Wednesday, September 28, 2011

ချင်းမိုင်က ရွှေဝါရောင်နှစ်လည်နေ့














 




 (ဓာတ်ပုံများ - သန်းထိုက်ဦး/ဧရာဝတီ)
ရွှေဝါရောင်တော်လှန်ရေးဟာ ၂၀၀၇ တုန်းက စစ်တွေမြို့ ရဟန်းတော်တို့ရဲ့ လှုပ်ရှားမှု၊ ပခုက္ကူအာဏာပိုင်တို့က ရဟန်းတွေကို ဓာတ်တိုင်ကြိုးတုပ် ရိုက်နှက်မှု ဆိုတဲ့ ဖြစ်ရပ်တွေ အပြီး ရန်ကုန်မှာ ပေါ်ပေါက်ခဲ့တဲ့ အုံကြွမှုကြီး ဖြစ်ပါတယ်။
ရွှေဝါရောင်တော်လှန်ရေးအတွင်း ရန်ကုန်မှာ သေဆုံးသူတွေထဲမှာတော့ ဆူးလေဘုရားနားမှာ သတင်းယူနေတုန်း ပစ်သတ်ခံရတဲ့ ဂျပန်သတင်းထောက် ခန်းဂျိနာဂအိ က အထင်ရှားဆုံး ဖြစ်လာပါတယ်။ နောက်ထပ် ဘယ်သူတွေကို သတ်ခဲ့မိတယ်ဆိုတာတော့ ဗိုလ်ချုပ်ကြီးတွေက ယူနီဖောင်းသာ ပြောင်းဝတ်သွားပေမယ့် ခုချိန်ထိ ထုတ်ဖော်မပြောသေးပါ။ သူတို့ရဲ့ အသစ်စက်စက် လူ့အခွင့်အရေး ကော်မရှင်ကိုလည်း ဒီသေဆုံးမှုတွေအတွက် တိုင်ချက်ဖွင့်တာတွေ လုပ်နေပြီ ဆိုတဲ့ သတင်းမျိုးလည်း မကြားရသေးပါဘူး။ အဲဒီကာလမှာ သူတို့ ဖမ်းပြီး နောက်ပိုင်း အီလက်ထရောနစ် ဥပဒေ ပုဒ်မမျိုးစုံနဲ့ ထောင်ဒဏ်တွေ ဖောဖောသီသီပေးလိုက်တဲ့ ဆုတောင်းလမ်းလျှောက်သူများကတော့ သံတိုင်နောက်မှာ ရှိနေတုန်းပါပဲ။

ဒီကနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်တဲ့ ရွှေဝါရောင်တော်လှန်ရေး ၄ နှစ်ပြည့် အမှတ်တရအစီအစဉ်မှာ ဆုတောင်းလမ်းလျှောက်သူတွေက အကျဉ်းသားလွတ်မြောက်ရေးကို လှုံ့ဆော်ကြတာကို ဧရာဝတီသတင်းထောက်က အခုလို မှတ်တမ်းတင်ထားပါတယ်။

Free Burma VJ - ထောင်ထဲက ဗီဒီယိုဂျာနယ်လစ်တွေကို လွှတ်ပေးပါ လို့ တောင်းဆိုနေသူများ



ထောင် ၉၃ နှစ် ချခံထားရတဲ့ ခွန်ထွန်းဦး လွတ်မြောက်ရေးလှုံ့ဆော်တဲ့ ပိုစတာ နဲ့ မြန်မာပြည်ငြိမ်းချမ်းရေး တောင်းဆိုတဲ့ ပိုစတာ

0 comments:

Post a Comment