ဝါဆိုဝါခေါင်ရေတွေကြီးလို့ 
သပြေသီးမှည့်ကောက်စို့ ကွယ်
ခရားဆူးချုံ ဟိုအထဲက
မျော့နက်မဲကြီးတွယ်လိမ့်မယ်
မျော့နက်ဆိုတာချိုနဲ့ လားကွဲ့ 
မြွေနဂါးတောင်မကြောက်ဘူးကွယ်
တို့ လဲကြောက်ပေါင်အတူသွားလို့ 
အုန်းလက်နွားလေးထားခဲ့မယ်
သွားကွယ်------သွားကွယ်။ ။
မင်းသုဝဏ်(ကွမ်းခြံကုန်း)
စာရေးသူတို့ သူငယ်တန်းအရွယ်က ကျောင်းဆင်းချိန်တွင်ရွတ်ဆိုခဲ့ရသောကဗျားလေးဖြစ်ပါ
သည်။ဆိုကောင်းလို့ သာဆိုခဲ့ရတယ် ဘာကိုဆိုလိုတယ် ဘာပြောတယ် ဘာကိုရည်ရွယ်ပြီးရေးတယ်ဆိုတာ
ကိုနားမလည်ခဲ့ပါဘူး။ကျနော်တို့ ကျောင်းသားတွေကလည်းမေးရကောင်းမှန်းမသိခဲ့ပါဘူး။ဒီလိုနဲ့ နေလာခဲ့
တာကာလတွေတော်တော်ကြာခဲ့ပါတယ်။ကဗျာရေးတာဝါသနာပါတော့ ကဗျာတွေအကြောင်းကိုလေ့လာဖြစ်တယ်။
်ကဗျာတွေရဲ့ သဘောအဓိပ္ပါယ်တွေကိုစဉ်းစားတွေးခေါ်မိလာတယ်။ဒီတော့မှ ငါတို့ ဟာကဗျာတွေ
ကိုရွတ်ဆိုကောင်းရုံ အော်ကောင်းရုံ ကြက်တူရွေးစာသင်နည်းတွေနဲ့ သင်ခဲ့တာပါ။ဘာမှနားမလည်ခဲ့ပါလားလို့ တွေးပြီး ကိုယ့်ကိုယ်ကိုရှက်မိလာပါတယ်။
ဆရာကြီးပညာပေးသွားတာကအမတန်ကောင်းပါတယ်။ကလေးတွေရဲ့ မွန်းကြပ်ခံစားနေရတဲ့
ဘဝတွေကိုစာနာနားလည်ပြီးကလေးတွေကိုအားမာန်အပြည့်ထည့်ပေးတဲ့ကဗျာလေးဖြစ်ပါတယ်။
ဝါဆိုဝခေါင်ရေကြေီးလို့ သပြေသီးမှည့်ကောက်စို့ ကွယ်။ကလေးတွေကိုသဘာဝပတ်ဝန်းကျင်ကြီးနဲ့ မိတ်ဆက်ပေးတာ
ဖြစ်ပါတယ်။ဝါဆိုဝါခေါင်မှာရေတွေကြီးတဲ့သဘောရယ်သပြေသီးတွေသီးမှည့်တဲ့သဘောကိုပတ်ဝန်းကျင်နဲ့ မိတ်ဆက်ပေးထားပါတယ်။သဘာဝပတ်ဝန်းကျင်ကြီးကိုလေ့လာချင်တဲ့ စိတ်တွေ စူးစမ်းချင်တဲ့စိတ်တွေပေါ်
ပေါက်လာအောင် ကဗျာနဲ့ ဆွဲဆောင်ဖော်ပြပေးထားပါတယ်။ကလေးသဘာဝဟာ လေ့လာစူးစမ်းချင်တဲ့
သဘောရှိတက်ပုံကိုမိဘတွေမေ့နေမှာစိုးလို့ လည်းဖော်ပြပေးထားတာဖြစ်ပါတယ်။ပြီးတော့ မြန်မာလူမျိုး
့ဆွဲကိုင်လာတဲ့ အကြောက်တရားနဲ့ အခြောက်တရားပဲဖြစ်ပါတယ်။ကလေးတွေကပိုးစုန်းကြူးကောင်
လေးတွေကိုသွားဖမ်းရင် -ဟဲ့ကလေးတွေသွားမဖမ်းနဲ့  သရဲထွန်းပေးထားတာ သရဲကိုက်လိမ့်မယ်၊စလောင်း
