Friday, September 4, 2009

အာဏာရှင်တို့ရဲ့သွားရာလမ်း

အာဏာဆိုတာ ရေပွက်ပမာ၊
တစ်ခဏတာမို့၊
ရလာအခိုက် လူမိုက်ပမာ၊
ဟိုရမ်းဒီရမ်း လွန်ဆိုးသွမ်းကာ၊
မဲမဲမြင်ရင် ကိုက်ပစ်ချင်ကြ။

သခင်ကမွေး အိမ်ကခွေးသည်၊
ထမင်းကျွေးလက် ကျေးဇူးမှတ်၍၊
ပြန်လည်တိုက်ခိုက် မကိုက်ခဲ့လည်း၊
ပင်ကိုယ်စိတ်ပျောက် ရောဂါဖောက်ကာ၊
ခွေးရူးပြန်ချိန် ထိုအချိန်ဝယ်၊
ကျေးဇူးဆိုတာ ဗလာနတ္ထိသူမသိတော။

ထိုသို့ပမာ နှိုင်းယှဉ်ကာဖြင့်၊
အာဏာဆိုတာ မရပါခင်၊
ထမင်းကျွေးလက် ကျေးဇူးမှတ်၍၊
ပြန်လည်တိုက်ခိုက် မကိုက်ခဲ့လည်း၊
အာဏာရူးချိန် ထိုအချိန်ဝယ်၊
ကျေးဇူးဆိုတာ ဗလာနတ္ထိ၊
သူမသိတော့...

ထမင်းကျွေးလက် ပြန်ကိုက်ဖြတ်၏၊
ဘုရားတရားသံဃာ၊
ရတနာသုံးပါး ဆည်းကပ်ငြားလည်း၊
အာဏာတည်ရေး ချမ်းသာရေးနှင့်၊
မိမိအတ္တ မာန်မာနကို၊
ရှေ့တန်းတင်၏။

ထေရ်ကြီးဝါကြီး မထေရ်ကြီးတို့ ၊
ပြောဆိုဆုံးမ သြ၀ါဒလည်း၊
လုံးဝလက်မခံ သူငြင်းဆန်ခဲ့၊
ပြည်သူကမွေး ပြည်သူကြွေးထား၊
စစ်ဗိုလ်များသည် အာဏာရူးပြီ
ကျေးဇူးမသိပြီမို့၊
ခွေးရူးကောင်းစား တစ်မွန်းတည့်ဟု၊
သူသူငါငါတုတ်ဓါး ကိုင်ကာပြေးထွက်လာ၍၊
တွေ့ ရာသင်္ချိုင်း ဓါးမဆိုင်းဘဲ၊
ပိုင်းဖြတ်ခုတ်ထွင် ရှင်းလင်းချင်လည်း၊
အာဏာအရူး အော်ကာကျူးရင့်။
သူသူငါငါ တုတ်ဓါးကိုင်ကာ၊
ပြေးထွက်မလာဘဲ အော်သူကိုပင်
အရူးထင်ခဲ့။
ခွေးရူးဆိုတာ ကိုက်ခဲ့ပါရင်၊
ချိန်မှီဆေးသောက် ရောဂါပျောက်လည်း၊
အာဏာအရူး ကိုက်ခံရူးရင်၊
ကုရာနတ္ထိ ဆေးမရှိဘူး။
ဒါကြောင့်...
အာဏာအရူး - အာဏာအရူး..
အော်ကာကြူးရင့်၊
သူသူငါငါတုတ်ဓါး ကိုင်ကာပြေးထွက်လာ၍၊
တွေ့ ရာသင်္ချိုင်း ဓါးမဆိုင်းဘဲ၊
ပိုင်းဖြတ်ခုတ်ထွင် ရှင်းလင်းပါလျှင်၊
အာဏအရူး စစ်ဘီလူးတို့ ၊
ခွေးရူးပမာ သေကြမှာပါ......။

မင်းသုည(ကွမ်းခြံကုန်း)

0 comments:

Post a Comment