Thursday, September 15, 2011

မြန်မာနိင်ငံသား ဦးဝင်းချို (ဆက်သွယ်ရန်ဖုံး။၀၁-၃၉၃၁၅၅လိုင်းခွဲ၂၆၄။၀၉-၈၀၃၃၅၅၄) က ၀န်ကြီးဇော်မင်းကို သတ္တိရှိရှိ ဝေဖန် ပြီ ။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့ စည်းပုံအခြေခံဥပဒေ အခန်း(၁) ပုဒ်မ(၄၅)


နိုင်ငံတော်သည်သဘာဝပတ်ဝန်းကျင်ကိုကာကွယ်ထိန်းသိမ်းစောင့် ရှောက်ရမည်။

The Union shall protect and conserve natural environment.

အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ၀န်ကြီးဖြစ်သူ ဦးဇော်မင်းသည် နိုင်ငံတော်၏အခြေခံမူများ အခန်းပါ ပုဒ်မ(၄၅)ကိုကျူးလွန်ဖေါက်ဖျက်ခဲ့ ပါသည်။“အဲဒီတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ တွေကကန့် ကွက်နေလို့ နောက်ဆုတ်မှာလားလို့ မေးခွန်းတခုမေးပါတယ်။နောက်မဆုတ်ပါဘူး။ဆက်လုပ်မှာဖြစ်ပါတယ်”ဟုပြောဆိုခဲ့ ခြင်းသည်သက်သေထင်ရှားအများရှေ့ မှောက်တွင်ပြောဆိုခဲ့ ခြင်းဖြစ်ပါသည်။

ဖွဲ့ စည်းပုံအခြေခံဥပဒေ အခန်း(၈)ပုဒ်မ(၃၉၀)

နိုင်ငံသားတိုင်းသည် အောက်ဖေါ်ပြပါ ကိစ္စရပ်များတွင် နိုင်ငံတော်အား ကူညီရန် တာဝန်ရှိသည်။
(က)အမျိုးသားယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းစောင့် ရှောက်ခြင်း။
(ခ)သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းစောင့် ရှောက်ခြင်း။
(ဂ)လူ့စွမ်းအားအရင်းအမြစ်ဖွံ့ ဖြိုးတိုးတက်ရေး မြင့် မားလာစေရန် ကြိုးပမ်းခြင်း။
(ဃ)အများပြည်သူပိုင်ပစ္စည်းများကိုထိန်းသိမ်းစောင့် ရှောက်ခြင်း။
390. Every citizen has the duty to assist the union in carrying out the following matters:

(a)preservation and safeguarding of cultural heritage:
(b)environmental conservation:
(c)striving for development of human resources:
(d)protection and preservation of public property:

ကျွန်ူပ်တို့ သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားများဖြစ်သည့် အတွက်ဖွဲ့ စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားတို့ ၏တာဝန်ကိုထမ်းဆောင်ရန်ကြိုးစားခြင်းကိုလည်း၊ပြက်ရယ်ပြုခြင်း။တားဆီးရန်ကြိုးစားခြင်းများပြုလုပ်ခဲ့ သည်ကိုလည်းထင်
ရှားတွေ့ ရှိရပါသည်။

အထက်ပါအချက်များအရ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏၀န်ကြီးဦးဖော်မင်းသည်ဖွဲ့ စည်းပုံအခြေခံဥပဒေ၏ပြဌာန်းချက်များအား

(၁)ကိုယ်တိုင်ကျူးလွန်၊ဖေါက်ဖျက်ခြင်း။
(၂)နိုင်ငံသားတို့ ၏တာဝန်ကိုကျေပြွန်စွာထမ်းဆောင်လိုသူများအားခြိမ်းခြောက်ခြင်း။
ပြစ်မှုများကိုကျူးလွန်ကြောင်းတွေ့ ရှိရပါသဖြင့် စည်းကမ်းပြည့် ဝသောဒီမိုကရေစီစံနစ်သို့  ဦးတည်နေသော
နိုင်ငံတော်အစိုးရ ၏ဥပဒေများကိုချိုးဖေါက်သူ ဦးဇော်မင်းအား ဥပဒေအရ အရေးယူပေးနိုင်ပါရန်လေးစားစွာတင်ပြတိုင်ကြားအပ်ပါသည်။

ဦးဝင်းချို နိုင်ငံသားမှတ်ပုံတင်အမှတ်၁၂/ရကန(နိုင်)၀၄၅၁၅၉
တိုက်(B)6 D ကံ့ ကော်အိမ်ယာ အမှတ်(၆၀)ဘိုရာညွန့် လမ်း။ယောမင်းကြီးရပ်ကွက်။ဒဂုံမြို့ နယ်။
ရန်ကုန်တိုင်းဒေသကြီး။
ဆက်သွယ်ရန်ဖုံး။၀၁-၃၉၃၁၅၅လိုင်းခွဲ၂၆၄။၀၉-၈၀၃၃၅၅၄

0 comments:

Post a Comment