ဖုံးမတီးနဲ့  ကျားကိုက်လိမ့်မယ်၊ညဘက် ခြေသည်း လက်သည်းတွေမညှပ်နဲ့  လာဘ်ပိတ်တက်တယ်စသည်
ဖြင့်နေရာတကာမှာအကြောက်တရားအခြောက်တရားတွေတော်တော်လွှမ်းမိုးထားပါတယ်။ပိုးစုန်းကြူး
ကောင်ကိုသွားဖမ်းရင်မြွေအန္တရာယ်ရှိတယ်၊ဘေးအန္တရာယ်မဖြစ်အောင်ဘယ်လိုသွားရတယ်ဆိုတာကို
မရှင်းပြဘဲနဲ့ သရဲကိုက်လိမ့်ဆိုတာကြီးနဲ့ ခြောက်တော့မြန်မာလူမျိုးတော်တော်များများဟာသရဲဆိုတာဘာ
မှန်းမသိပေမဲ့သရဲတော်တော်ကြောက်တဲ့လူတွေများတာကိုတွေရပါတယ်။စလောင်းဖုံး(အိုးဖုံး)တွေကိုတီးရင်
ကွဲတက်ပိန်တက်ပျက်ဆီးတက်တာကိုသင်မပြဘဲ ဘာမှမဟုတ်တဲ့ကျားကိုက်လိမ့်မယ်ဆိုတာကြီးနဲ့ ခြောက်
ကျားဆိုတာဘာမှန်းမသိဘဲကျားတော်တော်ကြောက်နေတာတွေကိုတွေ့ ရပါတယ်။ညလက်သည်းညှပ်ရင် ဟိုတုန်းကအခုလိုလက်သည်းညှပ်မပေါ်သေးတော့ဓါးနဲ့ လှီးရတာဖြစ်တယ်။ညဘက်ဖယောင်းတိုင်မီး မီးခွက်မီးနဲ့ မို့ မမြင်မစမ်းဖြစ်ပြီးအသားလှီးမိမည်။အသားလှီးမိလို့ ကလေးငိုရင်မိမိချော့ရမှာစိုးတာနဲ့ ဘာမှ
သေသေချာချာမရှင်းပြဘဲမလုပ်ရင်ပြီးရေဆိုပြီးအကြောက်တရားနဲ့ ကြောက်နေအောင်လုပ်ထားလိုက်ပါတယ်။
ဒါကြောင့်မြန်မာလူမျိုးတော်တော်များများရဲ့ ရင်ထဲမှာ အခြောက်တရားတွေကိုငယ်ငယ်တည်း
ကအထည့်ခံထားရတော့ အကြောက်တရားဟာတော်တော်လေးအမြစ်တွယ်နေကြပါတယ်။ဒီအခြောက်တ
ရားတွေအကြောက်တရားတွေကမြန်မာလူမျိုးတွေဆီမှာအရိုးစွဲနေကြတဲ့ဓလေ့ထုံးဆံကြီးတစ်ခုဖြစ်နေတာကို
ပေါ်လွင်အောင် ခရားဆူးခြုံဟိုအထဲကမျော့နက်မဲကြီးတွယ်လိမ့်မယ် ဆိုပြီးသီကုံးစပ်ပြထားပါတယ်။
ဒါခြောက်တက်တဲ့အလေ့သဘာဝကို မျော့နက်မဲကြီးနဲ့ မစူးစမ်းရဲအောင် မစွန့် စားရဲအောင် ကြောက်သွားအောင် ပိတ်ပင်ထားတာဖြစ်ပါတယ်။
အဲ့ဒီလိုခြောက်ကြလို့  ကလေးငယ်တွေကြောက်သွားရင် မစဉ်းစားရဲတော့မှာ မစွန့် စားရဲတော့မှာ
ကိုဆရာကြီးကသိပ်စိုးရိမ်ပါတယ်။ဘာလို့ လဲဆိုတော့ကလေးငယ်တွေဟာအနာဂတ်ရဲ့ သားကောင်းတွေဖြစ်
ပါတယ်။ကလေးတွေဘဝညံ့ရင်ကျနော်တို့ နိုင်ငံတော်ကြီးဆက်ပြီးညံ့နေမှာဖြစ်ပါတယ်။ကလေးတွေကထက် ထက်မြတ်မြတ်ရှိကြတယ်။စူးစမ်းရှာဖွေကြတယ်။မကြောက်တက်ဘူး။မိမိလုပ်ချင်ရာကိုသတ္တိရှိရှိ
