျာင်္းရင့်မကြီးတွေ ဖြစ်ပြီး ဆယ်စုနှစ် (၂)ခုကျော် ဗလောင်းဗလဲပြောခဲ့၊ လိမ်ခဲ့တာတွေ ရှေ့ပိုင်းတွေမှာလည်း သာဓကတွေက ယနေ့တိုင် ပူပူနွေးနွေးပါပဲ...။ နို့မို့လို့ကတော့ မပြေးသော်လည်း ကန်ရာရှိ သုမနကျောမှာ ဒဏ်ရာတွေနဲ့ ဆိုသလို ကျွန်တော်တို့ ပြည်သူတွေ လိမ်ခံရပေါင်းလည်း များနေလို့ အံတိုနေပါပြီ... ဒေါက်တာဇော်ဖျင်းခင်ဗျား...။
 ဒါကတော့ ၂၀၁၀ စက်တင်ဘာနဲ့ နိုဝင်ဘာလက ပြည်တွင်း လေကြောင်းလိုင်းအတွက် တရုတ်နိုင်ငံလုပ် MA-60 လေယာဉ်(၃)စီး ကူမင်းမှ ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာစဉ်..
မြစ်ဆုံဆည်အတွက် လေယာဉ် လက်ဆောင် ပေးတာလား ဝယ်တာလားဆိုတာလည်း ဖြေပေးကြပါဦး..
http://www.demowaiyan.co.cc/

0 comments:

Post a Comment