လုပ်ကိုင်ဖြေရှင်းရဲတယ်ဆိုရင်ကျနော်တို့ တိုင်းပြည်ကြီးဟာ ဧကန်မုချကမ္ဘာ့အလယ်မှာဂုဏ်ယူဝင့်ကြွားနိုင်ပါလိမ့်မယ်။
ဒါကို ကောင်းကောင်းကြီကျွမ်းကျင်လိမ္မာတဲ့ဆရာကြီးဟာ အဲ့ဒိလို ကလေးတွေရဲ့ ရင်ထဲကိုအကြောက်တရားတွေ
အခြောက်တရားတွေဝင်မသွားအောင်၊မိမိလုပ်ချင်ရာကိုသတ္တိရှိရှိထက်ထက်မြတ်မြတ်လုပ်ရဲကိုင်ရဲအောင်
အားမာန်အပြည့်ထည့်ပေးထားပါတယ်။မျော့နက်ဆိုတာချိုနဲ့ လားကွဲ့ မြွေနဂါးတောင်မကြောက်ဘူးကွယ် ၊
မျော့ဆိုတာမပြောနဲ့ မြွေနဂါးလိုအကောင်ကြီးတွေကိုတောင်မကြောက်ဘူးဆိုပြီးအားမာန်တွေအပြည့်
ထည့်ပေးထားပါတယ်။ဒို့ လည်းကြောက်ပေါင်အတူသွားလို့  အုန်းလက်နွားလေးထားခဲ့မယ်။
နေ့ တိုင်းအုန်းလက်နွားလေးနဲ့ ပဲကစားနေရင်အုန်းလက်နွားလေးအကြောင်းပဲသိမယ်။
တခြားသပြေသီးကောက်တာလိုစွန့် စားရပုံ၊ဒီလိုသပြေသီးမှည့်တွေကိုစားရပုံ စသည့်စွန့် စားမှုရဲ့ရလာဘ်တွေကိုသူတို့သိအောင်ဖြစ်ပါတယ်။အုန်းလက်နွားလေး
အကြောင်းသိရုံနဲ့ ဘဝဟာမပြည့်စုံပါဘူး။ကလေးငယ်တွေရဲ့ ရင်ထဲကိုကြောက်စိတ်ထည့်ပေးခြင်းဟာ အနာ
ဂတ်ကိုမြေမြုပ်သဂြိုဟ်လိုက်ခြင်းပဲလို့ ဆရာမောင်သစ်ဆင်းက ကလေးတို့ ကြောက်စိတ်
ဆိုတဲ့ စာအုပ်မှာဖော်ပြထားပါတယ်။
ယနေ့ မြန်မာနိုင်ငံအတွင်းမှာအကြောက်တရားတွေလွှမ်းမိုးနေတာဟာ ကလေးဘဝအရွယ်မှာအခြောက်တရားတွေအကြောက်တရားတွေရင်ထဲကိုအထည့်ခံခဲ့ကြရလို့ ဖြစ်ပါတယ်။ကလေးငယ်တွေကိုလူမှန်းသိတက်စအရွယ်ကတည်းကစပြီးခြောက်တယ်။လှမ့်တယ်။
သရဲကြီးကိုက်လိမ့်မယ်။ကြောင်ပါးကြီးကိုက်လိမ့်မယ်။ကလေးငိုနေတာနဲ့  ဘုန်းကြီးတပါးရောက်တာနဲ
့ကြုံရင်တိက်တိက်နေဘုန်းကြီးရိုက်လိမ့်မယ်ဆိုတဲ့အခြောက်တရားတွေဟာမကောင်းပါဘူး။
အမတန်နှလုံးသားနုနယ်တဲ့ကလေးငယ်တွေရဲ့ရင်ထဲကိုအကြောက်တရားတွေကိုသွတ်သွင်း
နေခြင်းဖြစ်ပါတယ်။မိဘတွေဟာ သားသမီးတွေကိုဆုံးမတဲ့နေရာမှာလဲနည်းမှန်လမ်းမှန်နဲ့ မဆုံးမဘဲ မိမိဒေါသဖြစ်နေတာနဲ
့ကြုံရင် အပြစ်ကဘာမှမဆိုစလောက်သေးသေးလေးဖြစ်ပေမဲ့ ဒေါသကြီးရင်ကြီးသလောက်အပြစ်ဟာကြီးသွားပါတယ်။
အလွန်အပြစ်ကြီးပေမဲ့မိမိစိတ်ကောင်းနေတဲ့အချိန်ဆိုရင်တော့ဘာမှမဖြစ်တော့ဘူး။အရေးမယူတော့ပါဘူး။
ဒါဟာမိမိရင်သွေးငယ်တွေကိုဖျက်ဆီးနေကြတာဖြစ်ပါတယ်။မိမိရင်သွေးငယ်တွေကိုဆုံးမလို့မရဘူးဟုပြောနေတာဟာ
မိမိကိုယ်ကိုလူညံ့တစ်ယောက်ဖြစ်ကြောင်းဖေါ်ပြနေပြီးသားပြစ်နေပါတယ်။ဒါကိုကောင်းကောင်းကြီး
သဘောပေါက်ဖို့ လိုပါတယ်။
ကလေးငယ်တွေ စာသင်ကျောင်းရောက်ပြန်တော့လည်းဆက်ပြီးအခြောက်တွေအရိုက်တွေခံရပြန်ပါတယ်။
ဆရာကသူ့ အိမ်မှာအဆင်မပြေ ဒေါသဖြင်ခဲ့တဲ့နေ့ ဆိုရင်ကျောင်းသားတွေပိုပြီးအရိုက်ခံရပါတယ်။
ဆရာဒေါသကြီးနေတဲ့အချိန်ဆိုရင်သေးငယ်တဲ့အပြစ်ကကြီးမားပြီးဆရာစိတ်ကောင်းဝင်နေ
တဲ့အချိန်ဆိုရင်တော့အမတန်ကြီးမားတဲ့အပြစ်ကလည်းသေးငယ်သွားတက်တာမို့ ကလေးငယ်ရဲ့ အပြစ်
အကြီးအသေးအလေးအပေါ့ဟာဆရာရဲ့ ဒေါသဖြစ်ချိန်ဟုတ်မဟုတ်ဆိုတာနဲ့တိုင်းတာနေရပါတယ်။ဒါတွေ
ဟာ လုံးဝမကောင်းပါဘူး။တိုင်းပြည်အတွက်သားကောင်းရတနာတွေဖြစ်မဲ့ကျောင်းသားလေးတွေဟာဆရာ
ရဲ့ ကြိမ်လုံးရိုက်ချက်ကိုကြောက်တာနဲ့ ပဲကျောင်းထွက်လိုက်ရတဲ့ ကျောင်းသားတွေလဲမနည်းတော့ပါဘူး။
ကျောင်းသားတစ်ယောက်ရဲ့ တန်ဖိုးဟာဖော်မပြနိုင်လောက်အောင်ကြီးမားပါတယ်။ဗိုလ်ချုပ်အောင်ဆန်းတို့ 
လိုအမျိုးသားရေးခေါင်းဆောင်ကြီးတွေမဖြစ်ဘူးလို့ ဘယ်သူပြောနိုင်မလဲ။ဦးသန့် တို့ လိုကမ္ဘာကုလသမဂ္ဂရုံး
မှာအတွင်းရေးမှူးတာဝန်ထန်းပြီးတော့နိုင်ငံဂုဏ်ကိုမြှင့်တင်နိုင်တဲ့သူတွေမဖြစ်နိုင်ဘူးလို့ ဘယ်သူပြောနိုင်မလဲ။
ဗိုလ်ချုပ်အောင်ဆန်းတို့ ၊ဦးသန့် တို့ ၊မြန်မာစာပေဖခင်ကြီးမင်းသုဝဏ်တို့ ဟာဒီလိုကျောင်းသားလူငယ်
လေးတွေဘဝတွေကနေစခဲ့မွေးမြူခဲ့ကြရတာဖြစ်ပါတယ်။ဒါကိုငါဆီရောက်လာရင် ငါပိုင်တယ်။ငါခိုင်းသလိုလုပ်ရမယ်။
ထားရနေစေရာသွားဖြစ်ရမယ်။မိမိအကြိုက်နဲ့ မကိုက်ရင်ရိုက်ပြစ်ဆိုတာတွေဟာမိမိကိုယ်တိုင်
အာဏာရှင်ကြီးတွေဖြစ်မှန်းမသိ ဖြစ်နေကြပါတယ်။မိမိရင်ထဲမှာရှိနေတဲ့အကျင့်မှိုင်းတွေကိုအရင်ခွါချနိုင်ရပါမယ်။
ကျောင်းသားငယ်တွေရဲ့ ဘဝဟာအမတန်သနားစရာကောင်းလှပါတယ်။စာသင်ကျောင်းကနေ
ဘုန်းကြီးကျောင်းရောက်ပြန်တော့လည်း ထိုနည်း၎င်း ပါပဲ။ကျောင်းထိုင်ဘုန်းကြီးတွေတိုက်အုပ်ဘုန်းကြီး
တွေစာချဘုန်းကြီးတွေရဲ့ လက်စွမ်းပြမှုကိုခံကြရပြန်ပါတယ်။တချို့ ကိုရင်များဆိုရင်သူတို့ ဆီးထားတဲ့ဖိနပ်
တွေနဲ့ ပါးတွေနားတွေအရိုက်ခံရလို့ နားတွေပါပျက်ဆီးသွာရတာမနည်းပါဘူး။ဘာမှအပြစ်မဟုတ်ဘဲသူတို့ 
မကြိုက်လို့ နှင်ထုတ်တာနဲ့ ကျောင်းကထွက်သွားရပြီးပျက်ဆီးသွားရတဲ့ ကိုရင်တွေလည်းမနည်းပါဘူး။
ဒါတွေဟာတကယ်တော့မိမိတို့ ရဲ့ အဆင့်အတန်းနိမ့်ပုံတွေနိုင်ငံတကာစံတွေနဲ့ အညီလေ့လာပြီးအုပ်ချုပ်ရမှာတွေ၊မြတ်စွာဘုရားရှင်ကိုယ်တိုင်ကမေတ္တာတရားနဲ့ လိမ္မာအောင်ဆုံးမပြခဲ့ တာ
အထင်အရှားရှိပါလျှက်မိမိကိုယ်တိုင်အာဏာရှင်ဆန်ပြီးကလေးတွေရဲ့ ရင်ထဲကိုအကြောက်တရားတွေ
ထည့်ပေးနေကြတာဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်ကံကြမ္မာကိုဝိုင်းပြီးဖျက်ဆီးပြစ်ရာရောက်နေပါတယ်။
ဒီအချင်းအရာဆိုးတွေကိုမမြင်လိုမကြားလိုရှောင်ရှားကြစေလိုတဲ့ဆရာကြီးမင်းသုဝဏ်ဟာမြန်
မာနိုင်ငံကြီးပျက်ဆီးနေတဲ့ယိုယွင်းနေတဲ့ဘေးကနေကင်းဝေးနိုင်ကြပါစေ၊မိမိတို့ ရဲ့ အမှားတွေကိုပြင်နိုင်ပြီး
ကလေးငယ်တွေကိုဝိုင်းဝန်းပြုစုနိုင်ကြပါစေ၊အခြောက်တရားအကြောက်တရားတွေဘေးမှကင်းဝေးကြပါစေ
ဆိုပြီးဒီဝါဆိုဝါခေါင်ကဗျာလေးကိုရေးသားသီကုံးဖေါ်ပြခဲ့ခြင်းဖြစ်တာမို့  ဒီကဗျာလေးဟာကျနော့်အတွက်
ထာဝရမမေ့နိုင်တဲ့ကဗျာလေးဖြစ်တာမို့ဒီကဗျာလေးကိုအမြဲတမ်းကလေးတွေကိုသင်ပြရှင်းပြပေးရင်းဆရာ
ကြီးရဲ့ဂုဏ်ကျေးဇူးကိုအမြဲတန်းသတိရမှတ်မိနေပါတယ်။
ဆရာကြီးမင်းသုဝဏ် နှစ်တစ်ရာပြည့်အထိမ်းအမှတ်ကိုပူဇော်သောအားဖြင့်--------
ဆရာကြီးရဲ့ ဂုဏ်ကျေးဇူးကိုအမြဲအမှတ်ရနိုင်ကြပါစေသတည်း။
မင်းသုည ကွမ်းခြံကုန်း
Thursday, September 3, 2009
စဉ်းစားတွေးခေါ်ကြလော့
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment